၀က်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကို သက်သာပျောက်ကင်းစေတဲ့ အိမ်တွင်းဖြစ်ဆေးနည်း

Health
၀က်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကို သက်သာပျောက်ကင်းစေတဲ့ အိမ်တွင်းဖြစ်ဆေးနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၀က်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကို သက်သာပျောက်ကင်းစေတဲ့ အိမ်တွင်းဖြစ်ဆေးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝက်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကြောင့် စိတ်ညစ်နေရရင်……။အမဲစက်တွေကြောင့် စိတ်ညစ်နေရတယ် ဘာလုပ်ရမလဲ??? အကြံဉာဏ်ပေးပါဦး တင်ပေးပါဦး ဆိုသူတွေအတွက် လွယ်ကူရိုးရှင်းပြီး အကုန်အကျသက်သာတဲ့ သဘာဝအိမ်တွင်းနီးလေးကို ယူဆောင်လာပါပြီ..။နည်းလမ်းကတော့ အာလူးတစ်မျိုးတည်းပါပဲ။ဒါပေမယ့်လည်း ပိုပြီးထိရောက်စေတဲ့ နည်းလမ်းလေးတော့ ရှိတာပေါ့ ဘယ်လိုလုပ်လဲဆိုတာ ကြည့်ရအောင်ပါ။

ပြုလုပ်ပုံ – အာလူးကို ရေစင်အောင်ဆေးပါ အခွံနွှာပါ၊

သနပ်ခါးကျောက်ပျဉ်ကိုလည်း ရေစင်အောင်ဆေးပါ (ကျွန်မကတော့ ရေပူနဲ့ ဆေးပါတယ် မျက်နှာမှာသုံးမှာဖြစ်တဲ့အတွက် bacteria မဝင်ဖို့ သတိထားရပါမယ်)အခွံနွှာထားတဲ့ အာလူးကို ရေအနည်းငယ်ဖြင့် ကျောက်ပျဉ်ပေါ်သွေးပါ ပြီးရင် အာလူးကိုယူပြီး မျက်နှာပေါ်လိမ်းပေးပါ။

အရေကုန်သွားရင် ထပ်သွေးပြီး လိမ်းပါ(သွေးထားတဲ့ အရည်ကို မလိမ်းပါဘူးနော်… သွေးထားတဲ့ အာလူးကို ကိုင်ပြီးလိမ်းတာပါ) ဘာကြောင့် သွေးပေးတာလဲဆိုတော့ အာလူးထဲက အာနိသင်တွေ ပိုထွက်စေချင်လို့ပါရှင့်။လိမ်းပြီးပြီဆိုရင် လုံးဝခြောက်ပြီး တင်းလာတဲ့အထိ မိနစ် ၂၀ ခန့်ထားပေးပါ ပြီးရင်တော့ မိမိသုံးနေကျ facial foam လေးနဲ့ မျက်နှာသစ်လို့ရပါပြီ။

ဒီနည်းကတော့ တကယ်ကို ထိရောက်ပြီး ဘေးဥပဒ် (side effect) မရှိတာမို့ တင်းတိပ်အရမ်းများနေတဲ့သူများ၊ အမှန်တကယ် လိမ်းဖို့လိုအပ်နေတဲ့သူများနေ့တိုင်း လိမ်းပေးလို့ရပါတယ်နော်။

ဒီနည်းလမ်းလေးကို တစ်ချို့က သိတယ် တစ်ချို့က မသိဘူး တစ်ချို့ကလည်း သိရက်နဲ့ မလုပ်ဘူး။ တစ်ခုတော့ရှိတာပေါ့ …။ဘယ်အရာမဆို ဒီနေ့လုပ် ဒီနေ့ပျောက်ဆိုတာ မရှိပါဘူးနော်…။စိတ်ရှည်ရှည်လုပ်မှ result တစ်ခုကို ရတာပါ

ရေးသားသူ – shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။