စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအပါအဝင် သုံးဦး အဂတိအမှုနဲ့ ထောင်ဒဏ်ချမှတ်ခံရ

Local News

စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအပါအဝင် သုံးဦး အဂတိအမှုနဲ့ ထောင်ဒဏ်ချမှတ်ခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအပါအဝင် သုံးဦး အဂတိအမှုနဲ့ ထောင်ဒဏ်ချမှတ်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စစ်ကောင်စီက ခန့်အပ်ခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးနဲ့ အစိုးရအဖွဲ့အတွင်းရေးမှူးဟောင်း ဦးစိုးစိုးဇော်တို့ကို အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက တရားစွဲဆိုခဲ့ပြီး ဒီနေ့ ဒီဇင်ဘာ ၈ ရက်မှာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးဟာ မြေနေရာချထားပေးရေးကိစ္စတွေနဲ့ ပတ်သက်လို့ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးဆီက လာဘ်ငွေ ကျပ်သိန်း ၂၅၀၀ လက်ခံရယူ တာနဲ့ မြို့နယ်တချို့က မြေကွက်တွေရောင်းတဲ့ချနေရာမှာ လုပ်ထုံး လုပ်နည်းအတိုင်း မဆောင်ရွက်တာကြောင့် အရေးယူတာလို့ ပြီးခဲ့တဲ့ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးအောင်သန်းဦးကတော့ မြေကွက်လျှောက်ထားရေးကိစ္စတွေနဲ့ ပတ်သက်လို့ ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် တစ်ဦးဆီကနေ လာဘ်ငွေ ကျပ်သိန်း ၅၀၀၀ ရယူခဲ့တာ၊ ဒါ့အပြင် ဘဏ္ဍာရေးစည်းမျဥ်းစည်းကမ်းကိုကျော်လွန်ပြီး ပြင်ပဘဏ်မှာ ငွေစာရင်းဖွင့်လှစ်တာ စတဲ့အချက်တွေကြောင့်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အတွင်းရေးမှူး ဦးစိုးစိုးဇော်ကတော့ မြောက်ဒဂုံမြို့နယ်က မြေဧက ၃၂ ဧကကို အငြိမ်းစား တစ်ဦးအမည်နဲ့ လျှောက်ထားတဲ့အခါ မြေကွက်ချထားပေးနိုင်ရေး ကူညီဆောင်ရွက် ပေးခဲ့ပြီး မြေကွက်ဂရန်ရရှိတဲ့အခါ ပြန်ရောင်းလို့ ရတဲ့ အမြတ်ငွေရဲ့ ၂၀ ရာခိုင်နှုန်းရယူဖို့ သဘောတူညှိနှိုင်းဆောင်ရွက်မှုတွေကြောင့်လို့ ဆိုပါတယ်။

ဒါကြောင့် ဦးလှစိုးနဲ့ ဦးအောင်သန်းဦးတို့ကို အဂတိလိုက်စားမှုပုဒ်မ တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ ဦးစိုးစိုးဇော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃၊ ပုဒ်မ ၅၆ တို့နဲ့အမှုဖွင့်ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက် ၆ လခန့်အကြာ ဒီဇင်ဘာ ၈ ရက်မှာတော့ ဦးလှစိုးကို ထောင်ဒဏ် ၁၅ နှစ်နဲ့ ဦးအောင်သန်းဦးကို ထောင်ဒဏ် နှစ် ၂၀၊ ဦးစိုးစိုးဇော်ကို ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့တယ်လီဂရန်ချန်နယ်တွေက ဖော်ပြနေပါတယ်။

မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇွန်လ၃၀ ရက်အထိ စစ်ကောင်စီက အဂတိမှုနဲ့တရားစွဲထားမှုပေါင်း ၁၉၄ မှု၊ နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးစေမှု ၈၇ မှု ရှိကြောင်းနဲ့ အဲဒီထဲမှာ NLD အစိုးရလက်ထက် ၂၇၄ ဦးနဲ့ စစ်ကောင်စီလက်ထက် ၂၂ ဦးဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။