တိတ်တခိုး ခရီးတွေထွက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်

Local News

တိတ်တခိုး ခရီးတွေထွက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တိတ်တခိုး ခရီးတွေထွက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် လျှို့ဝှက်ခရီးထွက်ရန်စီစဉ်နေကြောင်း နေ ပြည်တော်စစ်ရုံးသတင်းရင်းမြစ်များထံက သိရပါတယ်။
” ခရီးထွက်ဖို့ရှိတယ်။ ဘယ်ကိုလည်းတော့မသိရဘူး။ ခုနောက်ပိုင်းသူဘယ်သွားမယ်ဆိုတာ ကျနော်တို့သိပ်မသိရဘူး” လို့ နေပြည်တော်စစ်ရုံးသတင်းရင်းမြစ်က ဒီကနေ့မှာ ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။


စစ်ကောင်စီတပ်ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ် (မပခ) နဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) စစ်တိုင်း ၂ တိုင်းကို ကွပ်ကဲနေတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အမှတ် ၁ စစ်ဆင်ရေးအထူးဖွဲ့မှူး(ကစထ- ၁ မှူး) ဒု- ဗိုလ် ချုပ်ကြီး တေဇကျော် ကလည်း မနေ့က အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာ)ကနေတဆင့် ဒီကနေ့မှာ ကချင် ပြည်နယ် မပခ မှာရောက်ရှိနေတယ်လို့တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ခေါင်းဆောင် ခရီးစဉ်တွေမှာ ကစထမှူးတွေကို ကြို တင်စေလွှတ်လေ့ရှိပြီး လက်ရှိမှာတော့ မပခ ရုံးစိုက်တဲ့ မြစ်ကြီးနားမြို့မှာ ထူးခြားမှုသိပ်မရှိဘူးလို့ တပ်တွင်းသ တင်းရင်းမြစ်တဦးကပြောပါတယ်။
” အရင် ဒီကတိုင်းမှူးလုပ်သွားတဲ့ ကစထမှူးရောက်နေတယ်ဆိုတာတော့သိတယ်။ တပ်ချုပ်လာမယ်မလာဘူး ဆိုတာ သိပ်မသိကြဘူး။ ဒီကိုမဝင်တာလည်းဖြစ်နိုင်တယ်”လို့ မြစ်ကြီးနား၊ မပခ နဲ့နီးစပ်တဲ့စစ်ဘက်သတင်းရင်းမြစ်တဦးကပြောပါတယ်။

သွားရောက်မယ့်နေရာအတိအကျမသိရသော်လည်း ကချင်ပြည်နယ်၊ ပူတာအိုဒေသ နှင့် ရခိုင်ပြည်နယ်တို့ကို သွားရောက်မယ်လို့ခန့်မှန်းသိရှိထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ပြီးခဲ့သည့် က ချင်ပြည်နယ်ခရီးစဥ်အတွင်း ပူတာအိုဒေသသို့ သွား ရောက်ရန်စီစဥ်ထားသော်လည်း PUTAPO PDF ကတိုက်ခိုက်မည်ဟုကြေငြာခဲ့သဖြင့် ၂ကြိမ်တိတိ ခရီးစဥ်ပျက် ခဲ့ပြီး ၄င်းအနေဖြင့်အဆိုပါဒေသကို သွားရောက်ရန် ဆန္ဒပြင်းပြနေကြောင်း သိရသည်။


ကချင်ပြည်နယ် ဒေသတွင်းသတင်းများကို ဖော်ပြနေတဲ့ Kachin Waves သတင်းဌာနဖော်ပြချက်အရ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်အနေနဲ့ ပူတာအို၊ ခေါင်လန်ဖူးဒေ သရှိလမ်းဖွင့်ပွဲတက်ရောက်ဖို့နဲ့ ပြည် သူ့စစ်အဖွဲ့တွေနဲ့တွေ့ဆုံဖို့ရှိနေလို့ ပူတာအိုနဲ့ ခေါင်လန်ဖူးတလျှောက်မှာ လုံခြုံရေးတွေတိုးမြှင့်ချထားတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက်တဲ့အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) မှာလည်း ကစထ- ၃၊ ကစထမှူး ဒု-ဗိုလ်ချုပ်ကြီး ဘုန်းမြတ်ရောက်ရှိနေတယ်လို့ သိရပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပေမယ့် သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။


လက်ရှိမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခရီးထွက်နေတယ်လို့သာသိရပြီး ဘယ်နေရာမှာရောက်ရှိနေတယ်ဆိုတာကို စစ်တပ်ပိုင်မီဒီယာတွေမှာဖော်ပြတာမျိုးမရှိသေး ပါဘူး။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။