ကားနှင့်ပတ်သက်သော ယတြာ ၁၀ မျိုး

Astrology

ကားနှင့်ပတ်သက်သော ယတြာ ၁၀ မျိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကားနှင့်ပတ်သက်သော ယတြာ ၁၀ မျိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကားနှင့်ပတ်သက်သော ယတြာ ၁၀ မျိုး

(၁)ကားလိုချင်ရင်၊ ကားအန္တရာယ်ကင်းချင်ရင်

ဘုန်းကြီးကို ဖိနပ်လှူရတယ် လိုချင်တဲ့ကား အမျိုးအစားကို နမ်းပေးရတယ် နမ်းရင်းနဲ့ ကိုယ့်ဆီကိုမကြာခင် လာခဲ့ဖို့ပြောပါ အန္တရာယ်ကင်းချင်တဲ့ လူကလည်း အန္ဒရာယ်ကင်းဖို့ပြောပါ….။

(၂)ကားလိုချင်ရင်၊ ကားဝယ်လိုလျှင်

ဘုန်းကြီး၊ဆရာသမား ကိုကန်တော့တဲ့ အခါမှာလက်ဆောင်ပေးတဲ့ အခါမှာကွမ်းရွက် ကွမ်းယာ ထည့်ပြီး ကန်တော့ရင်း ဆုတောင်းလျှင် စီးစရာ ယဉ်ရထား ကားရတတ်ပါတယ်……။

(၃)ကားရောင်းထွက်စေရန်

နံ့သာဖြူတုံး .၁.တုံးနဲ့ ရောင်းချင်သောကားစက်ဖုံးကို .၇.ရက် ဆက်တိုက်ခေါက်ပါ ထွက်၏။

(၄)ကားဒုက္ခမရောက်စေရန်

တနလ်ာနေ့ နံနက် ၉နာရီ ၄၅မီးနစ် ရောက်တိုင်း သြဇာညွန့် ၁၄ ညွန့်ကို ကားမှာထိုးပါ။ကားနဲ့ပက်သက်သော စာရွက်စာတမ်းများကို မိတ္တူဆွဲ၍ အမွှေးတိုင် အိုးအောက်တွင်ဖိထားပါ။ အမွှေးတိုင်ထွန်း၍ ကားအန္တရာယ်ကင်းရန် ဆုတောင်းပါ။ တနလာင်္နံ ပါသောဘုရား ကျိုက်ဝိုင်း၊ကျိုက်ခေါက်၊ကျိုက်ကလို့၊ ကျိုက်ကလဲ့ တို့မှာရှိတဲ့ ကိုးနဝင်းဘုရားကို ရွှေသင်္ကန်း ကပ်ပါ။ ကံ့ကော်ညွန့် ဂြိုဟ်တိုင်စေ့လှူပါ။

(၅)ကားတက္ကစီ အလွယ်တကူငှါးမရလျှင်

ပိုက်ဆံအကြွေစိ(သို့မဟုတ်) ပိုက်ဆံကိုခေါက်ပြီး လက်မနှင့် အပေါ်ကိုတောက်တင် လိုက် ပြန်ဖမ်းလိုက်လုပ်ပေးပါ အလွယ်တကူငှါးလို့ရ၏။

(၆)ကားရောင်းထွက်စေရန်

သြဇာ. ၁၃.ညွန့် ကို ဘုရားတွင်.၁၃.ရက်လှူထားပါ။
သြဇာရွက်ပေါ်မှာ ဖယောင်းတိုင်. ၂.တိုင် ဆင့်ထွန်းပါ….။

(၇)ကားဝပ်ရှော့၊ကားဘော်ဒီလုပ်ငန်း အဆင်ပြေစေရန်

ဓာတ်မှန်ဖလင်ပြားပေါ်မှာ လုပ်ငန်းနာမည်ရေးပြီး သင့်တော်သောနေရာတွင်ထားပါ…..။

(၈)ကားဒုက္ခမပေးစေရန်

ကားခဏခဏပျက်ခြင်းအတွက် သြဇာသားကို နဂါးရုံဘုရား အသေးထုကာ ဦးခေါင်းတွင်ပူဇော်ပါ။ သြဇာသား ခြင်္သေ့ရုပ်တု(၂)ခုကို ဘုရားလက်ဝဲလက်ယာမှာထားပါ….

(၉)ကားဆွဲကောင်းစေရန်

အိုးစည်ရုပ်ထု အသေးနှင့် ခေါင်းလောင်းလေးတစ်လုံး ကို ကားခေါင်းမှာတွဲချိတ်ပါ…..။

(၁၀)ကားဆွဲကောင်းစေရန်

ဘုရားမှာ ကြာဇံကြော် မကြာခဏလှူပေးပါ ကားထဲမှာ ဇော်ဂျီ ပုံဆောင်ထားပါ။
ဖော်ပြထားသော ယတြာများထဲမှ တစ်မျိုးသော်လည်းကောင်း နှစ်မျိုးသုံးမျိုးသော်လည်းကောင်း ပြုလုပ်နိုင်ပါသည် အလိုရှိသူ များအသုံးဝင်ကြပါစေ

ရေးသားသူ – Sayar Ma July

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။