ပြည်တန်ဆာတွေအပေါ် ဂုတ်သွေးစုပ် ခေါင်းပုံဖြတ်တဲ့ နယ်ထိန်းခေါင်းဆောင်

Local News

ရန်သူမျိုး ငါးပါးထဲမှာ ဒီလူကြီးပါနေတယ်ရှင်……….မိထီလာမြို့.. ကျမှတို့ ပြည်သာယာ(မြောက်)..ရက်ကွက်မှာ (ပြည့်တန်ဆာ)လုပ်ငန်းလုပ်နေသူ (၅)ဦးခန့်ရှိပါတယ်..ဒီအထဲမှာလုပ်ကိုင်သူမိန်းကလေးဦးရေး (၇၀)ခန့်ရှိပါတယ်

ကျမတို့ရဲ့လုပ်အားခတွေကို ပြည်သာယာ ရပ်အမှတ်(၃)ရဲစန်းမှ…နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်..ဘီလူး (ခေါ်)သိပ္ပံအား (၁၅)ရက် တစ်ပတ်လျှင် ၎င်းအတွက်(၇၀၀၀၀)ကျပ်နှင့် သီးကုန်း freeစားသောက်ဆိုင်တွင် လာရောက်နားခိုသော

လူကြီးများ ဧည့်ခံရန်အတွက်(၁၅)တစ်ပတ်လျှင် ငွေ(၃၀၀၀၀)ကျပ် စုစုပေါင်း တစ်လလျှင် ဒုရဲအုပ်သိပ္ပံအားတစ်ဦးလျှင် (၂၀၀၀၀၀)ကျပ်ပေးဆောင်ရပါသည် လုပ်ကိုင်သူငါးဦးခန့်ရှိပါသည်ငါးဦးဆိုလျှင် ၎င်းအား(၁၀)သိန်းကျပ်ပေးဆောင်ရပါသည်။

ဒါပေမယ့်ရခုရက်အနည်းငယ်ရက်အတွင်းမှာ ကျမတို့တွေပိတ်ထားရပါသည် ထိုးရက်အတွင်းမှာပါပဲ ကျမတို့ကို ဘီလူး(ခေါ်)ဒုရဲအုပ် သိပ္ပံမှ ဝင်ရောက်ဖမ်းဆီးဟန်ဆောင်ခဲ့ပီး (ပြည့်တန်ဆာ)ပုဒ်မနဲ့ အရေးယူခံချင်လား ဒါမှမဟုတ်(၁၈၈)ပုဒ်မနဲ့အရေးယူခံချင်လား (၁၈၈)ပုဒ်မနဲ့ဆိုရင် ဒဏ်ငွေရိုက်ခံရမယ် ထေင်မကျဘူးလို့ပြောပါတယ်။

(၁၈၈)ပုဒ်မနဲ့စွဲမယ်ဆိုရင် သူ့အတွက်ငွေ (၃သိန်းကျပ်)ပေးရပါတယ်ဒါပေမယ့် ကျမတို့ကုန်ကျငွေ (၁၈)သိန်းခန့်ကုန်ကျပါတယ်..ကျမတို့ဆီက လိုင်းကြေးတွေယူပီးစားနေတဲ့ ဘီလူး(ခေါ်)ဒုရဲအုပ် သိပ္ပံအား သက်ဆိုင်ယာလူကြီးမင်းတို့မှ အရေးယူဆောင်ရွက်ပေးစေလို့ပါတယ်ရှင်.

မှတ်ချက်…၎င်းမှ ကျမတို့အားငွေမပေးရကြောင်း ချိန်းချောက်ပီး ပြောဆိုခိုင်းမှာသေခြာပါတယ်……ပြည်သူလူထု အားလုံးကို ချိန်းခြောက်တောင်းစားနေတဲ့ဘီလူး(ခေါ်)ဒုရဲအုပ် သိပ္ပံအား အများသိရှိရန်တင်ပြအပ်ပါသည်…..

ပြည်သာယာမြောက် မဆုခိုင်…များများshareပေးပါရှင့်

Leave a Reply