တရုပ်စကားပွင့်အစွမ်း အံ့မခန်း

Health Knowledge
တရုပ်စကားပွင့်အစွမ်း အံ့မခန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တရုပ်စကားပွင့်အစွမ်း အံ့မခန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တရုပ်စကားပွင့်အစွမ်း အံ့မခန်း

တရုတ် စံကား သည် စပ် ခါး ဖန်သော အရသာ ရှိ၍ ပူသော သတ္တိ ရှိ၏။

ဆီး ၀မွး ကို ရွှင် စေသည် ။သလိပ် လေကို ကြေစေသည်။

ကုထ္ထ နူနာ အနာပေါက် ၀မွးဗိုကွ နှင့်ပတ်သကိသော ရောဂါ တို့ကိုပျောက်ကင်း စေနိုင်ပါသည်။

ပန်းခြောက်ကို ရေနွေးကြမ်းလုပ်သောက်ပါက အဆီကျစေပါတယ်။ လေးဘက်နာ အတွက်လည်း ကောင်းပါတယ်။

နားအူတာနားလေးတာတွေလညါးပျောက်လို့ဆေးဖက်လည်းဝင်ပါ တယ်။

တရုပ်စကားပန်း အနီပွင့် ကို သုပ်စားရင် နှလုံးသွေးကျောကျဉ်းသမား တွေ အတွက်ကောင်းပါတယ်။

အသည်းအဆီဖုံးခြင်းကိုသက်သာစေ ပါတယ်။

ဝမ်းမှန် လေမှန် စေပါတယ်။ ဟူ၍ မြန်မာ ဆေးကျမ်း များ တွင် တရုပ်စကားပွင့် ၏ဆေးဖက်ဝင်ပုံ အသုံးပြုပုံ တို့အား ညွှန်းဆိုထားကြပါတယ်။

တရုတ်စကားပန်း နဲ့ ကျန်းမာရေး
ဆီးချို သက်သာစေတယ်

ဆီးချိုကြောင့် အနာမကျက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သန့်စင်တဲ့ တရုတ်စကားပန်း အပွင့် အခေါက်တို့ကို ပြုတ်လို့ ရလာတဲ့ အရည်ကို ဂွမ်းစနဲ့ယူပြီး အနာကို ဆေးကြောပါ။

ရောင်ရမ်းမှုကို သက်သာစေတယ်

အင်းဆက်ကိုက်တာ၊ ထိခိုက်မိတာကြောင့် အရေပြားမှာ နာကျင်ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါမှာလည်း တရုတ်စကားပန်းကို အသုံးပြုလို့ရပါတယ်။ တရုတ်စကားပန်းကို ရေစင်အောင်ဆေးလို့ ပြုတ်ပါ။ ရလာတဲ့အရည်ကို ရောင်ရမ်းနေတဲ့ နေရာမှာ ဂွမ်းစသန့်သန့်လေးနဲ့ ဆွတ်ပေးရုံပါ။

အနာကို သက်သာစေနိုင်တယ်

ထိခိုက်တာကြောင့် အနာတွေဖြစ်တဲ့အခါ တရုတ်စကားပင် ရဲ့ အရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ရေစင်အောင်ဆေးထားတဲ့ တရုတ်စကားပင် အရွက်ကို လက်သည်းလေးနဲ့ဆိတ်လို့ အုန်းဆီလေးလူးလိုက်ပါ။ ပြီးရင် အနာပေါ်ကို ကပ်ထားပေးရုံပါ။ ပုံမှန်လေး လုပ်ပေးရင် အနာသက်သာမှာပါ။

အစာကြေစေနိုင်တယ်

အစာမကြေတာနဲ့ လေပွတာမျိုး အစာခြေစနစ် ပြဿနာရှိသူတွေအနေနဲ့ တရုတ်စကားပန်း ကို အသုံးပြုပေးလို့ ရပါတယ်။ရေစင်အောင်ဆေးထားတဲ့ တရုတ်စကားပန်းကို ရေနွေးဆူဆူထဲထည့်ပြုတ်ပြီး သောက်ပေးတာက အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

တရုတ်စကားပန်းမှာ alkaloids၊ tannins၊ flavonoids နဲ့ triterpenoids တို့ပါဝင်တာကြောင့် ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း အတိုင်းအချင့်နဲ့ သုံးဖို့တော့ လိုပါမယ်။

ကြွက်နို့ သက်သာစေနိုင်တယ်

ခန္ဓာကိုယ်မှာ ရှိနေတဲ့ ကြွက်နို့တွေသက်သာစေဖို့အတွက်ဆိုရင် တရုတ်စကားရွက်ကို အသုံးပြုပေးလို့ရပါတယ်။ အရွက်ကို ချိုးလိုက်ရင် ထွက်လာတဲ့ အစေးကို ယူပြီး ကြွက်နို့ပေါ်မှာ လိမ်းလိုက်ရုံပါ။ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေကို အစေး မထိမိစေဖို့တော့ သတိထားရပါမယ်။

သွားကိုက်သွားနာ သက်သာစေတယ်

သွားမှာ အပေါက်တွေဖြစ်ပြီး အစာဝင်တိုင်းနာနေမယ်ဆိုရင်တော့ တရုတ်စကားပင် အရွက်ကနေထွက်တဲ့ အစေးကို ဂွမ်းစသန့်သန့်လေးနဲ့ ယူပြီး သွားအပေါက်ရှိတဲ့နေရာမှာ ကပ်ထားပေးလိုက်ရုံပါ။

အရေပြားပြဿနာ ကင်းစေတယ်

အရေပြား ပြဿနာ အမျိုးမျိုးအတွက် တရုတ်စကားပန်းအရွက်၊ အခေါက်ပြုတ်ရည်တို့နဲ့ ရေချိုးပေးရုံပါ။

ခြေဖနောင့်ကွဲတာကို သက်သာစေတယ်

ခြေဖနောင့်ကွဲတာကို သက်သာစေဖို့ဆိုရင် ဖနောင့်ကွဲတဲ့နေရာတွေကို တရုတ်စကားအရွက်ပြုတ်ရည်နဲ့ သန့်စင်ဆေးကြောပေးလို့ရပါတယ်။

တရုပ်စကားပွင့် နှင့် အကြော်ပွင့် သည် ဆင်တူပါသည် ။ တရုပ်စကားပွင့် ထက် အကြော်ပွင့်က အရွယ်အစား ပိုမို ကြီးပြီး အကြော်ပွင့် သည် အဖြူရောင် သက်သက် သာ ပွင့်ပါသည် ။

တရုတ်စကားမှန်သမျှ အနီအဝါအဖြူအကုန်စာလို့ရပါတယ် ။ အပွင့်လိုက် မုန့်နှစ်နဲ့ကြော်စားလည်း ကောင်းပါတယ်။အခြောက်ထား စားချင်မှ ပြုတ်သုပ်စားလည်းရပါတယ်။

တရုပ်စကားပွင့်သုပ်

တရုပ်စကားအဖူး အပွင့် လေးများအား အညှာလေး များအား ချိုးဖဲ့ဖယ်ရှား ပစ်ပါနွမ်းနွမ်းလေးဖြစ်အောင် ရေနွေးမှာပွက်ပွက်ဆူတွင် ၁၀မိနစ်ခန့် ပြုတ် ၍ ပြန်ဆယ် ထားပါ ။

ရေများညှစ်ထုပ်ပစ်ပါ။ပါးပါးလှီး ပြီးနယ်မည့် ပုဂံတွင်ထည့်၍ အပေါ်မှာ ဆား အရသာမှုန့် ကြက်သွန်ဖြူဆီချက် မြေပဲထောင်း ပုဇွန်ခြောက် မှုန့် ပဲမှုန့် တို့ထည့်နယ် သံပုရာသီး အစပ်ကြိုက်ပါက ငရုတ်သီး ထည့်ပေးပြီး အပေါ်မှ အကြော်ဆံ လေးများအုပ် ပြီး တည်ခင်းစားသောက်နိုင်ပါတယ် ။

အသုပ်သည် အနံ့လည်မမွှေး ခါးလည်းမခါးဘဲ အရသာရှိ ပြီးစားလို့သိပ်ကောင်းပါတယ် ။ ကြွေကျတဲ့အပွင့်လေးများအား စုထားပြီးသုပ်စားကြပါသည်။

ပန်းပွင့် အခြောက်ကလည်း တန်ဖိုးရှိသော ဆေးဖက်ဝင် နိုင်ငံခြားရောင်းကုန်တခုဖြစ်ပါတယ် ။အပွင့် အခြောက် များ ကို export ပြုလုပ်ရောင်းချကြ ပါသည်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။