ထိုင်း ဟာသ သရုပ်ဆောင်တစ်ဦး “ကောင်းဟွေ့ရိုင်”

Celebrity

ထိုင်း ဟာသ သရုပ်ဆောင်တစ်ဦး “ကောင်းဟွေ့ရိုင်”
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထိုင်း ဟာသ သရုပ်ဆောင်တစ်ဦး “ကောင်းဟွေ့ရိုင်”ရဲ့အကြောင်းလေးပဲ ဖြစ်ပါတယ်။

“ကောင်းဟွေ့ရိုင်” ဟာ ကျေးလက်သီချင်းတွေသီဆိုတဲ့ ထိုင်း ဟာသ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။
ထိုင်းနိုင်ငံ စတိတ်ရှိုးပွဲတွေမှာ အဆိုတော်တွေကို ပိုက်ဆံတွေဆုချတာ၊ ဘားတွေမှာဆိုရင် ပိုက်ဆံဆုချပြီး အရက်တွေအတင်းတိုက်တာမျိုးတွေရှိပါတယ်။ အဆိုတော်တွေကလည်း ပိုက်ဆံဘယ်လောက်ပဲပေးပေး၊ ဘာအရက်တွေလာတိုက်တိုက် စိတ်မဆိုးပဲ သောက်ရတာပါပဲ။ ဒါက သူတို့ရဲ့ ဓလေ့လိုမျိုးဖြစ်နေပါပြီ


“ကောင်းဟွေ့ရိုင်”ကတော့ ထိုင်းကျေးလက်သီချင်းတွေဆိုတာဖြစ်တဲ့အတွက် တောရွာတွေမှာသီချင်းသွားဆိုရပါတယ်။ ရွာတွေက သူ့ပရိသတ်တွေက ပိုက်ဆံဆုမချနိုင်တော့ အိမ်မှာရှိတာတွေကို ပန်းကုန်းပုံစံကြိုးနဲ့သီပြီး ဆုတွေချကြပါတယ်။ အသီးနှံတွေကစပြီး ငါးတွေ ငပိတွေအထိပါပဲ….

ဒါကိုသူရဲ့ ဆိုရှယ်မီယာပေါ်မှာတင်ပြီးပြတဲ့အခါမှာ ဒီလိုဆုချတာတွေက နာမည်ကြီးလာခဲပြီး သူ့ရဲ့စတိတ်ရှိုးတွေမှာဆိုရင် ပရိတ်သတ်တွေက ပစ္စည်းတွေကိုအမျိုးမျိုးလုပ်ပြီးဆုချရတာက ပျော်စရာတစ်ခုလိုဖြစ်လာခဲ့ပါတယ်…


အခုဆိုရင် သူက စတိတ်ရှိုးတစ်ခုကပြန်ရင် လက်ဆောင်ပစ္စည်းတွေကို ကုန်ကားနဲ့ပါ တိုက်ယူရတဲ့အခြေအနေဖြစ်နေပါပြီ.

ရေးသားသူ – Idea in Bangkok

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။