နှလုံးသွေးကြောကျဉ်းနဲ့ ပန်းနာရင်ကြပ်ရောဂါကိုယ်တိုင် ပျောက်ကင်းခဲ့သူတစ်ဦးပြောတဲ့ ပင်စိမ်းရွက် နဲ့ဖော်စပ်တဲ့ ဆေးနည်း

Health
နှလုံးသွေးကြောကျဉ်းနဲ့ ပန်းနာရင်ကြပ်ရောဂါကိုယ်တိုင် ပျောက်ကင်းခဲ့သူတစ်ဦးပြောတဲ့ ပင်စိမ်းရွက် နဲ့ဖော်စပ်တဲ့ ဆေးနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှလုံးသွေးကြောကျဉ်းနဲ့ ပန်းနာရင်ကြပ်ရောဂါကိုယ်တိုင် ပျောက်ကင်းခဲ့သူတစ်ဦးပြောတဲ့ ပင်စိမ်းရွက် နဲ့ဖော်စပ်တဲ့ ဆေးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နှလုံးသွေးကြောကျဉ်းနဲ့ ပန်းနာရင်ကြပ်ရောဂါကိုယ်တိုင် ပျောက်ကင်းခဲ့သူတစ်ဦးပြောတဲ့ ပင်စိမ်းရွက် နဲ့ဖော်စပ်တဲ့ ဆေးနည်း

တစ်နေ့ ခင်မင်ရင်းနှီးနေသော အမတစ်ယောက်မှ … မောင်လေးစိုင်းမင်းသန့်မင်းကတိုင်းရင်းဆေးနည်းတွေတင်နေတာမို့ အမတို့မိသားစု လက်တွေ့ဆေးနည်းလေးပြောပြပါ့မယ် …ဟုတ်ကဲ့ခင်ဗျ အများအတွက်အကျိုးရှိတာပေါ့အမ ကုသိုလ်ရတာမို့ ပြောပြပါခင်ဗျာ …အမရဲ့ အဖေက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နေတာပါ အမက ပန်းနာရင်ကျပ်ရောဂါဖြစ်တယ် ။အာ့နဲ့ ပင်စိမ်းပင်နဲ့ရောဂါ ( 40 ) ဖတ်မိပြီး ပင်စိမ်းပင် ကလည်း အရံသင့်ရှိတာနဲ့ လက်တွေ့ဆေးအဖြစ်အသုံးပြု လိုက်တာ။အမရဲ့ အဖေရောဂါစဖြစ်တော့ အသက် ၆၇ – ၆၈အရွယ် လူကပိန်ပြီး ရင်ဘတ်ကအောင့် လူကနည်းနည်းလှုပ်လည်းမောတယ် ။ပင်စိမ်းပင်ဆေးသုံးစွဲပြီး နှစ်လအကြာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အရင်လို ရင်ဘတ်အောင့်တာ မောတာတွေ မရှိတော့ဘူး။

စားကောင်းအိပ်ကောင်းနဲ့မြင်တဲ့အတိုင်း ကျန်းမာဝဖြိုးလာတာလက်တွေ့ပအမလည်း အဖေ့လိုပဲ ပင်စိမ်းကို ဆေးအဖြစ်သုံးလိုက် တာ ပန်းနာရင်ကျပ် သက်သာခဲ့တယ်။ အရင်လို အင်္ဂလိပ်ဆေး ဝါးတွေ မသုံးစွဲရတော့ဖူး လူလည်းအတော်နေလို့ကောင်းလာတယ် ။အဲ့ဒါကြောင့် ငါ့မောင်က တိုင်းရင်းဆေးတွေမျှဝေနေတော့ အများအတွက် အကျိုးရှိမယ့် ဆေးနည်းပါ အမတို့လက် တွေ့ သက်သာပျောက်ကင်းခဲ့တာပါ ။နနှလုံးသွေးကြောကျဉ်းနဲ့ပန်းနာရင်ကျပ်အတွက်ဆေးနည်းက တော့ မခက်ပါဖူး။

စိတ်ရှည်ရှည်နဲ့သေခြာလေး လုပ်ဆောင်ပေးဖို့ပါပဲ ။ ဆေးနည်းကတော့ ပင် စိမ်းပင် လက်တစုပ်ကို ရေသန့်စင်အောင် သေခြာဆေးပါ ။ထို့နောက် ပင်စိမ်းရွက်သတ္တုရည်အကြမ်းပန်ကန်လုံးတစ်ဝက်ရအောင်ထောင်းပြီညှစ်ယူပါ ။ပြီးရင် ရလာတဲ့ ပင်စိမ်းသတ္တုရည် အကြမ်းပုဂံ တလုံးခန့်ကို ပျားရည် ဟင်းစားဇွန်းတဇွန်းခန့် ထည့်ပြီးသောက်ပေးပါ။(သွေးတိုးမရှိလျှင်)ဆားအနည်းငယ်ခပ်သောက်ပါ ) ဆေးထောင်းတဲ့အခါကျောက်ပျဉ်/ ကျောက်ငြုပ်ဆုံထဲထည့်မထောင်းပါနဲ့ကျောက်မှုန့်တွေပါတတ်လို့ပါ ။

ရေးသားသူ – စိုင်းမင်းသန့်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။