နတ်ရွာစံထိုင်းဘုရင့်မွေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်မှာ ခြွင်းချက်ကြောင့် ဝင်းနဲ့ဇော် မပါ

Local News

နတ်ရွာစံသွားပြီဖြစ်တဲ့ ထိုင်းဘုရင်ဘူမိဘောရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၅ ရက်နေ့က ထိုင်းနိုင်ငံတွင်း ပြစ်ဒဏ်ကျအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရာမှာ ပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့ ခံစားခွင့်မရဘူးလို့ ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

‘ ‘ ဒီသက်သာခွင့်ပေးရာမှာ ခြွင်းချက်အနေနဲ့ မုဒိမ်းမှု မပါလို့ ပါပါတယ်။ ဒါကြောင့် ဝင်းနဲ့ဇော်ရဲ့ အမှုတွေ ထဲမှာ မုဒိမ်းမှုတစ်မှုပါနေတာကြောင့် သူတို့မရပါဘူး။ ပြီးခဲ့တဲ့ တစ်ကြိမ်က ပေးတဲ့ သက်သာခွင့်မှာတော့ ရခဲ့တဲ့အတွက် သေဒဏ်ကနေ တစ်သက် တစ်ကျွန်းဖြစ်သွားပါပြီ။ ပုံမှန်သံရုံးနဲ့အစီစဉ်နဲ့ ၂လ တစ်ကြိမ်လောက်သွား တွေ့လေ့ ရှိပေမယ့် ကိုဗစ်ဖြစ်တာရယ် ရွေးကောက်ပွဲရှိတာရယ်ကြောင့် မသွားဖြစ်ခဲ့ဘူး။ ဒီရက်ပိုင်းထဲမှာပဲ သူတို့ဆီ သွားတွေ့ဖို့ရှိပါတယ်။ ”လို့ ဦးအောင်မျိုးသန့်က ပြောပြပါ တယ်။

ထိုင်းနိုင်ငံမှာ ဘုရင့်မွေးနေ့အပါအဝင် အထိမ်းအမှတ်နေ့တွေမှာ လွတ်ငြိမ်းချမ်းသာ ခွင့်တွေပေးလေ့ရှိပြီး ပုံမှန်အားဖြင့် သေဒဏ်မှ တစ်သက်တစ်ကျွန်း၊ နှစ် ၅၀ ကနေ ၁၀ နှစ် စသဖြင့် လျှော့ပေးပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

‘ ‘ အခုကတော တစ်သက်တစ်ကျွန်းဆိုတာက ထိုင်းမှာတော့ နှစ် ၅၀ ပါပဲ။ ဒါကြောင့် နောက်တစ်ကြိမ်လျှော့ပေါ့ခွင့်ရရင်တော့ ၁၀ နှစ်ဖြစ်သွားမှာပေါ့လေ။ လွတ်ငြိမ်းခွင့် ပေးတဲ့နေရာမှာ ခြွင်းချက်တွေပါမပါကိုပဲကြည့်ရမှာပါ။”လို့လည်း ဦးအောင်မျိုးသန့် ကပြောပြပါတယ်။

Leave a Reply