ဧပြီ ၇ ရက်နေ့မှာ ချစ်သူနဲ့ လက်ထပ်တော့မယ့် မင်းသားချော လီဆွန်းဂီ

Celebrity International News
ဧပြီ ၇ ရက်နေ့မှာ ချစ်သူနဲ့ လက်ထပ်တော့မယ့် မင်းသားချော လီဆွန်းဂီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဧပြီ ၇ ရက်နေ့မှာ ချစ်သူနဲ့ လက်ထပ်တော့မယ့် မင်းသားချော လီဆွန်းဂီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမင်းသားချော လီဆွန်းဂီကလည်း ပရိသတ်တွေရဲ့အသည်းကို ခွဲလိုက်ပြန်ပါပြီ။ သူဟာ သူ့ချစ်သူကောင်မလေး သရုပ်ဆောင်မင်းသမီး လီဒါအင်နဲ့ လက်ထပ်တော့မယ်ဆိုတာကို ဇန်နဝါရီ ၇ ရက်နေ့မှာ ပရိသတ်တွေကို လက်ရေးစာတစ်စောင်နဲ့ အသိပေးလာခဲ့လို့ပါပဲ။

သူ့လက်ရေးစာမှာ
“မင်္ဂလာပါ..ကျွန်တော် လီဆွန်းဂီပါ။ အခုနှစ်မှာ စာအရှည်ကြီးတွေရေးဖို့ အကြောင်းအရင်းတော်တော်များများ ရှိပုံရတယ်။ အခု ကျွန်တော့်ဘဝရဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်ကို ကျွန်တော် ပြောပြတော့မှာပါ။ ကျွန်တော့်ချစ်တဲ့ လီဒါအင်နဲ့ ချစ်သူစုံတွဲအနေနဲ့သာမက အိမ်ထောင်သည်အဖြစ်နဲ့ပါ ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျွန်တော် လက်ထပ်ခွင့်တောင်းခဲ့တယ်။ သူ(မ) လက်ခံခဲ့တယ်။ ကျွန်တော်တို့ရဲ့မင်္ဂလာပွဲကို ဧပြီလ ၇ ရက်နေ့ ကျင်းပမှာပါ။

Lee Seung Gi Takes A Look At All His Past K-Drama Roles And Reveals His  Honest Opinions About Them - Koreaboo

အခုဆို ကျွန်တော် ထာဝရတာဝန်ယူရမယ့်သူတစ်ယောက်ရှိနေပြီဖြစ်တဲ့အတွက် ပရိသတ်တွေကို ဝမ်းသာအားရနဲ့ ဒီသတင်းကို တိုက်ရိုက်ပြောပြချင်ခဲ့တယ်။ သူ(မ) က နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာတွေပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ ကျွန်တော့်ဘေးမှာ ထာဝရရှိနေစေချင်တဲ့သူတစ်ယောက်ပါ။

 

ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကို အတူတကွမျှဝေချင်တယ်။ ဘဝမှာ ခက်ခဲတဲ့အချိန်တွေရှိနေရင်တောင် တစ်ယောက်နဲ့တစ်ယောက် ဆုပ်ကိုင်ထားတဲ့လက်တွေကိုမလွှတ်ဘဲ ဒီအခက်အခဲတွေကို အတူကျော်လွှားချင်တယ်။ ကျွန်တော်တို့ရဲ့ရှေ့ဆက်မယ့်အနာဂတ်အတွက် ပရိသတ်တွေ ပံ့ပိုးကူညီပေးကြမယ်လို့ မျှော်လင့်ပါတယ်။ အခြားသူတွေကို ပြန်လည်ပေးဆပ်ရင်းနဲ့ ကျွန်တော်တို့ ပျော်ရွှင်စွာ နေထိုင်သွားမှာပါ။ ကျေးဇူးတင်ပါတယ်”လို့ ရေးသားထားပါတယ်။

Who is Lee Da In? The girlfriend of Lee Seung Gi

မင်းသားလီဆွန်းဂီနဲ့ မင်းသမီး လီဒါအင်တို့က သူတို့ရဲ့ဆက်ဆံရေးကို ၂၀၂၁ ခုနှစ် မေလမှာ အတည်ပြုပေးခဲ့ကြတာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။