တစ်ကိုယ်တော်သီချင်းသစ်အတွက် ရိုက်ကူးရေးတွေပြုလုပ်နေတဲ့ Blackpink Jisoo

Celebrity International News

တစ်ကိုယ်တော်သီချင်းသစ်အတွက် ရိုက်ကူးရေးတွေပြုလုပ်နေတဲ့ Blackpink Jisoo

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်ကိုယ်တော်သီချင်းသစ်အတွက် ရိုက်ကူးရေးတွေပြုလုပ်နေတဲ့ Kpop group Blackpink Jisoo ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်ကိုယ်တော်သီချင်းသစ်အတွက် ရိုက်ကူးရေးတွေပြုလုပ်နေတဲ့ Blackpink Jisoo

ဒီနေ့မှာတော့ Jisoo ကိုချစ်တဲ့ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းတစ်ခု ထွက်ရှိလာပါတယ်။ BLACKPINK အဖွဲ့ဝင်(၄)ဦးမှာ Jisoo ကလွဲပြီးကျန်တဲ့အဖွဲ့ဝင်တွေဟာ တစ်ကိုယ်တော်သီချင်းတွေထွက်ရှိထားပြီးဖြစ်တာကြောင့် ပရိသတ်တွေကတော့ Jisoo တစ်ယောက်တစ်ကိုယ်တော်သီချင်းထွက်လာဖို့မျှော်လင့်နေခဲ့ကြတာပါ။

YG Entertainment ကတော့ Jisoo အတွက်တစ်ကိုယ်တော်သီချင်းကို ပြည်ပမှာရိုက်ကူးနေတာဖြစ်ပြီး နေရာကိုတော့လျှို့ဝှက်ထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် BLACKPINK ရဲ့သီချင်းတွေထဲမှာ ကုန်ကျစရိတ်အများဆုံးဖြစ်လာမယ့် သီချင်းဗီဒီယိုလို့သိရပါတယ်။ ဒီလိုသတင်းထွက်ရှိလာပေမဲ့ YG ရဲ့အကသမား ၊ ဝန်ထမ်းတွေနဲ့ BLACKPINK ရဲ့ဒါရိုက်တာတို့ကတော့ အမေရိကန်လော့စ်အိန်ဂျလိစ့်ကိုရောက်ရှိနေကြောင်း မျှဝေခဲ့ကြပါသေးတယ်။

တစ်ကိုယ်တော်သီချင်းကတော့ ဘယ်အချိန်ထွက်ရှိလာမယ်ဆိုတာ အတိအကျမသိရသေးပါဘူး။ လက်ရှိမှာ World Tour လည်းရှိနေတဲ့ Jisoo ကတော့ တစ်ကိုယ်တော်သီချင်းအတွက်လည်း ကြိုးစားနေတာဖြစ်ပါတယ်။ သိပ်မကြာခင်မှာတော့ ပရိသတ်တွေမျှော်လင့်ထားသလိုတစ်ကိုယ်တော်သီချင်းက ထွက်ရှိလာတော့မှာပါ။

ရေးသားသူ – Cele gabar

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။