တနဂ်နွေဂြိုဟ်ခုံအောက်က(y) အမှတ်အသား လက်ခလယ်နဲ့လက်ညှိုးကြားကကြာဖူး

Astrology

တနဂ်နွေဂြိုဟ်ခုံအောက်က(y) အမှတ်အသား
လက်ခလယ်နဲ့လက်ညှိုးကြားကကြာဖူး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့တနဂ်နွေဂြိုဟ်ခုံအောက်က(y) အမှတ်အသား လက်ခလယ်နဲ့လက်ညှိုးကြားကကြာဖူး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တနဂ်နွေဂြိုဟ်ခုံအောက်က(y) အမှတ်အသား
လက်ခလယ်နဲ့လက်ညှိုးကြားကကြာဖူး

ဒီလိုမျိုးအမှတ်အသားပါသူတွေအတွက်လက်ပုံဖြင့်မျှဝေပေးပါတယ်..ဘယ်ညာကြည့်ရှုစစ်ဆေးကြပါ..

(y)အမှတ်အသားအကြောင်း

အများအားဖြင့်ဒီ(y) အမှတ်အသားကို ငွေကြေးကံပြ(or) ချမ်းသာကြွယ်ဝမှုကံပြအမှတ်အသားလို့လဲခေါ်ကြပါတယ်..အလွယ်တကူအနေနဲ့ (y)အမှတ်အသားနဲ့တူနေတာကြောင့်အများမှတ်လွယ်ရအောင် (y)လို့သာခေါ်လိုက်ပါ..
ဒီအမှတ်အသားပါရင်မိတ်ဆွေတို့အတွက်အရမ်းကောင်းပါတယ်..ဘဝမှာကြီးမားတဲ့ချမ်းသာကြွယ်ဝမှုကိုရရှိလိမ့်မယ်..အဆင်ပြေပြေနဲ့နေရမယ်..ငွေကြေးကံလဲကောင်းတတ်ကြပါတယ်..ငွေကံအားသာတတ်ကြတယ်..ငွေကြေးနဲ့ပတ်သက်ပြီးစီမံခန့်ခွဲမှုမှာအားသာတတ်ကြတယ်..သူတစ်ပါးဆီကအကူအညီတွေလဲရရှိတတ်ကြတယ်..ငွေကြေးရှာဖွေမှုတွေမှာလဲအများအားဖြင့်တော်ကြတယ်..ကျွမ်းကျင်တတ်ကြပါတယ်…စသဖြင့်အကျိုးခံစားရနိုင်ပါတယ်..အဓိက ငွေကြေးကံနဲ့ ချမ်းသာမှုကိုပြပေးတာဖြစ်ပါတယ်..ငွေမြဲနိုင်မလား..ချမ်းသာမှုဘယ်တော့ရမှာလဲလို့မေးအုံးမို့လား..တစ်ခါထဲဖြေခဲ့ပါ့မယ်..အခုလက္ခဏာရှင်ရဲ့ပုံအရတော့ ငွေမမြဲနိုင်ဘူး..အထွက်ရှိမယ်..ရလဲရနေပြီးမမြဲတာမျိုးပေါ့..

ချမ်းသာကြွယ်ဝမှုနဲ့အမှတ်သားရဲ့အကျိုးတွေကတော့..အခုသူလက်အရ ရသင့်ရသလောက်ရနေပြီ အမြင့်ဆုံးရောက်ဖို့ကတော့ အသက်ကြီးပိုင်းမှာအားသာပါတယ်..

#ကြာဖူး

ဒီလိုကြာဖူးမျိုးကကောင်းတယ်..အားနည်းတယ်ဆိုပေမယ့်..ဒီအမှတ်အသားမျိုးပါဖို့ကလဲသိပ့်တော့မလွယ်ဘူး..ဒီလိုသာပါနေရင်တော့လက္ခဏာရှင်ဟာအရာရာကိုမေတ္တာစေတနာထားတတ်ကြတယ်..နားလည်မှုတွေပေးတတ်တယ်..ခွင့်လွှတ်သည်းခံမှုတွေနဲ့ဘဝကိုရှေ့ဆက်တတ်တယ်..အနေအေးတတ်ကြတယ်..ဒီလိုတွေကြောင့်သူတို့ဟာမေတ္တာရေးအပိုင်းတော့ညံ့တတ်ကြတယ်…နောက်ပြီးပညာရပ်အမျိုးမျိုးကိုစိတ်ဝင်စားတတ်ကြတယ်..သူတို့သာသင်ယူနိုင်မယ်ဆို ပညာရပ်တွေကခဏလေးတတ်လွယ်တယ်..စိတ်အားထက်သန်မှုရှိတာကြောင့်လဲတက်မြောက်နိုင်မယ်..အောင်မြင်နိုင်မယ်.. ထူးခြားဆန်းကြယ်တဲ့အိမ်မက်တွေကိုမကြာခဏဆိုသလို အိမိမက်ရရှိတတ်တယ်..အစောင့်အရှောက်ကောင်းတွေကသူတို့ကိုစောင့်ရှောက်တတ်ကြ တယ်..စသဖြင့်အကျိုးကောင်းတွေလဲရရှိနိုင်ပါတယ်..အဓိကအကျိုးပြုတာက…မေတ္တာစေတနာကြီးမားမှုနဲ့ ဘဝမှာအဆင်ပြေနိုင်တယ်..စောင့်ရှောက်မှုတွေကောင်းတတ်ကြပါတယ်…
လက္ခဏာကိုလေ့လာသူများနဲ့ဝါသနာရှင်များအဓိကလေ့လာနိုင်ဖို့အသေးစိတ်မျှဝေချင်ပါ..

(မှတ်ချက်) ဒီလိုအမှတ်အသားမျိုးပါနေရင်တူညီနေလား..ဟုတ်လားဆိုတာကြည့်ပြီးစစ်ဆေးကြပါ

အမှတ်အသားတူမှအကျိုးရရှိမှာပါ..
ခုနှစ်ရက်သားသမီးများနဲ့ ကျေးဇူးရှင်များ ကျန်းမာ ချမ်းသာ ဘေးရန်အပေါင်းကင်းဝေးကြပါစေ

ရေးသားသူ – credit

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။