Zodiac signအလိုက် သစ္စာအရှိဆုံး signများ

Astrology

Zodiac signအလိုက် သစ္စာအရှိဆုံး signများ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Zodiac signအလိုက် သစ္စာအရှိဆုံး signများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အခုဆိုရင်တော့ zodiac sign 12 sign ရှိတဲ့ အထဲက ဘယ်signက သစ္စာအရမ်းရှိပြီး ဘယ်signက သစ္စာနည်းနည်းလေးပဲရှိတယ်ဆိုတာ အောက်မှာ ပြော‌ပြပေးထားပါတယ်

1.Scorpio (October 23 – November 21)
Scorpio တွေက rs တစ်ခုမှာဆို အမြဲတမ်း အကောင်းဆုံးဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး တခါတ‌လေ သူတို့ရဲသ၀န်တိုလွန်းမှုတွေက တကယ်ကိုစိတ်အနှောက်အယှက်ဖြစ်စေတတ်ပါတယ်။ ဒါပေမဲ့ thayတဲ့အထိ ကိုယ့်‌အပေါ်သစ္စာအရှိဆုံး ဖြစ်နိုင်မယ့်သူကိုပြောပါဆိုရင်တော့ Scorpioတွေကို လက်ညိုးထိုးပြရမှာပါပဲ။ scorpioတွေက ကိုယ်ချစ်တဲ့သူကို အမြဲကာကွယ်ပေးပြီး ဘာကိစ္စပဲရှိရှိ ယုံကြည်ရတဲ့သူတွေဖြစ်ပေမဲ့ သူတို့ တန်ဖိုးထားသလို ချစ်ပေးသလိုမျိုး သူတို့အပေါ်ထပ်တူညီတဲ့ရလဒ်ပြန်ပေးတာမျိုးကိုတော့ မျှော်လင့်တတ်ကြပါတယ်။

2.Cancer (June21-July 22)
Cancerတွေကemotional တအားဖြစ်တယ်လို့ပြောကြပေမဲ့ တကယ်က နူးညံ့လွန်းတဲ့နှလုံးသားပိုင်ရှင်လေးတွေမို့ ခံစားလွယ်တတ်ကြတာပါ Cancerတွေက သူတို့ စိတ်ထဲနှလုံးသားထဲက တကယ်ချစ်မိတဲ့သူကို ရှာဖွေတွေ့ရှိသွားတာနဲ့ တသက်လုံး ဒီလူအပေါ်မှာပဲ သစ္စာရှိရှိနဲ့ အတူလက်တွဲသွားချင်ကြသူတွေပါ။ ရန်ဖြစ်ရတာကို မကြိုက်ကြတဲ့သူတွေမို့တော်ရုံတန်ရုံကိစ္စမျိုးဆို စကားတွေများမနေပဲ အမြဲလိုလို သည်းခံပေးလိုက်တတ်ပါတယ်

3.Leo (July 23- August 22)
Leoတွေကတော့ သူတို့ကိုယ်သူတို့ ကာကွယ်သလို ချစ်သူတွေ သူငယ်ချင်းတွေပေါ် အမြဲ ကာကွယ်ပေးတတ်ကြသူတွေပါ။သူတို့ တန်ဖိုးထားရတဲ့သူတွေမှာ ပြသနာရှိတာမျိုးဖြစ်ဖြစ် မကောင်းတာတခုခုဖြစ်နေတာမျိုးဆိုရင် အရမ်းကိုကြိတ်မနိုင်ခဲမရနဲ့ ၀မ်းနည်းတတ်ကြပါတယ်။
Leoတွေက ဘယ်လိုအကြောင်းအရာမျိုးကြောင့်ပဲမဆို ချစ်သူကမှားနေရင်တောင် တလောကလုံးအပြစ်ပြောနေကြရင်တောင် ချစ်ရသူဘေးမှာပဲ ကြံ့ကြံ့ခံရပ်တည်ပေးကြသူတွေပါ

4.Taurus (April 20- May 20)
Taurusတွေက‌တော့ ခေါင်းမာလွန်းတဲ့သူတွေဖြစ်ပြီး ချစ်ရတဲ့သူတွေနဲ့ဆိုပြောရဆိုရခက်ကြလွန်းပါတယ်။ သစ္စာအရှိဆုံး လက်တွဲဖော် signတွေထဲက ရာသီခွင်တစ်ခုဖြစ်ပြီး ဘယ်သူ့ကိုချစ်လဲ ဘယ်သူနဲ့တော့လက်တွဲသွားချင်လဲဆိုတာကို မကြိုက်မိခင် ကတည်းက သေသေချာချာစဉ်းစားတတ်သူတွေပါ။တခါတလေမှာ ကသိကအောက်ဖြစ်စေပြီး အသေးအမွှားလေးလို့ သဘောထားတတ်ကြပေမဲ့ တခါစချစ်ပြီဆိုတာနဲ့ အမြဲတမ်းအံ့ဩစရာကောင်းအောင်ဆက်ချစ်ပေးနိုင်သူတွေပါ

5.Libra (September 23- October 22)
ချစ်ခြင်းတရားနဲ့ မွေးဖွားလာတယ်လို့ ပြောကြတဲ့ Libra တွေကလဲ ချစ်ရတဲ့သူတွေအပေါ်မှာ အမြဲဂစိုက်ပြီးတွယ်တာတတ်သူတွေပါ။ တချို့အခြေအနေတွေမှာ စိတ်ထဲ ဆုံးဖြတ်ချက်မပြတ်သားတာတွေ မာနကြီးတာ‌တွေနဲ့ ရှုပ်ထွေးနေတတ်တာက သူတို့ရဲ့ relationshipကို ထိခိုက်စေနိုင်ပါတယ်။ဒါပေမဲ့ libraတွေက အချစ်နဲ့ သစ္စာရှိမှုကို ညီညီမျှမျှထိန်းထားနိုင်ကြပါတယ်။တကယ့်right personဟုတ်လား မဟုတ်လား‌အပေါ်မူတည်ပြီးတော့ ကွဲပြားမှုတွေလဲရှိတတ်ပါတယ်

6.Gemini(May21-June20)
Geminiတွေက တကယ်ကိုသစ္စာရှိတဲ့ partnerတွေပါ။ Twinsပိုင်စိုးတဲ့ ရာသီခွင်မို့ မျက်နှာနှစ်ဖက်နဲ့သူတွေဆိုပြီး အမြဲအပြောခံနေရတတ်ပေမဲ့ တကယ်ချစ်တဲ့သူတွေနဲ့ဆိုရင်တော့ နားလည်မှုပေးပြီး သစ္စာအရမ်းရှိကြပါတယ်။စိတ်ခံစားချက်တွေကိုတော်ရုံမဖော်ပြတတ်ကြလို့ လူတွေကနားမလည်ကြပေမဲ့ geminiတွေက relationshipမှာ တကယ့်amazing personတွေပါ။သူတို့အားကျလေးစားရတဲ့သူတွေနဲ့ဆို တွယ်ကပ်ပြီး ကလေးလိုမျိုးလုပ်နေကြနေတတ်တဲ့ သူတွေပါ

7.Aries (March 21 – April 19)
သစ္စာရှိတယ်လို့လဲပြောလို့ရသလို သစ္စာမရှိဘူး ကိုယ့်ကိုကိုပဲချစ်တယ်ဆိုပြီး အပြောခံရတဲ့signထဲAriesတွေလဲပါပါတယ်။Ariesတွေက သူတို့ချစ်တဲ့သူတွေအပေါ်တကယ်အလေးထားတတ်သလိုပဲ two-facedနဲ့ အရူးလုပ်ကစားတတ်တာမျိုးလဲ ကျွမ်းကျင်ကြပါတယ်။
ဒါပေမဲ့ သူတို့ကိုဆွဲဆောင်နိုင်တဲ့ တစ်စုံတရာကိုရှာဖွေတွေ့ရှိသွားပြီဆိုတာနဲ့ logic ကျကျပဲ နှလုံးသားရဲ့ အလိုဆန္ဒအနောက်ကို လိုက်လေ့ရှိကြသူတွေပါ

8.Virgo(August 23- September 22)
Virgoတွေက သစ္စာရှိတဲ့သူတွေလို့ ယူဆလို့ရပေမဲ့လဲ တဖက်မှာတော့ မသေချာမရေ‌ရာတဲ့အကြောင်းအရာတွေကြောင့် rs တစ်ခုကို လွယ်လွယ်အဆုံးသတ်တတ်ကြပါတယ်။ချစ်နေတဲ့အချိန်မှာတော့ အရမ်းတွယ်တာတတ်ပေမဲ့ သူတို့ရဲ့စိတ်၀င်စားမှုကုန်သွားပြီဆိုတာနဲ့ rsကို အဆုံးသတ်move onလုပ်လိုက်ဖို့ ၀န်မလေးသူတွေပါ။Virgoတွေက တစ်စုံတယောက်နေရာမှာ လွယ်လွယ်အစားထိုးနိုင်တဲ့သူတွေဆိုတာကတော့ သံသယဖြစ်စရာပါပဲ

9.Capricorn (December 22 – January 19)
Capricornတွေက တခြားsignတွေနဲ့ယှဉ်ရင် less loyalလို့ပြောလို့ရပေမဲ့ လုံး၀ကြီး မယုံကြည်ရတဲ့သူတွေတော့ မဟုတ်ပါဘူး။relationshipတွေမှာ ဦးဆောင်လိုသူတွေ ဖြစ်ပြီး သူတို့ရဲ ခံစားချက်တွေအရေးပေးမှုတွေကို အလေးမထားတဲ့သူကိုမှ တအားငြိတွယ်မိပြီး သည်းမခံနိုင်တဲ့အဆုံးမှာတော့ rsကပြတ်ကြတော့တာပါပဲ။အကယ်၍ သူတို့က ဂရုမစိုက်ရင်တောင်မှ သူတို့ရဲ့အလေးထားမှုနဲ့မထိုက်တန်တဲ့သူတွေကို ဘ၀ထဲက သူ့အလိုလိုထုတ်ပစ်တတ်ကြပါတယ်

10.Pisces ( February 19- March 20)
Piscesတွေက great loverတွေဖြစ်ကြပေမဲ့ တခါတစ်ရံမှာတော့ သူတို့ရဲ့စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ နှစ်မြောနေကြသူတွေပါ ။ ဘယ်လိုစိတ်ကူးတွေကိုအကောင်အထည်ဖော်ရမလဲပဲတွေးနေကြသူတွေလို့တောင် ပြောလို့ရပါတယ်။
Piseces signပိုင်ရှင်တွေကချစ်ရတာကြိုက်ပေမဲ့ စိတ်ရှုပ်ရတာကိုတော့ မကြိုက်ကြပါဘူး သူတို့ရဲ့ ဘ၀ကို စိတ်၀င်စားမှုတွေနဲ့ ထုံမွှမ်းလိုကြသူတွေဖြစ်ပြီး ဒီrelationshipက သူတို့အတွက်အဆင်မပြေလောက်ဘူးလို့ ခံစားမိတာနဲ့ တဖက်လူကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ move on လုပ်မယ့်သူတွေပါ။

11. Aquarius (January 20 – February 18)
Aquariusတွေက အရမ်း ရည်မှန်းချက်ကြီးသူတွေဖြစ်ကြပါတယ်။ realtionship ဆိုတာမျိုးက သူတို့အတွက် ပိုကောင်းတဲ့ အကောင်းတကာ့အကောင်းဆုံးကို ရှာဖွေတဲ့အရာလဲ ဖြစ်နေတတ်ပါတယ်။ချစ်ဖို့ထက် သူတို့ဝါသနာပါရာအလုပ်တွေကိုလုပ်ဖို့ ပိုစိတ်အားထက်သန်ပါတယ်။ချစ်သူနဲ့ အလုပ်ရွေးဆိုအလုပ်ရွေးမယ့်သူတွေပါ တခြားသူအပေါ် သစ္စာမရှိဘူးဆိုတာထက် သူတို့ကိုယ်သူတို့ သစ္စာပိုရှိနေသလိုပါပဲ

12. Sagittarius (November 22 – December 21)
Sagittariusတွေက အံအားသင့်ဖွယ်ကောင်းတဲ့awesome personတွေဖြစ်ကြပေမဲ့ သစ္စာရှိလား ပြောရမယ်ဆိုရင်တော့ စိတ်ကူးယဉ်ဆန် အပြောင်းအလဲ မြန်ပြီး အလေးထားဖို့ထက် လွတ်လွတ်လပ်လပ်ပဲ နေချင်ကြသူတွေပါ။Saggiတွေအကုန်လုံးကcheaterတွေတော့ မဟုတ်ကြပေမဲ့ အတွေ့အကြုံအသစ်တွေ အပေါ် အရမ်း စိတ်အားထက်သန်ပြီး သစ္စာရှိဖို့ကို အရမ်းမတွေးကြပါဘူး
အခု‌အပေါ်မှာပြောပြထားတာတွေက အကုန်လုံး ချုံငုံပြီး ပြောထားတာမို့ ကိုယ့်signနဲ့ ထပ်တူမကျတာမျိုးလဲ ဖြစ်နိုင်ပါတယ်

ရေးသားသူ – Explore planet influences and Zodiac signs -しんわがく

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။