မက်ဆီ၏ အာဂျင်တီးနားနှင့် ပိုလန်အသင်းတို့ ရှုံးထွက်အဆင့်တက်

Sports

မက်ဆီ၏ အာဂျင်တီးနားနှင့် ပိုလန်အသင်းတို့ ရှုံးထွက်အဆင့်တက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မက်ဆီ၏ အာဂျင်တီးနားနှင့် ပိုလန်အသင်းတို့ ရှုံးထွက်အဆင့်တက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယနေ့ နံနက်ပိုင်းအစောပိုင်းက ယှဉ်ပြိုင်ကစားသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်များအပြီး နာမည်ကျော် ဘောလုံးသမား မက်ဆီဦးဆောင်သည့် အာဂျင်တီးနားအသင်းနှင့် လီဝန်ဒေါစကီး၏ ပိုလန်အသင်းတို့ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းသွားသည်။
နာမည်ကြီး အာဂျင်တီးနားအသင်းမှာ ပွဲဦးထွက်တွင် ဆောဒီအာရဗျအသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ သော်လည်း နောက်ပွဲစဉ်များတွင် နှစ်ပွဲဆက်အနိုင်ယူပြီး အုပ်စုဗိုလ်အဖြစ် နောက်တဆင့်တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။ ယနေ့ပွဲစဉ်တွင် ပိုလန်အသင်းမှာ အာဂျင်တီးနားကို နှစ်ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဂိုးကွာဟချက်အရ အုပ်စုဒုတိယနေရာမှ နောက်တဆင့်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

တဖက်တွင် မက္ကဆီကိုအသင်းမှာ အထူးခြေစွမ်းပြကစားပြီး ဆော်ဒီအာရဗျအသင်းကို အနိုင်ရကာ ပိုလန်နှင့်ရမှတ်တူခဲ့သော်လည်း ဂိုးကွာဟချက်ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို နှုတ်ဆက်လိုက်ရသည်။
ယနေ့ယှဉ်ပြိုင်ကစားကြသည့် လေးသင်းစလုံး ပထမပိုင်းတွင် ဂိုးသွင်းယူနိုင်ခြင်း မရှိကြပေ။ အာဂျင် တီးနားက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိကစားပြီး အကြိမ်ကြိမ် ထိုးဖောက်ခဲ့သော်လည်း ဂိုးမရခဲ့ပေ။ မက်ဆီ အထူးခြေစွမ်းပြခဲ့သော်လည်း ၎င်းကန်သွင်းသော ပင်နယ်တီကို ပိုလန်ဂိုးသမား ကာကွယ်နိုင် ခဲ့သည်။

ဒုတိယပိုင်းစပြီး ပွဲချိန် ၅၂ မိနစ်တွင် အာဂျင်တီးနားတို့ ဦးဆောင်ဂိုးစရပြီး ၆၈ မိနစ်တွင် ဒုတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့သည်။ မက်ဆီဦးဆောင်သော အာဂျင်တီးနားအသင်းက နှစ်ဂိုးပြတ်ရလဒ်ကို ပွဲပြီး ချိန်ထိ ထိန်းထားနိုင်ခဲ့သည့်အပြင် ပိုလန်အသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့သည်။
ဆော်ဒီအာရဗျနှင့်ပွဲတွင် မက္ကဆီကိုအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ ကစားကွက်အသာဖြင့် တချိန် လုံးဖိကစားနိုင်ခဲ့ပြီး ပထမပိုင်းအတွင်း မက္ကဆီကိုဘက်က ကန်သွင်းချက်များကို ဆော်ဒီဂိုးသမားက အကြိမ်ကြိမ်ကာကွယ်နိုင်ခဲ့သည်။ ဒုတိယပိုင်းစပြီး မိနစ်ပိုင်းအတွင်း မက္ကဆီကိုက ဦးဆောင်ဂိုးရကာ မိနစ်ပိုင်းအကြာတွင် ပစ်ဒဏ်ဘောမှတဆင့် ဒုတိယဂိုးသွင်းယူနိုင်ခဲ့သည်။ ပွဲချိန် မိနစ် ၉၀ ပြည့်ပြီး နောက် နာကျင်ချိန်ပိုတွင် ဆော်ဒီက တစ်ဂိုးပြန်သွင်းခဲ့သည်။ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း မက္ကဆီကိုအသင်းမှာ နောက်တဆင့် မတက်ရောက်နိုင်တော့ပေ။
၁၆ သင်းရှုံးထွက်အဆင့်တွင် မက်ဆီဦးဆောင်သည့် အာဂျင်တီးနားအသင်းမှာ အာရှဇုန်မှ ဩစတြေးလျအသင်းနှင့်တွေ့ရမည်ဖြစ်ရာ အခက်အခဲမရှိနိုင်သော်လည်း ပိုလန်အသင်းမှာမူ လက်ရှိချန်ပီယံ ပြင်သစ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။