အမှတ် ၆၂ YAK-130 တိုက်ခိုက်ရေးအုပ်မှ ပိုင်းလော့များ၏ လျှို့ဝှက် အမည် များကို ယက္ခ မှ စစ်မင်း ဟု ပြောင်းလဲ၊ တိုက်လေယာဉ် အတက်အဆင်း သတင်း များပေါက်ကြား၍ တိုက်လေယာဉ်ဖြင့် စစ်ဆင်ရေးများကို နေပြည်တော် အေလာ လေတပ်သို့ ပြောင်းရွှေ့

Local News

အမှတ် ၆၂ YAK-130 တိုက်ခိုက်ရေးအုပ်မှ ပိုင်းလော့များ၏ လျှို့ဝှက် အမည် များကို ယက္ခ မှ စစ်မင်း ဟု ပြောင်းလဲ၊ တိုက်လေယာဉ် အတက်အဆင်း သတင်း များပေါက်ကြား၍ တိုက်လေယာဉ်ဖြင့် စစ်ဆင်ရေးများကို နေပြည်တော် အေလာ လေတပ်သို့ ပြောင်းရွှေ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမှတ် ၆၂ YAK-130 တိုက်ခိုက်ရေးအုပ်မှ ပိုင်းလော့များ၏ လျှို့ဝှက် အမည် များကို ယက္ခ မှ စစ်မင်း ဟု ပြောင်းလဲ၊ တိုက်လေယာဉ် အတက်အဆင်း သတင်း များပေါက်ကြား၍ တိုက်လေယာဉ်ဖြင့် စစ်ဆင်ရေးများကို နေပြည်တော် အေလာ လေတပ်သို့ ပြောင်းရွှေ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ ဇန်နဝါရီ ၆

အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တိုင်းရင်းသားနယ်မြေများနှင့် စစ်ကိုင်း၊ မကွေး၊ ပဲခူးကဲ့သို့သော တိုင်းဒေသကြီးများကို အဆက်မပြတ် ဗုံးကျဲနေသည့် အမှတ် ၆၂ Yak-130 တိုက်ခိုက်ရေးလေယာဉ်အုပ်စုမှ ပိုင်းလော့များ၏ လျှို့ဝှက် အမည်များကို ယက္ခမှ စစ်မင်းသို့ ပြောင်းလဲ လိုက်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှ Yak-130 လေယာဉ်မှူးများ၏ အမည်များကို ယက္ခဟု ပြောင်းလဲခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျှို့ဝှက် အမိန့်စာ ပေါက်ကြားခဲ့သဖြင့် ယက္ခ အမည်ဝှက်များကို စစ်မင်း အမည်ဝှက်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် တံတားဦးလေတပ်၊ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှ Yak-130 မှ ပိုင်းလော့များကို ယခင်က မှော်ဘီသို့ စစ် ဆင် ရေးအဖြစ် လအလိုက် အလှည့် တာဝန်ရွှေ့ပြောင်းထမ်းဆောင်းခိုင်းရာမှ ယခုရက်ပိုင်းအတွင်း မှော်ဘီအစား နေပြည်တော်၊ အေလာသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခိုင်းကြောင်း သိရှိရသည်။

“အခုက ဗျူဟာပြောင်းတယ် အရင် စစ်ဆင်ရေးအတွက် မှော်ဘီလေတပ်ကို ၃လ ၁ ကြိမ် သွားရတာ။ Yak-130 အဖွဲ့ ၆၂ အုပ်က။ အခုတော့ စစ်ဆင်ရေး ၃ လ ၁ ကြိမ်ကို အလှည့်ကျကို နေပြည်တော်၊ အေလာကို စစ်ဆင်ရေး ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခိုင်းတယ်။ မှော်ဘီမသွားရတော့ဘူး။ မှော်ဘီကို စိတ်မချတော့ဘူး။ အခုက တံတားဦးကနေ တိုက်ရိုက် စစ်ဆင်ရေးနေရာကို မသွားဘူး။ ဒီဘက်က လေယာဉ်တက်တာနဲ့ သတင်းပေါက်နေလို့ဆိုပြီး

အေလာဘက်ကို ဝင်ပြီးမှ စစ်ဆင်ရေးနေရာကို သွားတယ်။ အပြန်လည်း တိုက်ရိုက်ပြန်မလာဘူး။ အေလာကို ဝင်ပြီးမှ ပြန်လာတယ်” ဟု နေပြည်တော် လေတပ်သတင်းရင်းမြစ်က ပြောသည်။

တံတားဦးအခြေစိုက် Yak-130 တိုက်ခိုက်ရေးလေယာဉ် အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှူးမှာ-ဗိုလ်မှူး ရဲဇော်နိုင်ဖြစ်ပြီး ကချင်ပြည်နယ်၊ ဖားကန့်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ လူပေါင်းရာချီthayဆုံးခဲ့သော လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို တိုက်ခိုက်ဆောင်ရွက်ခဲ့သော စစ်လေယာဉ်မောင်းပိုင်းလော့ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှူးအဖွဲ့မှ ဖြစ်ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။