တစ်လကျော်သာရှိသေးတဲ့ သူမရဲ့သားဦးလေးကိုကြည့်ပြီး ဖြစ်ပေါ်လာတဲ့ ရင်ထဲကခံစားချက်လေးကို ဝေမျှခဲ့တဲ့ ခေးဆက်သွင်

Celebrity Local News
တစ်လကျော်သာရှိသေးတဲ့ သူမရဲ့သားဦးလေးကိုကြည့်ပြီး ဖြစ်ပေါ်လာတဲ့ ရင်ထဲကခံစားချက်လေးကို ဝေမျှခဲ့တဲ့ ခေးဆက်သွင်

ပရိသတ်ကြီးရေ… ခေးလို့ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီး ချောခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲတွေကနေတဆင့်အောင်မြင်လာ တဲ့ သမီးတစ်လက်ပဲ ဖြစ်ပါတယ်။ခေးဆက်သွင်ဟာ “အရိပ်” ဇာတ်လမ်းတွဲ မှာ အမာညိုဆိုတဲ့ ဇာတ်ရုပ်လေးကနေစလို့ ပရိသတ်အားပေးမှုကိုရရှိခဲ့ကာ “နှင်းဆီ”၊ “တွယ်တာနှောင်ကြိုး” စတဲ့ဇာတ်လမ်းတွဲတွေမှာလည်း အောင် မြင်မှုတစ်ခုကို ရရှိနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ခေးဆက်သွင်ဟာ ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့ကမှ သူမရဲ့ သားဦးလေးကို မွေးဖွားထားတာဖြစ်ပြီး အခုဆိုရင် သားလေးက တစ်လကျော်အရွယ်ပဲရှိ သေးတာမို့ အနုပညာအလုပ်ထက် သားလေးကိုပဲ အချိန်ပေး စောင့်ရှောက် ဖြစ်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခေးဆက်သွင်က သူမရဲ့ သားလေးရဲ့ ချစ်စရာပုံရိပ်လေးကို မျှဝေလာပြီး သူမအနေနဲ့ တစ်နေ့တစ်နေ့ အသည်းယားရင်ခုန်နေရတယ်လို့ ဆိုလာပါတယ်။

ခေးဆက်သွင်ရဲ့သားလေးကတော့ ခေးဆက်သွင်ရဲ့ ခင်ပွန်းသည်နဲ့ တစ်ပုံစံ တည်းတူပြီး ခေးဆက်သွင်လိုပဲ ချစ်စရာကောင်းတာကိုလည်း တွေ့ရပါ တယ်။ ခေးဆက် သွင်တစ်ယောက် အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်ဦးမှာမို့ ပရိသတ်ကြီးကလည်း သူမရဲ့ ဇာတ်ကားသစ်တွေကို စောင့် မျှော်အားပေးပေးကြပါဦးနော်။

ရေးသားသူ -Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။