မင်းအောင်လှိုင် ပြင်ဦးလွင် DSA နှင့် DSTA ကျောင်းဆင်းပွဲလာမှာမို့ အိမ်တွေ ဆေး သုတ် ဖို့ ခြံစည်းရိုးခတ် အလှဆင်ကြဖို့ စည်ပင်က အမိန့်ထုတ်၊ သန်းရွှေလမ်းစဉ်အတိုင်း တသွေမတိမ်း လိုက်လုပ်ဟုဆို

Local News

 မင်းအောင်လှိုင် ပြင်ဦးလွင် DSA နှင့် DSTA ကျောင်းဆင်းပွဲလာမှာမို့ အိမ်တွေ ဆေး သုတ် ဖို့ ခြံစည်းရိုးခတ် အလှဆင်ကြဖို့ စည်ပင်က အမိန့်ထုတ်၊ သန်းရွှေလမ်းစဉ်အတိုင်း တသွေမတိမ်း လိုက်လုပ်ဟုဆို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းအောင်လှိုင် ပြင်ဦးလွင် DSA နှင့် DSTA ကျောင်းဆင်းပွဲလာမှာမို့ အိမ်တွေ ဆေး သုတ် ဖို့ ခြံစည်းရိုးခတ် အလှဆင်ကြဖို့ စည်ပင်က အမိန့်ထုတ်၊ သန်းရွှေလမ်းစဉ်အတိုင်း တသွေမတိမ်း လိုက်လုပ်ဟု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၆

မင်းအောင်လှိုင်က ဒီဇင်ဘာလဆန်းပိုင်းအတွင်း စစ်တက္က သိုလ် (DSA) နှင့် စစ်နည်း ပညာတက္ကသိုလ်(DSTA) ကျောင်းဆင်းပွဲများ လာရောက်မည်ဖြစ်၍ ပြင်ဦးလွင်ရှိ နေအိမ်များ၊ ရပ် ကွက်များ ကို ယခု နိုဝင်ဘာလအကုန် ဆေးသုတ်၊ ခြံစည်းရိုးခတ် အလှဆင်ကြရန်ပြင်ဦးလွင်မြို့နယ် စည်ပင် အမိန့်ထုတ်ထားကြောင်း မြို့သူမြို့သားများက ပြောသည်။

စစ်တက္ကသိုလ် DSA ကျောင်းဆင်းပွဲနှင့် DSTA နည်းပညာတက္ကသိုလ် ကျောင်းဆင်းပွဲကို ရက်ခြား၍ ပြုလုပ်မည့် အစီအစဉ်တွင် မင်းအောင်လှိုင်က လာရောက်မည်ဖြစ်ပြီး ၎င်း မလာရောက်မီ ပြင်ဦးလွင် တစ်မြို့လုံး အလှဆင်ကြရန်နှင့် မြို့တွင် နေထိုင်ကြသူများကလည်း မိမိတို့နေအိမ်များကို အလှ ဆင်ကြရန် မြို့နယ်စည်ပင်က တစ်မြို့လုံး စာရွက်များ လိုက်လံဝေငှခြင်းဖြစ်ကြောင်း သိရှိရသည်။

“လူကြီးတွေ လာဖို့ရှိတယ်။ အဲဒါကြောင့် ကိုယ့်အိမ်ကို ကိုယ် အလှဆင်ပါလို့ပြောတယ်။ တစ်မြို့လုံး အိမ်တွေကို လိုက် ဝေတာ။ မဖြစ်မနေ အလှဆင်ရမယ်။ ဒီလကုန်။ ဒီလဆန်းပိုင်းမှာ မအလ လာမယ် လို့ ပြောတယ်။ စည်ပင်က ပေးတဲ့စာမှာတော့ ခရီးသွားမြို့တို့ ဘာတို့ ရေးထားတယ်။ သူတို့ (စည်ပင်) ပါးစပ်က မအလ ခရီးစဉ်ဆိုတာ ထုတ်ပြောတယ် ” ဟု ပြင်ဦးလွင် ဒေသခံတစ်ဦးက ပြောသည်။


အကြမ်းဖက်မင်းအောင်လှိုင်သည် သန်းရွှေအာဏာရှိစဉ်က သူသွားရောက်သည့်နေရာရှိ အိမ်တိုင်း ရုံးတိုင်း လမ်းတိုင်း ဆေးသုတ်ခိုင်းခြင်း၊ သန့်ရှင်းရေး လုပ်ခိုင်းခြင်း ကြိုဆိုရေး လုပ်ခိုင်းခြင်းစသည့် အတင်းအကျပ် လုပ်အားပေးမှုများကို စေခိုင်းခဲ့ပြီး လက်ရှိ မင်းအောင်လှိုင်ကလည်း သန်းရွှေ ခေတ် နည်းလမ်းဟောင်းများကို ပြန်လည် အသုံး ပြုနေသည်ဟု စစ်ဘက်သတင်းရပ်ကွက်များက ဆိုသည်။

“အဘကြီး(သန်းရွှေ)ခေတ်ကအတိုင်းကို လုပ်ဖို့ ပြန်ခိုင်းတာ။ သမိုင်းတစ်ပတ်လည်နေတယ်။ အခုက ဝန်ထမ်းရော ပြည်သူရော မနေရဘူး။ တပ်တွေနဲ့ ဝန်ထမ်းတွေဆို ပုံမှန် အပတ်စဉ် ဖက်ထိပ် (သန့်ရှင်း ရေး လုပ်အားပေး တာဝန်)က လူကြီးတွေလာမယ်ဆိုပြီး နေ့စဉ်ကို ဖက်ထိပ် လုပ်နေရတယ်” ဟု ပြင်ဦး လွင်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ပြင်ဦးလွင်တွင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များ မကြာမီလာရောက်မည့် စစ်တပ် ကျောင်းဆင်း ပွဲများ အတွက် ယခုကတည်းက လုံခြုံရေး တင်းကျပ်မှုများ လုပ်ဆောင်နေပြီး ဧည့်စာရင်းစစ်မှုများ၊ ကင်းပုန်းချထားမှုများ၊ ပြင်ဦးလွင် မြို့နေရာအနှံ့ ဂိတ်ချ ရှောင်တခင်စစ်ဆေးမှုများကို တိုးမြှင့် လုပ် ဆောင်နေကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။