ဘယ်တော့မှ မချွဲတတ်တဲ့ ကောင်မလေးတွေရဲ့ သူများနဲ့မတူတဲ့ အကျင့်စရိုက်လေးများ

Local News

မိန်းကလေးတိုင်းက ချွဲတတ်နေတာမျိုး မဟုတ်ပါဘူး။ ကောင်လေးတွေ အရည်ပျော်သွားလောက်အောင်ကို ချွဲတတ်ကြတဲ့သူတွေ ရှိပေမယ့် တချို့ကတော့ နည်းနည်းလေးတောင် မချွဲတတ်ကြပါဘူး။ သူတို့လို မချွဲတတ်တဲ့ မိန်းကလေးမှာတော့ သူများထက် အနည်းငယ် ထူးခြားတဲ့ အကျင့်စရိုက်လေးတွေ ရှိနေတတ်ပါတယ်။ မချွဲတတ်တဲ့ ကောင်မလေးတွေမှာ ဒီလိုမျိုးအရာတွေကို တွေ့ရမှာပါ။

လွယ်လွယ် အထင်မကြီးဘူး

သူတို့တွေက လူတစ်ယောက်ကို လွယ်လွယ်နဲ့ အထင်ကြီးတဲ့အကျင့်မျိုး မရှိကြပါဘူး။ လူတစ်ယောက်ကို မြင်ရုံနဲ့ အထင်ကြီးလို့ မရသလို ရင်းနှီးသွားတိုင်းလည်း အထင်ကြီးလို့ မဖြစ်သေးဘူးဆိုတာမျိုးကို သူတို့က ကောင်းကောင်း နားလည်တတ်ကြပါတယ်။ ဒါကြောင့် သူတို့က တခြားတယောက်ကို အထင်ကြီးပြီး ဖားတာမျိုးကိုလည်း မလုပ်တတ်ကြပါဘူး။

အရည်အချင်းကို မြတ်နိုးတယ်

လူတစ်ယောက်မှာ ရှိတဲ့ ငွေတွေ၊ ဂုဏ်တွေထက် အရည်အချင်းကို ပိုပြီး မြတ်နိုးတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ မိန်းကလေးချင်းလည်း အရည်အချင်း ရှိတဲ့သူတွေကို သဘောကျတာနဲ့ လေးစားမှုတွေ ပေးတတ်ကြပါတယ်။ ကိုယ်ရေးကိုယ်တာကို အသုံးချပြီး အောင်မြင်တဲ့သူတွေထက် ကိုယ့်အရည်အချင်းနဲ့ ကြိုးစားတာကို ပိုပြီး တန်ဖိုးထားတတ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

မချွဲချင်ဘူး

မချွဲတတ်တဲ့ ကောင်မလေးတွေက မချွဲတတ်လို့ မချွဲတာမျိုး မဟုတ်ဘဲ သူတို့ကိုယ်တိုင်က ချွဲဖို့ ဆန္ဒ မရှိကြတာမျိုး ဖြစ်ပါတယ်။ လူတစ်ယောက်ကို ချွဲပြီး မျက်နှာချိုလည်း မသွေးတတ်သလို ချွဲပြီး ဆွဲဆောင်တတ်တာမျိုးကိုလည်း နှစ်သက်မှု မရှိတဲ့သူတွေ ဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုကို ဖြေရှင်းရင်တောင် အကျိုးသင့် အကြောင်းသင့်ပဲ ဖြေရှင်းတတ်ပြီး ချွဲပြီး ဖြေရှင်းဖို့ကိုလည်း စဉ်းစားလေ့ မရှိကြသူတွေ ဖြစ်ပါတယ်။

အရှိအတိုင်းပဲ ပြောတယ်

သူတို့က တစ်ခုခုကို ပြောတဲ့အခါမှာ ကြည့်ကောင်းအောင်တော့ ပြောတတ်ပေမယ့်လည်း ချွဲပြီး ပြောတာမျိုးတွေ မလုပ်တတ်ကြပါဘူး။ ဒီအတွက် သူတို့က ကိုယ့်ချစ်သူကောင်လေးကိုတောင် အရှိအတိုင်း တဲ့တိုးပဲ ပြောတတ်ကြပါတယ်။ ကွေ့ဝိုက်ပြီး ပြောဆိုရတာမျိုးကို မနှစ်သက်ကြသူတွေ ဖြစ်ပါတယ်။

သူများကြိုက်အောင် မနေပေးနိုင်ဘူး

သူတို့တွေရဲ့ အထူးခြားဆုံးအချက်က ချစ်တဲ့သူက ချစ်လာမှာပဲလို့ တွေးကြသလို တခြားတစ်ယောက် သဘောကျဖို့ ကိုယ့်ရဲ့ ပုံစံကို ပြောင်းလဲပေးရရင် ဟန်ဆောင်မှုလို့ တွေးထားကြတာ ဖြစ်ပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ ပကတိအတိုင်းကို ချစ်ပေးမယ့်သူတွေကိုသာ လိုချင်ကြပါတယ်။ အများကြိုက်အောင်လို့ သူတို့ရဲ့ ပုံစံကို ပြောင်းလဲဟန်ဆောင်တာမျိုးလည်း မလုပ်တတ်ကြပါဘူး။

Leave a Reply