Wednesday စီးရီးနဲ့ နာမည်ကြီးနေတဲ့ မင်းသမီးအကြောင်းတစ်စေ့တစောင်း

Celebrity

Wednesday စီးရီးနဲ့ နာမည်ကြီးနေတဲ့ မင်းသမီးအကြောင်းတစ်စေ့တစောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့Wednesday စီးရီးနဲ့ နာမည်ကြီးနေတဲ့ မင်းသမီးအကြောင်းတစ်စေ့တစောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကမှ ထွက်ရှိခဲ့တဲ့ အပိုင်း (၈) ပိုင်းပါ Wednesday စီးရီးက ကြည့်ရှုသူတွေကြား အတော်လေး လူပြောများနေပြီး Netflix သမိုင်းမှာ ကြည့်ရှုနှုန်းအများဆုံးဒုတိယမြောက်အင်္ဂလိပ်စကားပြောစီးရီးဖြစ်နေပါတယ်။ အဲဒီစီးရီးမှာ Wednesday Addams အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ဂျန်နာ အော်တီဂါကလည်း လူအများရဲ့သဘောကျနှစ်ခြိုက်မှုကို ရရှိနေသလို စီးရီးမှာ သူ ကပြခဲ့တဲ့ကကွက်နဲ့သီချင်းကလည်း ခေတ်စားနေပါတယ်။ ဒီစီးရီးနဲ့မှ ဂျန်နာ အော်တီဂါကို လူတွေသတိထားမိခဲ့တာပါ။ တကယ်တော့ သူဟာ သရုပ်ဆောင်အလုပ်ကို လုပ်ခဲ့တာကြာလှပါပြီ။

Wednesday" Star Jenna Ortega Confirmed For November 15 "Jimmy Kimmel Live"

ဂျန်နာ အော်တီဂါက အသက် ၉ နှစ်အရွယ်မှာ သရုပ်ဆောင်အလုပ်ကို စလုပ်ခဲ့တယ်

မွေးချင်း (၇) ယောက်မှာ ၄ ယောက်မြောက်ဖြစ်တဲ့ အသက် ၂၀ အရွယ် ဂျန်နာဟာ ငယ်စဉ်ကတည်းက မင်းသမီးတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ရှိခဲ့တာပါ။ သူ့အသက် ၉ နှစ်အရွယ်မှာ Rob တီဗီစီးရီးမှာ ပထမဆုံး ပါဝင်ခဲ့တာပါ။ အဲဒီနောက် CSI: NY နဲ့ Days of Our Lives စီးရီးတွေမှာ မထင်မရှားပါဝင်ခဲ့ပါတယ်။ Jane the Virgin မှာလည်း Jane အငယ်ဇာတ်ရုပ်အဖြစ် ပါဝင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ သူဟာ ရုပ်ရှင်ကား (၂) ကားဖြစ်တဲ့ Iron Man 3 (ဒုသမ္မတရဲ့သမီးအဖြစ်)၊ Insidious Chapter 2 (အန်နီအဖြစ်) ပထမဆုံးပါဝင်ဖြစ်ခဲ့ပါတယ်။

ဂျန်နာရဲ့ကြွယ်ဝချမ်းသာမှု

အဲဒီကတည်းက ဂျန်နာဟာ ဇာတ်လမ်းတွဲ၊ ရုပ်ရှင်ကားတွေမှာ ဆက်လက်ပါဝင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ အဓိကဇာတ်ကောင်အဖြစ် Disney Channel ရှိုး Stuck in the Middle ရဲ့ Season 3 ခုလုံးမှာ ပါဝင်ခဲ့ရပါတယ်။ သူ့ရဲ့ကြွယ်ဝချမ်းသာမှုက ဒေါ်လာ ၃ သန်းနဲ့ ၄ သန်းကြားရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဂျန်နာက Horror Queen ဖြစ်တယ်

Disney Channel သရုပ်ဆောင်မင်းသမီးဟောင်းဖြစ်တဲ့ ဂျန်နာက ကြောက်စရာကောင်းတဲ့ရုပ်ရှင်ကားတွေမှာ အများဆုံးပါဝင်တဲ့အတွက် ပရိသတ်တွေက သူ့ကို “Horror Queen” အဖြစ် သိကြပါတယ်။ သူ ပါဝင်ခဲ့တဲ့ ကြောက်စရာကောင်းတဲ့ဇာတ်ကားတွေကတော့ Insidious: Chapter 2၊ The Babysitter: Killer Queen၊ Scream၊ Studio 666 နဲ့ X တို့ပါပဲ။ မကြာခင်ထွက်ရှိမယ့် Scream 6 မှာလည်း ပါဝင်မှာဖြစ်ပါတယ်။

Wednesday ထဲက ဇာတ်ဝင်ခန်းတစ်ခုကို ကိုဗစ်ရောဂါကြောင့် နေမကောင်းဖြစ်နေစဉ် ရိုက်ခဲ့လို့ ဝေဖန်ခံခဲ့ရတယ်

Wednesday စီးရီးထွက်ရှိကတည်းက ဂျန်နာကို လူစိတ်ဝင်စားမှုများခဲ့ပြီး သတင်းမီဒီယာတွေမှာ သတင်းခေါင်းကြီးပိုင်းအနေနဲ့ ဖော်ပြလာခဲ့ကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်က Wednesday ထဲက ဇာတ်ဝင်ခန်းတစ်ခုကို ကိုဗစ်ရောဂါကြောင့် နေမကောင်းဖြစ်နေရင်း ရိုက်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ဂျန်နာ ဝေဖန်ခံခဲ့ရပါတယ်။ ဂျန်နာရဲ့ပြောစကားအရ သူဟာ ကိုဗစ်ရောဂါကြောင့် နေမကောင်းဖြစ်နေစဉ်မှာ ကတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ခဲ့တယ်။ အဲဒီအချိန်တုန်းက သူ့မှာ ကိုဗစ်ရောဂါပိုးရှိမှန်း မသိခဲ့ဘူး။ ကိုဗစ်လက္ခဏာရပ်တွေခံစားနေရပေမဲ့ ဆေးစစ်ချက်စောင့်ဆိုင်းနေရင်း စီးရီးကို ဆက်လက်ရိုက်ဖြစ်ခဲ့တယ်။ ရောဂါပိုးရှိတယ်ဆိုတဲ့ ရလဒ်ထွက်လာတဲ့အချိန်မှာ သူ ရိုက်ကူးရေးနားခဲ့တယ်လို့ သိရပါတယ်။

Wednesday Addams Netflix Show Casts Jenna Ortega as Lead

ဂျန်နာက အင်စတာဂရမ်ဖော်လိုဝါ ၂၇ သန်းကျော်ရှိ

ဂျန်နာက တဖြည်းဖြည်းနဲ့ နာမည်ကြီးလာနေပါပြီ။ လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း အင်စတာဂရမ်က ဖော်လိုဝါအရေအတွက်က တိုးလာနေပြီး အခု ဖော်လိုဝါ ၂၇ သန်းကျော်ရှိနေပါပြီ။ Wednesday စီးရီးထွက်ရှိပြီး (၁၀) ရက်အတွင်းမှာ ဂျန်နာက အင်စတာဂရမ်ဖော်လိုဝါ ၁၀ သန်းရရှိခဲ့ပါတယ်။ ဂျန်နာအော်တီဂါကို ၂၀၂၃ ခုနှစ် မတ်လမှာ ထွက်ရှိမယ့် Scream 6 မှာ မြင်တွေ့ရဦးမှာပါ။ Netflix ကလည်း Wednesday Season 2 ရိုက်ကူးဖို့ဆုံးဖြတ်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။