ဂျာမနီ ၁ – ၂ ဂျပန်

Sports

ဂျာမနီ ၁ – ၂ ဂျပန်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂျာမနီ ၁ – ၂ ဂျပန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂျာမနီ ၁ – ၂ ဂျပန်

ဒုတိယပိုင်း ၈၃ မိနစ်မှာ တာကုမား အာဆာနို သွင်းယူတဲ့ အနိုင်ဂိုးနဲ့ ဂျပန်က ဂျာမနီကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားပါတယ်။
ဆော်ဒီအာရေဗျကို အာဂျင်တီးနား ရှုံးခဲ့အပြီး နောက်တစ်ရက်မှာပဲ၊ ကမ္ဘာ့ဖလား အစဥ်အလာကြီးမားခဲ့တဲ့ နောက်ထိပ်တန်း အသင်းကို အာရှ နောက်တစ်သင်းက အနိုင်ယူပြန်တာ ဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီယံ ၄ ကြိမ် ဂျာမနီ အသင်း မင်သက်မိသွားစေတဲ့ အပြောင်းအလဲမျိုးတွေကို ဒုတိယပိုင်း ၇၅ မိနစ်ကနေ ၈၃ မိနစ် ဆိုတဲ့ ၈ မိနစ် အတွင်းမှာ နောက်ကျဂိုးတွေနဲ့ ဂျပန် ဖန်တီးခဲ့ပါတယ်။
ဂျာမနီဟာ ပွဲကစားချိန် အများစုကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့်၊ ပွဲရလဒ် အဖြေကို ပြောင်းစေတဲ့ အထိ မဖန်တီးနိုင်ခဲ့လို့ ဒီနှစ်ကမ္ဘာ့ဖလားမှာ သူတို့ရဲ့ အုပ်စုပွဲဦးထွက် အခုလို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

ဂျပန် အတွက် ၂ ဂိုး သွင်းယူသွားကြတဲ့ လူငယ် ကစားသမား နှစ်ယောက် စလုံးဟာ ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ်အသင်းတွေမှာ ကစား နေကြသူတွေ ဖြစ်ပါတယ်။
ချေပဂိုး သွင်းခဲ့တဲ့ လူစားထိုး ဝင်ရောက်သူ Ritsu Dōan ဆိုရင် SC Freiburg အသင်းက တောင်ပံ ကစားသမား ဖြစ်ပြီး၊ အနိုင်ဂိုး သွင်းခဲ့တဲ့ Takuma Asano ဆိုရင်လည်း VfL Bochum မှာ ကစားနေသူ ဖြစ်ပါတယ်။


မန်စီးတီး အလယ်တန်းလူ Ilkay Gundogan က ပထမပိုင်း ၃၃ မိနစ် မှာ ကတည်းက ဂျာမနီ အတွက် ပင်နယ်တီက တဆင့် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့်၊ နောက်ထပ် ဂိုးရဖို့ အခွင့်အရေးတွေကို ဂျာမနီ အသင်း အသုံးမချ နိုင်ခဲ့ပါဘူး။ ဂျာမနီဟာ ၂၀၁၈ ရုရှားမှာ တုန်းကလည်း အုပ်စု နောက်ဆုံးနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ လာမယ့် တနင်္ဂနွေမှာတော့ စပိန်နဲ့ ကန်ရမှာ ဖြစ်လို့ ပွဲကောင်းဖြစ်နိုင်တယ် ဆိုပြီး ဘောလုံး ဝါသနာအိုးတွေ၊ သုံးသပ်သူတွေက မျှော်လင့်ထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။