ဧရာဝတီ မြစ်ဘေး တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ် ရေယာဥ်အုပ်စုက ရမ်းသမ်း ပစ်ခတ်မှု နေအိမ် ၁၀ လုံးပျက်စီးပြီး ကျွဲ၊ နွားများ thay ဆုံး

Local News

ဧရာဝတီ မြစ်ဘေး တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ် ရေယာဥ်အုပ်စုက ရမ်းသမ်း ပစ်ခတ်မှု နေအိမ် ၁၀ လုံးပျက်စီးပြီး ကျွဲ၊ နွားများ thay ဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဧရာဝတီ မြစ်ဘေး တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ် ရေယာဥ်အုပ်စုက ရမ်းသမ်း ပစ်ခတ်မှု နေအိမ် ၁၀ လုံးပျက်စီးပြီး ကျွဲ၊ နွားများ thay ဆုံး
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဧရာဝတီ မြစ်ဘေး တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ် ရေယာဥ်အုပ်စုက ရမ်းသမ်းပစ်ခတ်ခဲ့ရာ နေအိမ် ၁၀ လုံးပျက်စီးပြီး ကျွဲ၊ နွားများthay ဆုံးကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာ ၂၀ ရက်နေ့ နံနက် ၆ နာရီ ဝန်းကျင်တွင် မန္တလေးမှ ထွက်လာသော စစ်တပ် ရေယာဥ် ၇ စီးသည် ထီးချိုင့်မှ ထွက်ခွာလာကြောင်း၊ ကသာမြို့နယ်အတွင်း ရောက်ရှိချိန်တွင် ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများ၊ အခင်းတဲများ၊ သာသနိက အဆောက်အဦးများပါ မကျန် ပစ်ခတ်ခဲ့​ပြီး ညနေ ၃ နာရီခန့်တွင် ကသာမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

“လောလောဆယ်တော့ ပြည်သူတွေက ပုန်းနေကြတော့ ထိခိုက်တာမျိုးမရှိဘူး။ ကျွဲ၊ နွားthayဆုံးတာနဲ့ အိမ်နဲ့ ပြည်သူ့ အိုးအိမ်ပစ္စည်းတွေ ပျက်စီးတာပဲရှိပါတယ်။ ကျနော်တို့လည်း လက်လှမ်းမီသလောက်တော့ ထပ်စုံစမ်းနေပါတယ်” ဟု ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ထိုသို့ အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စု ပစ်ခတ်ခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ပြီး ပြည်သူများ မွေးမြူထားသည့် ကျွဲ၊ နွားများလည်း thayဆုံးမှုများရှိကြောင်း သိရသည်။

ကသာမြို့ အထက်ဘက်ရှိ ကျေးရွာများအနေဖြင့် အသက်အန္တရာယ် မရှိစေရေးနှင့် မွေးမြူးထားသော ကျွဲ၊ နွားများ ဘေးကင်းရေး အတွက် ကြိုတင်ပြင်ဆင်ထားကြရန်၊ အင်တာနက်လိုင်း ဖြတ်ခံထားရသဖြင့်ဘနီးစပ်ရာများကိုလည်း ဖုန်းဖြင့် ဆက်သွယ်ပြောကြားကြရန်၊

နေအိမ်နှင့်အဆောက်အဦး ပျက်စီးသူများ ထိခိုက်ဒဏ်ရာရ thayဆုံးသူများမှလည်း ပျက်စီးဆုံးရှုံးမှု အလိုက် ရပ်ကျေး ပအဖ များမှ တဆင့် အမျိုးသား ညီညွတ်ရေးအစိုးရ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံသို့တင်ပြပြီး သတ်မှတ်ချက်များတိုင်း အကူအညီတောင်းခံနိုင်ပါကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း
မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။