ဖေ့စ်ဘွတ်ကုမ္ပဏီမက်တာက ဝန်ထမ်း တစ်သောင်းကျော်ကို လျှော့ချဖို့ဆုံးဖြတ်

Local News Tech

ဖေ့စ်ဘွတ်ကုမ္ပဏီမက်တာက ဝန်ထမ်း တစ်သောင်းကျော်ကို လျှော့ချဖို့ဆုံးဖြတ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖေ့စ်ဘွတ်ကုမ္ပဏီမက်တာက ဝန်ထမ်း တစ်သောင်းကျော်ကို လျှော့ချဖို့ဆုံးဖြတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းလူသုံးအများဆုံး ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ ဖေ့စ်ဘွတ်၊ အင်စတာဂရမ်၊ Whatsapp တို့ကို ပိုင်ဆိုင်တဲ့ မက်တာကုမ္ပဏီက အလုပ်နေရာ ၁၃ ရာခိုင်နှုန်းကို လျှော့ချမယ်လို့ ကြေညာလာပါတယ်။
ဒါဟာ ဖေ့စ်ဘွတ်လုပ်ငန်းစုရဲ့သမိုင်းမှာ ပထမဆုံး အစုလိုက်အပြုံလိုက် အလုပ်နေရာလျှော့ချမှုဖြစ်လာမှာဖြစ်ပြီး ကမ္ဘာတစ်ဝန်းက ဝန်ထမ်းပေါင်း ၈၇၀၀၀ အနက် ဝန်ထမ်း ၁၁၀၀၀ ဟာ အလုပ်လက်မဲ့ဖြစ်သွားမှာဖြစ်ပါတယ်။


ဖေ့စ်ဘွတ်ကုမ္ပဏီ မက်တာရဲ့ စီအီးအို ဇူကာဘတ်က ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ဒါဟာ မက်တာရဲ့သမိုင်းမှာ သူလုပ်ခဲ့ရတဲ့အခက်အခဲဆုံးအပြောင်းအလဲဖြစ်တယ်၊ ဒါဟာ လူတိုင်းအတွက်ခဲခဲကြောင်းကို သိရှိကြောင်းနဲ့ ဒီဖြစ်စဥ်အတွက် သက်ရောက်မှုရှိသူတွေအတွက် အထူးဝမ်းနည်းကြောင်း ပြောပါတယ်။
ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှု သိသိသာသာတိုးလာစေဖို့အတွက် ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာလို့လည်း သူက ဆိုပါတယ်။
ဇူကာဘတ်ရဲ့ဒီဆုံးဖြတ်ချက်ဟာ တခြားလူမှုကွန်ရက်တစ်ခုဖြစ်တဲ့ တွစ်တာကုမ္ပဏီမှာ ဝန်ထမ်းတစ်ဝက်လျှော့လျလိုက်တဲ့နောက်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။