Rolls-Royce ရတော့မယ့် ဆော်ဒီအသင်း

Sports

Rolls-Royce ရတော့မယ့် ဆော်ဒီအသင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့Rolls-Royce ရတော့မယ့် ဆော်ဒီအသင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Amazing News!!!
ဆော်ဒီအာရေဗျနိုင်ငံရဲ့ ဘုရင်ကြီး ဆယ်လ်မန် ဘင်အဗ္ဗဒူအဇစ် အယ်လ်ဆောဒ်က ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲမှာ အင်အားကြီး အာဂျင်တီးနားကို အနောက်ကနေ လိုက်ကစားပြီး ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ဆော်ဒီအသင်းသားတွေကို Rolls-Royce ကားတစီးဆီ ဆုချတော့မယ်လို့ သိရပါတယ်။


ဆော်ဒီအသင်းက လီယွန်နယ် မက်ဆီ ဦးဆောင်လာတဲ့ အာဂျင်တီးနားကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့မှုဟာ ဆော်ဒီ တနိုင်ငံလုံး အတွက် ဝမ်းသာဂုဏ်ယူစရာ ကိစ္စရပ် တခု ဖြစ်ကာ ဘုရင်ကြီး အယ်လ်ဆောဒ်နည်းတူ ဆော်ဒီစော်ဘွား တချို့ကလည်း ဆော်ဒီအသင်းကို သူ့နည်းသူ့ဟန်နဲ့ ဂုဏ်ပြုပွဲတွေ လုပ်ပေးဖို့ စီစဉ်နေကြပါတယ်။
ကဲ Rolls-Royce ရတော့မယ့် ဆော်ဒီအသင်းက အုပ်စုအဆင့်ကို လွန်မြောက်နိုင်မယ်လို့ ထင်ကြလားဗျ…?

ရေးသားသူ – MySport Myanmar

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။