နေပြည်တော်မှာ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးအတွက် မင်းအောင် လှိုင် ဗိုလ်ရှုခံဖို့ ပြင်ဆင်နေ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ မင်းအောင်လှိုင် ပွဲတွေပဲ အဓိက တက်မယ်

Local News

နေပြည်တော်မှာ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးအတွက် မင်းအောင် လှိုင် ဗိုလ်ရှုခံဖို့ ပြင်ဆင်နေ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ မင်းအောင်လှိုင် ပွဲတွေပဲ အဓိက တက်မယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့နေပြည်တော်မှာ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးအတွက် မင်းအောင် လှိုင် ဗိုလ်ရှုခံဖို့ ပြင်ဆင်နေ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ မင်းအောင်လှိုင် ပွဲတွေပဲ အဓိက တက်မယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၅

မင်းအောင်လှိုင်က နေပြည်တော်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့ ကျင်းပမယ့် ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အတွက် မင်းအောင် လှိုင် ဗိုလ်ရှုခံဖို့အတွက် အလှပြင်ယာဉ်တွေ၊ လုံခြုံရေးကားတွေ ပြင်ဆင်သယ်ဆောင်တာတွေ လုပ်ဆောင်နေပါတယ်။
နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန် နေပြည်တော် ကျောက် မျက်ဝင်း ကားပါကင်ကို SHN-9B/6277 ၊ KYN-6B/3468 နံပါတ် တွဲကား ၂ စီးနဲ့ Police စာတန်းဖိုး အဖြူရောင် သံချပ်ကား ၄ စီးကို သယ်ဆောင် လာတဲ့ အပြင် အလှပြကားတွေကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ဘုရားဝင်းထဲ မှာ တည်ဆောက်နေပါတယ်။
Police စာတန်းထိုး အဖြူရောင် သံချပ်ကာကားတွေက တရုတ်နိုင်ငံဘက်မှ သယ် ဆောင်လာတာဖြစ်ပြီး နေပြည်တော်လုံခြုံရေးအတွက် အသုံးပြု မှာဖြစ် တယ်လို့ သိရပါတယ်။
အလှပြကားတွေကို စတီးဖရိန်တွေနဲ့ အခိုင်အခန့် တည်ဆောက်မှုတွေ ဆောက် လုပ် ရေးဝန်ကြီးဌာနက ဦးဆောင်လုပ်ဆောင်နေပါတယ်။


“အခု မင်းအောင်လှိုင်က ဒီလထဲမှာ ပွဲတွေချည်းပဲ ။ ဒီဇင်ဘာလထဲမှာ ပြင်ဦး လွင် DSA ၊ DSTA ကျောင်းဆင်းပွဲ တက်မယ်။ နောက်ပြီးရင် ဒီဇင်ဘာ ၁၅ ရက် နေ့မှာ မိတ္တီလာ လေတပ် နှစ်ပတ်လည် ပွဲတက်မယ်။ အဲဒီမှာ ရုရှားတိုက် လေ ယာဉ် သစ်တွေနဲ့ တရုတ်တိုက်လေယာဉ်သစ်တွေ တပ်တော်ဝင်မယ်။ ပြီး ရင် ဇန်နဝါရီလ ၄ ရက်နေ့မှာ စိန်ရတု လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံမယ်။ ညစာ စားပွဲ တွေလုပ်မယ်။ သူက ဒါတွေပဲလုပ်နေတယ်။ ပွဲတွေချည်းပဲ လုပ်နေတယ်” ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။