တရုတ်ရိုးရာ ၁၂ နှစ်ရာသီခွင်”十二生肖 Chinese Zodiac

Astrology
တရုတ်ရိုးရာ ၁၂ နှစ်ရာသီခွင်”十二生肖 Chinese Zodiac

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တရုတ်ရိုးရာ ၁၂ နှစ်ရာသီခွင်”十二生肖 Chinese Zodiac ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နှစ်သစ်ကူးဖို့ သိပ်မလိုတော့တဲ့အချိန်မှာ နှစ်သစ်ကူးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို အားလုံးပဲ သိချင်နေကြရောပေါ့။ ကဲ ဒီတစ်ခါမှာတော့ တရုတ်လူမျိုးတွေရဲ့ ၁၂ နှစ်ရာသီခွင်ဖြစ်ပေါ်လာတဲ့ ပုံပြင်လေးကို ပြောပြပေးသွားပါမယ်။
ရှေးတုန်းက လူတွေက နှစ်၊ လ၊ ရက် အချိန်နာရီတွေ မတွက်တတ်ကြပါဘူး။ ဒါ့ကြောင့် ကျောက်စိမ်းဧကရာဇ် နတ်မင်းကြီးဟာ လူတွေ မှတ်ရလွယ်အောင် ၁၂ နှစ်ရာသီခွင်လုပ်ဖို့ စဉ်းစားမိတယ်။ ဒါနဲ့ တောထဲက တိရိစ္ဆာန်တွေ ဖိတ်ခေါ် သူ့မွေးနေ့မှာ မြစ်ကူးပြိုင်ပွဲ တရပ် ဆင်နွှဲဖို့ ဆုံးဖြတ်လိုက်တယ်။ အရင်ရောက်သူ ၁၂ ကောင်ကို ရာသီခွင် အမည်မှည့်ပေးဖို့ပေါ့။ ကြွက်နဲ့ ကြောင်ဟာ မိတ်ဆွေကောင်းတွေပါ။ မြစ်ကူးရင် တယောက်ကို တယောက် ဝင်ခေါ်ဖို့ သဘောတူကြတယ်။

ဒီလိုနဲ့ နတ်မင်းကြီးမွေးနေ့ မြစ်ကူးပြိုင်မယ့် ရက်ကို ရောက်လာပါပြီ။ ကြွက်ဟာ မြစ်ကူးဖို့ နွားကို ခေါ်လာပါတယ်။ နွားအရပ်အမြင့်နဲ့မှ ကူးလို့အဆင်ပြေမှာကိုး။ ကြွက်ဟာ နွားကို စီးရင်း ကြောင်ဆီ ရောက်လာတော့ ကြောင်က အိပ်တုန်း၊ အိပ်ပုပ်ကြီးနေတာကြောင့် နှိုးမရပါဘူး။ နွားကလဲ စိတ်မရှည်တော့ပဲ ထာခဲ့တော့ကွာဆိုပြီး ကြွက်နဲ့ အတူမြစ်ကူးပါတော့တယ်။ မိုးနတ်မင်းကြီး ရှေ့မှောက်ကို ရောက်ခါနီးမှာတော့ နွားဟာ အရင်ဆုံး ကြွက်ကို ခါချပါတယ်။ ကံအားလျော်စွာနဲ့ ကြွက်ဟာ ဝါးရုံပင်နဲ့ ပြန်ကန်ထွက်ပြီး နွားရှေ့က ပန်းဝင်သွားပါတယ်။ ဒီလိုနဲ့ ကြွက်က ပထမ၊ နွားကတော့ ဒုတိယနဲ့ပဲ ကျေနပ်လိုက်ရတယ်။ ခနနေတော့ ကျားဟာ မြစ်ထဲကနေ ရေတရွှဲရွှဲနဲ့ ကမန်းကတန်း တက်လာပြီး ၃ နေရာကို ချိတ်သွားပါတယ်။ ယုန်ဟာလဲ တခြားတိရစ္ဆာန် အားကိုးနဲ့ အလျင်မြန် နတ်မင်းရှေ့ ရောက်လာပြီး ၄ နေရာကို ပန်းဝင်သွားတယ်။ မိုးဖန်တီးရှင် နဂါးကလဲ မိုးတခါ ရွာချပေးနေရလို့ ပထမနဲ့လွဲပြီး နံပါက် ၅ နေရာမှာသာ ရပါတယ်။ နောက်တော့ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေးတို့ အစဉ်အတိုင်း နံပါတ်တွေ ချိတ်ကုန်ရော။ အပျင်းထူတဲ့ ဝက်ကတော့ နောက်ဆုံး ဘိတ်ချေး ၁၂ နေရာ ရသွားခဲ့ပါတယ်။

ဒီလိုနဲ့ နတ်မင်းကြီးက ၁၂ နှစ်ရာသီဖွား ရွေးချယ်ခံရတဲ့ သူတွေကို ကြေငြာလိုက်ပါတော့တယ်။ 鼠 Shǔ ကြွက်、牛 niú နွား、虎 hǔ ကျား、兔 tù ယုန်、龍 lóng နဂါး、蛇 shé မြွေ、馬 mǎ မြင်း、羊 yáng ဆိတ်、猴 hóu မျောက်、雞 jī ကြက်,狗 Gǒu ခွေး,猪 zhū ဝက် ဆိုပြီး အစဉ်တိုင်းပေါ့။

ကြေညာပြီးချင်းမှာတော့ အိပ်ပုတ်ကြီးနေတဲ့ ကြောင်ဟာ ကမန်းကတန်း သုတ်တီးသုတ်ပြာနှင့် ရောက်လာပြီးမှ.. ဟဲ့ဟဲ့ပြောကြအုန်း ငါကော ဘယ်နံပါက်က လိုက်လဲပေါ့။အဖြေလဲ သိရရော ကြောင်ဟာ ကြွက်ထားပစ်ခဲ့လို့ သူနောက်ကျတာ မိတ်ဆွေမပီသတဲ့ကြွက်ဆိုပြီး ရန်ငြိုးဖွဲ့ခဲ့တာ ယနေ့ထက်တိုင်ပေါ့။ ဒီလိုနဲ့ ၁၂ ရာသီခွင် ဖြစ်လာပါတယ်။

၂၀၁၄ မြင်းနှစ်၊၂၀၁၅ ဆိတ်နှစ်၊ ၂၀၁၆ မျောက်နှစ်၊၂၀၁၇ ကြက်နှစ်၊၂၀၁၈ ခွေးနှစ်၊၂၀၁၉ ဝက်နှစ်၊ ၂၀၂၀ ကြွက်နှစ်၊ ၂၀၂၁ နွားနှစ်၊ ၂၀၂၂ ခုနှစ် ကျားနှစ်၊ ယခုနှစ် ၂၀၂၃ ခုနှစ် ယုန်နှစ်

ရေးသားသူ – 天下第一

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။