အိမ်နံပါတ် အဟော

Astrology
အိမ်နံပါတ် အဟော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်နံပါတ် အဟောဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်နံပါတ် အဟော

အိမ်နံပါတ် နှင့် ကံကြမ္မာ - Property Knowledge in Myanmar |  iMyanmarHouse.com

မိတ်ဆွေတို့အိမ်ရဲ့နံပါတ်တွေမည်မျှ ဂဏန်းများနေပါစေ ။ ရှိသမျှဂဏန်းအားလုံးပေါင်းလိုက်ပါ ။ တစ်လုံးဂဏန်းဖြစ်အောင်ထိ ကိန်းကိုချုံ့ပါ ။

၁ ဂဏန်း ရသောအိမ်

၁ ဂဏန်းရတဲ့အိမ်ဟာ သူတစ်လူငါတစ်မင်းဖြစ်ပြီးဗိုလ်ချင်သူများတတ်၏ ။ ညီကို မောင်နှမ ဆွေမျိုး သွေးသားတော်စပ်သူတို့မကြာခဏ စကားများရအငြင်းပွားရတတ်၏ ။ အကယ်၍ ပြေလည်အောင်ညှိနှိုင်းတိုင်ပင်ပြီးတည့်အောင်နေထိုင်ပါက စီးပွားဖြစ်မည် ။ အိမ်ရဲ့ ခြံတခါး သို့မဟုတ် အိမ်တခါးမှာ “ဥုမ်” ထုံးဖြင့်ရေးထားလိုက်ပါ ။ အိမ်အပြင်မှာ ရွှေရောင် ၊ ကြေးဝါရောင်ကျားရုပ်တစ်ခုထားပါ ။ ဒါဆိုရင် အဆင်ပြေဖို့ လမ်းစပေါ်လာပါလိမ့်မည် ။

၂ ဂဏန်းရသောအိမ်

၂ဂဏန်းရသောအိမ်ဟာ အိမ်တွင်လူမမြဲခြင်း နေထိုင်သူသည် အပြင်မှာအချိန်ကုန်ပြီး ညမှပြန်၍ စုံကြခြင်းမျိုးရှိ၏ ။ အကယ်၍ လူများစုနေပြီးငှားနေပြီးစီးပွားရှာပါကအောင်မြင်မည် ။ ဧည့်ခန်းမှာ မယ်တော်တစ်ပါးရဲ့ပုံချိတ်ဆွဲပါ ။ ရေတံခွန်ပုံ တောင်တန်းပါသောပုံများချိတ်ဆွဲထားပါ ။ ဒါဆို သူအလိုအဆင်ပြေနေပါလိမ့်မည် ။

၃ဂဏန်းရသောအိမ်

၃ဂဏန်းရသောအိမ်ဟာ အများစု ကျန်းမာရေးကြောင့် အိပ်ယာထဲလဲနေသူ ထိုင်နေရသူရှိတတ်၏ ။ ဒါမျိုးရှိနေရင် စီးပွားရေးမတိုးတက် ၊ လုပ်သမျှ ဆုဆောင်းမိသမျှကုန်မည် ။ တနည်းအားဖြင့်မကြာခဏ ကျန်းမာရေးညံ့တတ်၏ ။ ဒါမျိုးကြုံနေရရင်တော့ ဧည့်ခန်းမှာ လိပ်ပုံချိတ်ဆွဲထားပါ ။ အဆင်ပြေလာပါလိမ့်မည်။

၄ဂဏန်းရသောအိမ်

၄ဂဏန်းရတဲ့အိမ်ဟာ အပြီးသတ်ပြည့်စုံနေချင်းမရှိတဲ့အိမ်ဟုဆိုရမည် ။ တစ်နေရာမဟုတ်တစ်ရာမှာ တစ်ခုခု လိုအပ်နေပါလိမ့်မည် ။ ဟိုနေရာပျက် ဒီနေရာကျိုး ဖြစ်ကာ နေသူမိသားစုညှိနှိုင်တိုင်ပင်ရခက်နေတတ်၏ ။ အဆင်ပြေပြန်ရင်လဲ စိတ်ညစ်စရာအရင်ဆုံးကြုံပြီးမှ အောင်မြင်မှုကိုရတတ်၏။ ဒီအိမ်မျိူးကတော့ အိမ်ရှေ့မှာ မှန်အဝိုင်းတစ်ချပ်ချိတ်ထားရုံနဲ့ အဆင်ပြေနိုင်ပါတယ်ဗျ ။

၅ဂဏန်းရသောအိမ်

၅ဂဏန်းရတဲ့အိမ်ဟာ လူဝင်လူထွက်များသောအိမ်ဖြစ်တတ်၏ ။ အများအတွက်ဦးစားပေးသောအလုပ်မျိုးလုပ်ရင်အထူးအဆင်ပြေမည် ။မိမိအကျိုးတစ်ခုထဲသာ ကြည့်ပါက မွဲပြာကျတတ်၏ ။ အကယ်၍ ၅နှစ်ထပ်ရှိတဲ့အိမ်မျိုးဆိုရင် မူယစ်ဆေးသုံးသောလူငယ်များရှိတတ်၏ ။ ဒီအိမ်မျိုးကတော့ ဆန်အိုး သို့မဟုတ်ဆန်အိမ်ထဲ၌ တရုတ်လူမျိုးများဘောနတ်ပေးသော စာအိတ်တွင် ပိုက်ဆံအနည်းငယ်ထည့်ပြီး ဆန်အိတ်ထဲသို့ထည့်ထားလိုက်ပါ ။ အဆိုးများပြေ ကောင်းကျိုးဝေစေပါလိမ့်မည်။

၆ဂဏန်းရသောအိမ်

၆ဂဏန်းရသောအိမ်ဟာ ပတ်ဝန်းကျင်နှင်သဟဇတမျှပြီး အဆင်ပြေသောအိမ်ဖြစ်၏ ။ အများစုကအကူညီလာတောင်းရင်ပေးသောအိမ်ဖြစ်သလို လူအများကလည်း ထိုအိမ်မျိုးကိုယုံကြည်အားကိုတတ်ကြ၏ ။ ထိုအိမ်မျိုးသည် အပေါင်ခံခြင်း လူသုံးကုန်ပစ္စည်းများရောင်းခြင်းက ပို၍အောင်မြင်မည် ။ အကောင်းပေါ် အကောင်းဆင့်နေစေရန် ရှေ့ဟောင်းပန်းချီကားတစ်ချပ်ကို ဧည့်ခန်းတွင် ချိတ်ဆွဲထားလိုက်ပါ ။

၇ဂဏန်းကျသောအိမ်

၇ဂဏန်းကျသောအိမ်ဟာ လူမမြဲ မကြာခဏ လူပြောင်းနေတတ်၏။ အစပိုင်းနေသူများ ဒုက္ခမျိုးစုံကြုံတတ်သောကြောင့် သာမန်လူများမမြဲတတ်ပါ ။ ထိုအိမ်မျိုးသည် စာပေ ၊ ဂီတ ၊ ပညာရပ်နှင့်ပတ်သက်လုပ်ကိုင်ရသောသူများ နေထိုင်ရင် အစပိုင်းခက်ခဲပြီး နောက်ပိုင်းအောင်မြင်တတ်၏ ။ မထင်မှတ်ထားလောက်အောင်အဆင်ပြေတတ်၏။ ထိုအိမ်မျိုးကိုတော့ အိမ်တခါးတွင် ဆည်းလည်း သို့မဟုတ် ခေါင်းလောင်းချိတ်ထားပါ ။ အဆင်ပြေလာပါလိမ့်မည် ။

၈ဂဏန်းရသောအိမ်

၈ဂဏန်းရသောအိမ်ဟာ ဘေးပတ်ဝန်းကျင်ရဲ့ အပြစ်ပြောတာမကြာခဏခံရတတ်၏ ။ ကောင်းတာလုပ်သည်ဖြစ်စေ ၊ မကောင်းတာလုပ်သည်ဖြစ်စေ အကောင်းအပြောမခံရ အမြဲအပြစ်ပြောခံရတတ်၏ ။ ပတ်ဝန်ကျင်နဲ့မရောပဲ သီးသန့်နေပါက ကောင်း၏ ။ မသက်သာလို့ ၈ဂဏန်းကျသောအိမ်နေရပါမူ ဧည့်ခန်း၌ ကြီးမားသောမှန်တစ်ချပ်ချိတ်ပါ ။ အလှပြင်ဆိုင်က မှန်မျိုးဆို ပို၍ကောင်း၏ ။ အိမ်မျက်နှာစာမှာ အလွန်အလင်းအားကောင်းမီးသီးတပ်ဆင်ပါ ။ ဒါဆို ကောင်းကျိုးတွေ ဆင့်လာပါမည် ။

၉ဂဏန်းရသောအိမ်

၉ဂဏန်းရတဲ့အိမ်ဟာ ဘာသာရေးသမားနေထိုင်တတ်၏ ။ အလှူတန်းလုပ်လေအဆင်ပြေလေဆိုသောအိမ်ဖြစ်၏ ။ အကုသိုလ်အလုပ် အကျိုးမပေး တရားဓမ္မကျကျ စီးပွားရှာလျှင်ခဏနဲ့အောင်မြင်မည် ။ ထိုအိမ်မျိုးသည် ကြေးစည်တီးပေးရ၏ ။ အမျှအတမ်းပေးဝေမှုကို အသံအားကောင်းကောင်းဖြင့် အမျှပေးဝေးပါက အလွန်လာဘ်ပွင့်တတ်၏ ။ နှုတ်ကြမ်း အာကြမ်း ဆဲဆိုမှု ရှောင်ပါလေ ။ ထိုအိမ်မျိုးသည် ဘုရားခန်းအမြဲသန့်ရှင်းနေပါက အလိုလိုစီးပွားဖြစ်မည် ။

ချစ်မိတ်ဆွေများ မိမိတို့နေအိမ်နံပါတ်ကိုတွက်ချက်ပြီး ပြင်ဆင်ကြရင် အဆင်ပြေမှုကိုရရှိပါလိမ့်မည် ။ ချစ်မိတ်ဆွေများကျန်းမာချမ်းသာ သုခအဖြာဖြာ ပြည့်စုံကြပါစေ ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။