အသက်ငယ်ငယ်လေးနဲ့ ဓမ္မာစရိယဘွဲ့ရ ဆေးတက္ကသိုလ်ကျောင်းသူ မဝေမွန်ကျော်

Local News

အသက်ငယ်ငယ်လေးနဲ့ ဓမ္မာစရိယဘွဲ့ရခဲ့တဲ့ မဝေမွန်ကျော် အကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။ မဝေမွန်ကျော်သည် လောကုတ္တရာစာပေကို မလေ့လာခင်ကဆေးတက္ကသိုလ်မှာ ကျောင်းတက်နေသည့် ကျောင်းသူလေးဖြစ်သည်။ ထို့နောက် ဆေးတက္ကသိုလ်ကို မတက်တော့ဘဲ လောကုတ္တရာစာမေးပွဲကို ဝင်ရောက် ဖြေဆိုခဲ့ရာ ဓမ္မာစရိယသုံးကျမ်းအောင်မြင်သဖြင့် “ဓမ္မာစရိယ” ဘွဲ့ကို ရရှိသွားပြီ ဖြစ်သည်။အောင်မြင်ခဲ့သော စာမေးပွဲများမှာ

၁။ အဘိဓမ္မာစာမေးပွဲ (မြန်မာတစ်နိူင်ငံလုံး ပထမ)

၂။ အဘိဓမ္မာ(ဂုဏ် ထူး) (မြန်မာတစ်နိူင်ငံလုံး ဒုတိယ)

၃။ဝိသုဒ္ဓိမဂ်စာမေးပွဲ မြန်မာတစ်နိုင်ငံလုံး ပထမ

၄။ ပထမငယ်တန်း ( ရန် ကုန်တိုင်း ပထမ)

၅။ ပထမလတ်တန်း ( မြန်မာတစ်နိုင်ငံလုံး ပထမ)

၆။ ပထမကြီးတန်း၇။ ဓမ္မာစရိယတန်း တို့ ဖြစ်သည်။

သူ့ဘဝ သူ့အ ကြောင်း

မဝေမွန်ကျော်သည် ၁၀-တန်းကို ဒဂုံ အ.ထ.က (၁) မှလေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်၍ဆေးတက္ကသိုလ်ကို တက်ခွင့်ရသူ ဆရာဝန်လောင်းတစ်ယောက်ဖြစ်သည်။ (၂၀၁၉ )ခုနှစ်တွင် ဓမ္မာစရိယစာမေးပွဲကို အောင်မြင်ပြီး“သာသနဓဇဓမ္မာစရိယ”ဘွဲ့ကို ရရှိသွားပြီ ဖြစ်ပါသည်။”ဒါကြောင့် အသက်ငယ်ငယ်လေးနဲ့ သာသနဓဇဓမ္မာစရိယဘွဲ့ကို ရရှိခဲ့တဲ့ မဝေမွန်ကျော်ကို အတုယူအားကျနိုင်ဖို့ ပြန်လည်မျှဝေလိုက်ရပါတယ်

Leave a Reply