စစ်ကိုင်းတိုင်း အုန်းတောရွာအနီး ပန်းချီကျေးရွာတွင် PDF စခန်း စီးနင်းခံရပြီး ပြည်သူ့ရဲဘော် ရှစ်ဦး ကျဆုံး

Local News

စစ်ကိုင်းတိုင်း အုန်းတောရွာအနီး ပန်းချီကျေးရွာတွင် PDF စခန်း စီးနင်းခံရပြီး ပြည်သူ့ရဲဘော် ရှစ်ဦး ကျဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကိုင်းတိုင်း အုန်းတောရွာအနီး ပန်းချီကျေးရွာတွင် PDF စခန်း စီးနင်းခံရပြီး ပြည်သူ့ရဲဘော် ရှစ်ဦး ကျဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာအနီး ပန်းချီကျေးရွာ အနောက်ဘက် သရက်ခြံတစ်ခုထဲက ဒေသကာကွယ်ရေး တပ်ဖွဲ့ စခန်းတစ်ခု ဒီကနေ့ နေ့လယ်ပိုင်းမှာ စီးနင်းခံရပြီး ပြည်သူ့ရဲဘော် ရှစ်ဦး ကျဆုံးခဲ့တယ်လို့ MFP ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စခန်း စီးနင်းခံရချိန် ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေဟာ မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တွေ ဖြစ်တယ်လို့ သတင်းကြားပေမယ့် အတိအကျတော့ မသိရသေးဘူးလို့ နီးစပ်ရာ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒီကနေ့ မေ(၁၃)ရက် နေ့လယ်ပိုင်းက စစ်ကိုင်းမြို့နယ် အုန်းတောရွာအနီး၊ ပန်းချီကျေးရွာ အနောက်ဘက်က သရက်ခြံထဲမှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ စခန်းနေရာကို အကြမ်းဖက် စစ်အုပ်စုက လက်နက်အင်အား၊ လူအင်အား အသာစီးနင်းခဲ့ပြီး စခန်းမှာ ရှိနေတဲ့ ပြည်သူရဲ့ဘော် ရှစ်ဦးစလုံးကို ပစ်ခတ် that ဖြတ်သွားတာလို့ ဆိုပါတယ်။

“အုန်းတော လမ်းဆုံ က မအလတွေရဲ့ နယ်မြေလို ဖြစ်နေတာ။ ခွေးတွေ အမြဲရှိတယ်။ ပြီးတော့ မာလဲတောက ပျူခွေးတွေကလည်း တော်တော် သောင်းကျန်းနေတယ်။ အခု စီးနင်းခံရတဲ့ အဖွဲ့က Local မဟုတ်ဘဲ မန္တလေးက UG တွေလို့ ကြားနေတယ်” လို့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ ပန်းချီရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်း စီးနင်းမှုနှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ ဒီကနေ့ နေ့လယ်(၂)နာရီလောက်က စစ်ကိုင်းမြိုနယ်၊ ပန်းချီရွာအနောက်ဘက် သရက်ခြံမှာ PDF တွေ စခန်းချ နေထိုင်တယ်လို့ သတင်းပေးချက်အရ သွားရောက်ရှင်းလင်းရာမှာ ထိတွေ့မှုဖြစ်ပွားပြီး PDFစခန်း တစ်ခုနှင့်အတူ အလောင်း ရှစ်လောင်း၊ (M-16)​ tha နတ်တစ်လက်၊ -လက်လုပ် tha နတ် သုံးလက်၊ ကျည်ဆံ၊ ကျည်အိမ် စတဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ဒေသခံတချို့ကို ပျူတွေအဖြစ် လက်သပ်မွေးထားသလို ခေတ်မီ ထောက်လှမ်းရေး နည်းပညာတွေသုံးကာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ စခန်းနေရာတွေကို စုံစမ်းထောက်လှမ်းပြီး လက်နက်အင်အား၊ လူအင်အား အသားစီးနဲ့ ချေမှုန်းနေပါတယ်။

တချိန်တည်းမှာပဲ အကြမ်းဖက် စစ်အုပ်စုဟာ စစ်ကိုင်းမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ် အများအပြားကို အင်တာနက် ဖြတ်တောက်ပြီး ရွာတွေကို စီးနင်းကာ လူthat၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေလည်း ကျူးလွန်နေပါတယ်။

စစ်ကိုင်းမြို့နယ် အုန်းတောရွာအနီးက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ စခန်းတစ်ခု စီးနင်းခံရပြီး ပြည်သူ့ရဲဘော် ရှစ်ဦး ကျဆုံးခဲ့သည်။

အခုသတင်းကို စိတ်ဓာတ်ကျမနေဘဲ များများလှူကြ click ကြဖို့နဲ့ လုံခြုံရေးသတိရှိကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတ​ယ်။ အရေးတော်ပုံအောင်ရမည်။

ရေးသားသူ – MFP

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။