အိမ်ပူအိမ်ဆူကင်းစေရန်ယတြာ

Astrology

အိမ်ပူအိမ်ဆူကင်းစေရန်ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်ပူအိမ်ဆူကင်းစေရန်ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်ပူအိမ်ဆူကင်းစေရန်ယတြာ

တချို့အိမ်တွေမှာတချို့မိသားစုတွေမှာစီးပွါးရေးအဆင်မပြေကြလို့တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းမဆိုင်မိလိုက်နဲ့ ရန်စကား စပြောပြီးရန်ပွဲဖြစ်ကြတာတွေ မြင်ဖူးကြပါလိမ့်မယ် ။

တချို့အိမ်တွေတချို့မိသားစုတွေမှာတော့စီးပွါးရေး အဆင်မပြေကြပေမယ့်လည် တစ်ယောက်နဲ့ တစ်ယာက်ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နေ့စဥ် ပျော်စရာကြီးပင် ကောင်းသေးတော့ ။

တချို့အိမ်တွေတချို့မိသားစုတွေကျပြန်တော့ငွေကြေးဥစ္စာဘယ်လောက် ချမ်းသာချမ်းသာတစ်ယောက်နဲ့ တစ်ယောက်မျက်နှာချင်း မဆိုင်လိုက်မိနဲ့ရန်စကားတွေပြောရန်ပွဲတွေဖြစ်နဲ့စိတ်ညစ်စရာကြီးကို ဖြစ်လို့ ။

Robin Williams estate fight: Even good planning can't prevent a rancorous  dispute.

ဆိုလိုတာကအိမ်ပူဆူတာ မိသားစုအချင်းချင်း ၊ မွေးချင်းအချင်းချင်းမသင့်မြတ်ဘူးဆိုတာတွေဟာပိုက်ဆံချမ်းသာခြင်းပိုက်ဆံမရှိခြင်းနဲ့ရာနှုန်းပြည့် မသက်ဆိုင်ဘူးလို့ ပြောချင်တာပါ ။

ဟုတ်ပါပြီ ။ဒါဆိုရင်အိမ်သူ အိမ်သားတွေ အချင်းချင်းသင့်မြတ်အောင် ဘယ်လိုလုပ်ရမလဲ? ။

ယတြာက သိပ်ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး ။
မကြာခဏတော့ ပြုလုပ်ပေးရမယ်ပေါ့ ။

တနင်္ဂနွေသားသမီးဖြစ်ရင်ဘုရားတစ်ဆူဆူသွားပြီးညောင်ပင်ကိုငွေရည်လောင်းပါ။(အကြွေစေ့(သို့)ငွေစက္ကူတို့ကိုရေဆေးကြောပြီးရတဲ့ရေဖြစ်ပါတယ်။)

တနင်္လာသားသမီးဖြစ်ရင်လမ်းခင်းလမ်းပြင်ဘုရားတန်ဆောင်းမှာတံမြက်လှည်းပေးပါ။

အင်္ဂါသားသမီးဖြစ်ရင်သူတောင်းစားနဲ့မျက်မမြင်တွေကိုစားစရာလှူဒါန်းပေးပါ။

ဗုဒ္ဓဟူးသားသမီးဖြစ်ရင်စာကလေးတွေကိုအစာကျွေး၊#ကြံပင်ကိုငွေရည်လောင်း၊#မြေချိုင့်ခွက်တွေကိုမြေဖို့ပေးပါ။

ကြာသပတေးသားသမီးဖြစ်ရင်ဆွမ်းဆန်စိမ်းလောင်းလှု၊#ကြက်ခွေးအစာကျွေးအိုးအိမ်ချို့တဲ့သူတွေကိုအစားအစာဒါနလုပ်ပေးပါ။

သောကြာသားသမီးဖြစ်ရင်ကျီးစာကျွေး၊#ကြက်ဘေးမဲ့လွှတ်တံမြက်စည်းလှူတံတားပြုပြင်ပေးပါ။

စနေသားသမီးဖြစ်ရင်ဘုန်းတော်ကြီးကျောင်းကကုဋီရေဆေး၊#ရေဖြည့်လူသွားလမ်းစင်္ကြံကိုလမ်းခင်းပေးပါ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။