သုံးရက်စာဟောစာတမ်း(9,1,2023မှ 11,1,2023)

Local News

သုံးရက်စာဟောစာတမ်း(9,1,2023မှ 11,1,2023)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သုံးရက်စာဟောစာတမ်း(9,1,2023မှ 11,1,2023) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သုံးရက်စာဟောစာတမ်း(9,1,2023မှ 11,1,2023)
တနင်္ဂနွေသားသမီးများ

အချစ်ရေးမှာ ပြသနာဖြစ်တာမျိူး၊အဆင်မပြေတာမျိုးလေးတွေရှိနေမယ်။ပြသနာတွေကို ကိုယ်တစ်ယောက်တည်း ကြိတ်ခံစားနေရတတ်တယ်။crushနဲ့အဆင်မပြေပါ။ငွေကြေးကံကောင်းတယ်။ပိုက်ဆံတွေ ၀င်ပြီးရင်း ၀င်မယ်။စိုးရိမ်စရာလေးတွေရှိပါက စိတ်ပူစရာမလိုဘဲ အဆင်ပြေမယ်။အလုပ်အကိုင်အဆင်ပြေမယ်။ကျန်းမာရေးကတော့ လေးဘက်နာရှိသူများသတိထားပါ။အသားငါး၊နို့ထွက်ပစ္စည်းများ စားရာတွင် သတိထားပါ

တနင်္လာသားသမီးများ

အချစ်ရေးမှာ နာကျင်မှု့တွေရှိမယ်။လက်‌တလော စိတ်ထိခိုက်တာမျိုး၊ငိုကြွေးရတာမျိုးရှိတတ်တယ်။ကိုယ့်ကိုကိုယ်ပြန်ပြီး motivateနေရပါလိမ့်မယ်။ငွေကြေးကံ နည်းတယ်။ငွေ၀င်တာမျိုးမရှိတတ်ဘူး။ငွေ၀င်ရင်တောင် မဖြစ်စလောက် နည်းနည်းပါးပါးဘဲ ရရှိမယ်။လုပ်ငန်းအခြေအနေ နှေးကွေးမယ်။ကျန်းမာရေးကတော့ စိတ်ဆတ်နေတတ်တယ်။မတော်တဆ သွေးထွက်သံယို ဖြစ်နေတတ်တယ်။

အင်္ဂါသားသမီးများ

အချစ်ရေးကံကောင်းတယ်။အထူးသဖြင့်lgbtများ ပိုမိုပျော်ရွှင်ရတာမျိုး၊အဆင်ပြေတာမျိုး ရှိတတ်တယ်။Rsများသာမက singleများပါမကျန် အဆင်ပြေနေတတ်တယ်။ငွေကြေးကံ မကောင်းပါ။အလုပ်မှာအဆူခံ အပြောခံရတတ်တယ်။ကိုယ်ပိုင်လုပ်ငန်းသမားများ customerနဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ငွေ၀င်နည်းတတ်ပါတယ်။ကျန်းမာရေးကတော့ ညအိပ်မပျော်တာ၊မျက်စိ မျက်လုံး နာကျင်ရတာမျိူး ရှိနေတတ်ပါတယ်။

ဗုဒ္ဓဟူးနဲ့ ရာဟုသားသမီးများ

အချစ်ရေးကံကောင်းမယ်။တစ်ယောက်နဲ့တစ်ယောက်အပေးအယူ မျှတတဲ့အတွက် ပျော်ရွှင်ရမယ်။ကြည်နူးမှု့လေးတွေ ဒီရက်ပိုင်းမှာ ရှိနေတတ်ပါတယ်။singleများ ကံဇာတာတက်နေပါမယ်။ငွေကြေးကံကတော့ အထူးကောင်းမွန်တယ်။ဒီရက်ပိုင်း ငွေ၀င်တာ၊မုန့်ဖိုးရတာ၊လက်ဆောင်ရတာမျိုးတွေရှိမယ်။အလုပ်အကိုင်အဆင်ပြေတာမျိုးလေးတွေရှိနေတတ်ပါတယ်။ကိုယ်ပိုင်စီးပွားရေးသမားများကတော့ ဒီကာလမှာအရောင်းအ၀ယ်ကောင်းမယ်။ကျန်းမာရေးကတော့ ရင်ဘတ်တစ်ဝှိုက်ဂရုစိုက်ပါ။နာကျင့်အောင့်အင်းတတ်ပါတယ်။

ယတြာ အိမ်ရှေ့မျက်နှာဘက်သို့ သကြားလက်တဆုပ်ကျဲ၍ လိုရာဆုတောင်းပါ။lucky number 45,38,82,57

ကြာသာပတေးသားသမီးများ

အချစ်ရေးမှာ ပြသနာတွေ ဖြေရှင်းနေရတတ်သလို တစ်ယောက်တည်း အထီးကျန်နေရတတ်တယ်။လက်ရှိဆက်ဆံရေးကို ဖြတ်တောက်တာက မိမိအတွက်ပိုမိုကောင်းမွန်ပါလိမ့်မယ်။ကိုယ့်ရဲ့အချစ်ကို တန်ဖိုးမထားတဲ့သူနဲ့ တွေ့ကြုံနေရမယ်။ငွေကြေးကံက သိပ်မကောင်းပါ။ဘာသာရေး ပိုဖိလုပ်ဖို့ ပြောပါရ‌စေ။လုပ်ငန်းကို ပိုဂရုစိုက်ပေးပါ။ကျန်းမာရေးကတော့ သိပ်မဆိုးရွားတဲ့အတွက် သိပ်စိုးရိမ်စရာမလိုပါဘူး။


သောကြာသားသမီးများ

အချစ်ရေးမှာ သူမကြိုက်တဲ့အရာ၊သူမကြိုက်တဲ့အကြောင်းအရာကို ကိုယ်ကစနောက်မိတာကြောင့်ပြသနာတက်မယ်။အပြောင်အပျက်ကိစ္စလေးတွေလျော့ပါ။အချစ်ရေးဟာ အခုတလော ထိလွယ်ရှလွယ်ဖြစ်နေတတ်တယ်။ငွေကြေးကိစ္စအညံ့ရှိတယ်။ဒီရက်ပိုင်းမှာဘူပိတ်သလိုကို ငွေမ၀င်တာမျိုးရှိမယ်။လုပ်ငန်းကိစ္စ အညံ့လေးတွေများနေတတ်ပါတယ်။ဒီကာလမှာ ဘာသာရေးသေချာလုပ်ပါ။ကျန်းမာရေးကတော့ ထူးထူးခြားခြားမရှိပါ။သို့သော် အတွေးများပြီး ခေါင်းမူဝေမယ်

စနေသားသမီးများ

အချစ်ရေးမှာ အတ္တကြီးနေတတ်တယ်။မလိုအပ်ဘဲ အတ္တကြီးတာကြောင့် ပျော်ရွှင်စရာအချစ်လေးပြိုကွဲမယ်။အတ္တလျော့မှသာ နွေးထွေးသော အချစ်ရေးကို တဖန်ပြန်လည်ရရှိပါမယ်ဗျ။singleများ crushရဲ့အဖတ်မလုပ်ချေမိုးခြင်းကို ခံရတတ်ပါတယ်။ငွေကြေးကံကောင်းတယ်။ငွေ၀င်မယ်။ဒီကာလမှာ စပ်တူလုပ်ငန်းလုပ်တာ၊အကျိုးတူပူပေါင်းတာ၊လုပ်ငန်းစတင်တာမျိုးတွေ အဆင်ပြေနေတတ်တယ်။ကျန်းမာရေးကတော့လက်ကောက်၀တ်၊လက်ဖျံ၊လက်မောင်း၊ပုခုံး စတာတွေ သတိထားပါ။

ရေးသားသူ – Tarot By Philip.

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။