မုံရွာတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သပိတ် ​ထောင်ချီသောပြည်သူများပါဝင်

Local News

မုံရွာတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သပိတ် ​ထောင်ချီသောပြည်သူများပါဝင်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကနေ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲကို မတ်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီက တိုင်းပြည်အာဏာသိမ်းဖို့ ကြိုးစားနေတာ ရက်ပေါင်း ၅၀ ရှိလာပြီဖြစ်ပြီး တနိုင်ငံလုံး သေဆုံးသူလည်း ၃၀၀ ဝန်းကျင်ရှိလာပြီဖြစ်ကာ ဖမ်းဆီးခံရသူလည်း ၂ ထောင်ကျော်ရှိလာပြီဖြစ်ပါတယ်။ မုံရွာမြို့မှာလည်း မနေ့ကထိ အကြမ်းဖက်လက်နက်ကိုင် စစ်တပ်၊ ရဲတို့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၂ ဦးထိရှိလာပြီဖြစ်ပေမယ့် ကြောက်ရွံ့တုန်လှုပ်မှုမရှိဘဲ ရက်မပျက် ဆက်လက်ချီတက်နေကြတာလည်း ဖြစ်ပါတယ်။
ဒီနေ့မှာလည်း စစ်ကောင်စီရဲ့ အကြမ်းဖက် တပ်တွေက ပိတ်ဆို့တားဆီးတာတွေ ရှိနေပေမယ့် သပိတ်စစ်ကြောင်းကို အထိအခိုက်မရှိ ချီတက် လူစုခွဲနိုင်ခဲ့ပါတယ်။
ဓာတ်ပုံ – မျက်မှောက်ခေတ်

May be an image of 7 people, people sitting, people standing, tree and road

Leave a Reply