အီရန်ရေတပ်၏လေ့ကျင့်ခန်းပြုလုပ်စဉ် ရေငုပ်သင်္ဘောတစ်စီးအားထောက်လှမ်းတွေ့ရှိခဲ့ခြင်း

Local News

အီရန်ရေတပ်အနေဖြင့် Eqtedar ဟုအမည်ပေးထားသောရေတပ်စစ်ရေးလေ့ကျင့်ခန်းအတွင်းပြင်ပမှရေငုပ်သင်္ဘောတစ်စီးအားထောက်လှမ်းနိုင်ခဲ့ကြောင်းအီရန်သတင်းဌာနများတွင် ဖော်ပြကြပါသည်။အဆိုပါ Eqtedar naval exercise အားအိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင်အီရန်စစ်ရေယာဉ်များဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

အီရန်သတင်းဌာနTasnim agency ၏အဆိုအရအီရန်ရေတပ်မှစစ်ရေယာဉ်များ၏လေ့ကျင့်ပစ်ခတ်ရေးဇုံ (drill zone)အ တွင်းလေ့ကျင့်မှုပြုလုပ်နေစဉ်ရေငုပ်သင်္ဘောမှထုတ်လွှင့်သည့် ရေဒီယိုလှိုင်းတစ်ခုအားစတင်ခြေရာခံနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ရေတပ်သုံး SH-3 Sea King ရဟတ်ယာဉ်များဖြင့်ပစ်မှတ် အားစတင်ထောက်လှမ်းမိခဲ့ပြီး၊နောက်ယောင်ခံလိုက်နိုင်ခဲ့ကြောင်း၊အဆိုပါရန်သူ့ရေငုပ်သင်္ဘောသည်အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းရှိ war game zone အနီးသို့ချဉ်းကပ်ရန်ရည်ရွယ် ချက်ရှိရှိလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဖြင့်အီရန်ရေတပ်ကသတင်းထုတ်ပြန်ထားပါတယ်။

ထို့နောက်အီရန်ရေတပ်ရဟတ်ယာဉ်မှအဆိုပါအမျိုးအမည်မသိရေငုပ်သင်္ဘောအားလေ့ကျင့်ခန်းပြုလုပ်ရာ drill zone မှခပ်ဝေးဝေးနေရန်သတိပေးမှုများပြုလုပ်ခဲ့ကြောင်းသတင်းမှာဆက်လက်ဖော်ပြထားပါတယ်။

အဆိုပါရေငုပ်သင်္ဘောသည်အမေရိကန်ရေတပ်မှနူကလီးယားစွမ်းအင်သုံးပဲ့ထိန်းဒုံးပျံတင်ရေငုပ်သင်္ဘော Ohio-class အ တန်းအစား USS Georgia (SSGN 729) ဖြစ်နိုင်ကြောင်းအီရန်ဘက်ကပြောဆိုထားပါတယ်။

USS Georgia (SSGN 729) အနေဖြင့်၂၀၂၀ ခုနှစ်၊ဒီဇင်ဘာ လ ၂၁ ရက်နေ့က Guided-missile cruisers USS Port Royal (CG 73)၊USS Philippine Sea (CG 58)တို့နှင့်အတူဟော်မုဇ်ရေလက်ကြားကိုဖြတ်၍ ပါရှန်ပင်လယ်ကွေ့သို့ဝင် ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။

ရေငုပ်သင်္ဘောအနေဖြင့်အီရန်ရေတပ်လေ့ကျင့်ခန်းဧရိယာအနီးသို့စုံစမ်းထောက်လှမ်းရန်ရည်ရွယ်ချက်ဖြင့်လာရောက်ခဲ့ခြင်းဖြစ်နိုင်ပြီး၊ပယ်ရီစကုပ်ရေအနက်ဖြင့်မောင်းနှင်နေစဉ် ထောက်လှမ်းမိခဲ့ခြင်းဖြစ်ပါတယ်။

အမေရိကန်ရေတပ်ဘက်မှအဆိုပါအဖြစ်အပျက်နှင့်ပတ်သက် ၍ယခုအချိန်ထိတစ်စုံတစ်ရာတုန့်ပြန်ပြောဆိုခြင်းမရှိသေးပေ။

Leave a Reply