“မင်္ဂလာရက်မြတ်လက်ထပ်မယ့်သူတွေ”

Astrology

“မင်္ဂလာရက်မြတ်လက်ထပ်မယ့်သူတွေ”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “မင်္ဂလာရက်မြတ်လက်ထပ်မယ့်သူတွေ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“မင်္ဂလာရက်မြတ်လက်ထပ်မယ့်သူတွေ”

8 Important Things to Consider Before Getting Married

တန်ခူးလနှင့် ကဆုန်လတွင် ထိမ်းမြားမင်္ဂလာပြုပါက ပြီးပြည့်စုံသောဘဝကို ပိုင်ဆိုင်ပြီး ချမ်းသာသုခရရှိနိုင်ပါသည် ။
နယုန်လတွင် ထိမ်းမြားမင်္ဂလာပြုပါက ပျော်ရွှင်သော ဘဝခရီးလမ်းကို သာယာဖြောင့်ဖြူးစွာလျှောက်လှမ်းနိုင်ပြီး စစ်မှန်သောမေတ္တာတရားဖြင့်အိမ်ထောင်သုခ ခံစားရနိုင်ပါသည် ။
သီတင်းကျွတ်လတွင် ထိမ်းမြားမင်္ဂလာပြုပါက စီးပွားဥစ္စာတိုးပွားကာ သားကောင်းသမီးကောင်းထွန်းကားမည် ။ ပြီးပြည့်စုံသော ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်မည် ။
တန်ဆောင်မုန်းလတွင် ထိမ်းမြားမင်္ဂလာ ပြုပါကသာယာပျော်ရွှင်သော ဘဝခရီးလမ်း လျှောက်လှမ်းနိုင်မည် ။ စိုးရိမ်ပူပင်သောက ကင်းဝေးမည် ။အသုံးအဆောင်ပစ္စည်း ပေါများမည် ။
တပို့တွဲလတွင် ထိမ်းမြားမင်္ဂလာပြုပါက စည်းစိမ်ဥစ္စာဓန ပေါကြွယ်ဝမည် ။ အိမ်ထောင်ရေးသာယာ စီးပွား ဖြစ်ထွန်းလွယ်မည် ။
ဤခြောက်လတွင်မှန်စွာအိမ်ထောင်ပြုသင့်သည်ဟု လေ့လာသိရှိရပါသည် ။

“အိမ်ထောင်ဖက်ရွေးရန် နေ့နံများ”

( ဦးသာ စိန်ပန်း ဒန်းလှ ကိုရှာ )
ဦးသာ = တနင်္ဂနွေ ၊ သောကြာ ။
စိန်ပန်း = အင်္ဂါ ၊ ကြာသပတေး ။
ဒန်းလှ = စနေ ၊ ဗုဒ္ဓဟူး ။
ကိုရှာ = တနင်္လာ ၊ ရာဟု ။
အိမ်ထောင်မိတ်ဘက် ဖြစ်ပါတယ် ။
( အောင်ပ ကုလား ဆွေသား တော်ရင်း )
အောင်ပ = တနင်္ဂနွေ ၊ ကြာသပတေး ။
ကုလား = တနင်္လာ ၊ ဗုဒ္ဓဟူး ။
ဆွေသား = အင်္ဂါ ၊ သောကြာ ။
ဆွေသား = စနေ ၊ ရာဟု ။
အိမ်ထောင် ဓာတ်ဘက် ဖြစ်သည် ။
( အန္တော ဂဗ္ဗေ စရေ ဝံသေ )
အန္တော = တနင်္ဂနွေ ၊ စနေ ။
ဂဗ္ဗေ = တနင်္လာ ၊ ကြာသပတေး ။
စရေ = အင်္ဂါ ၊ ရာဟု ။
ဝံသေ = ဗုဒ္ဓဟူး ၊ သောကြာ ။
ဤလင်္ကာများအရ မိတ်ဘက် ၊ ဓာတ်ဘက်များနှင့် အိမ်ထောင်ပြုအပ်ပါသည် ။

“အိမ်ထောင်ရန်ဖက်”

( ဓမ္မာ သောက အင်း၀ ရာဇာ )
ဓ မ္မာ = စနေ ၊ ကြာသပတေး ။
သောက = သောကြာ ၊ တနင်္လာ ။
အင်း၀ = တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ။
ရာဇာ = ရာဟု ၊ အင်္ဂါ ။
“အပြင်ရန်”
( ဦးညို ခေမာ သုတ ဝေရီ )
ရာဇာ = တနင်္ဂနွေ ၊အင်္ဂါ ။
ခေမာ = တနင်္လာ ၊ ကြာသပတေး ။
သုတ = သောကြာ ၊ စနေ
ဝေရီ = ဗုဒ္ဓဟူး ၊ ရာဟု ။
“အတွင်းရန်”
( ဦးဝေ စံကူး ရေဗူး တောသူ )
ဦးဝေ တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ။
စံကူး = အင်္ဂါ ၊ တနင်္လာ ။
ရေဗူး = ရာဟု ၊ ကြာသပတေး ။
တောသူ = စနေ ၊ သောကြာ ။
ဤလင်္ကာများအရ အပြင်ရန် ၊ အတွင်းရန်များဖြစ်သည့်အတွက် အိမ်ထောင်မပြုကောင်းဟုဆိုသော်လည်း စီးပွားဖြစ်ချင်သူများမှာ ဥစ္စာလို ရန်ဂြိုလ်ရှာ ဆိုသည့် ဆောင်ပုဒ်အရ အိမ်ထောင်ပြုလေ့ရှိကြသည် ။

သို့သော်ငြားလည်း ကျွန်တော်တို့အဘဆရာကြီးဒေါက်တာမင်းသိင်္ခကမူ ဇနီးမောင်နှံ နှစ်ဦး၏ ဇာတာနှစ်စောင်ကို အသေးစိပ်တွက်စစ်ပြီး ဟောပြောရန် သင်ကြားပြသပေးခဲ့ပါသည် ။ ထို့ကြောင့်် ကျွန်တော့်အနေဖြင့်လည်း အဘဆရာကြီးသင်ကြားပြသမှုနည်းစနစ်အတိုင်း ယနေ့အထိ ဟောပြောလာခဲ့ရာ အတိအကျမှန်ကန်မှုရှိသည်ကို တွေ့ရှိရပါသည် ။

“အိမ်ထောင်ဘက် နက္ခတ်ရွေးနည်း”

ကိုယ့်ရဲ့ အင်္ဂလိပ် မွေးခုနှစ်ထဲက ( ၆၃၈ ) ကိုနုတ်ပါ။ မြန်မာသက္ကရာဇ်ရပါသည် ။
( ၁ ) လပိုင်းကနေ ( ၄ )လပိုင်း (၁၆)ရက်အတွင်း မွေးတဲ့သူဆိုရင်တော့ ကိုယ့်ရဲ့အင်္ဂလိပ် မွေးခုနှစ်ထဲက ( ၆၃၉ ) ကိုနုတ်ပါ ။ မြန်မာသက္ကရာဇ်ရပါသည် ။
မိမိမြန်မာ မွေးသက္ကရာဇ်ကိုတည် (၃)နှင့်စားပါ။
၁ ကြွင်းလျှင် နတ်နက္ခတ် ။
၂ ကြွင်းလျှင် လူနက္ခတ် ။
၀ ကြွင်းလျှင် ဘီလူးနက္ခတ် တို့ဖြစ်ပါသည် ။
နတ်နက္ခတ် အချင်းချင်း လက်ထပ်မူ အသက်ရှည်အံ့ ။
လူနက္ခတ် အချင်းချင်း လက်ထပ်မူ ချစ်ခြင်းမေတ္တာမျှအံ့ ။
ဘီလူးနက္ခတ် အချင်းချင်း လက်ထပ်မူ တန်ခိုးကြီးအံ့ ။
လူနက္ခတ် နှင့် နတ်နက္ခတ် လက်ထပ်မူ ချမ်းအေးအံ့ ။
လူနက္ခတ် နှင့် ဘီလူးနက္ခတ် လက်ထပ်မူ ပျက်စီးလွယ်အံ့ ။ကွေကွင်းရတတ်ခြင်း ၊ တစ်ယောက်တစ်နေရာစီ ခွဲနေရခြင်း ၊ ကျန်းမာရေး ချို့တဲ့ခြင်း ၊ ပူပင်သောက ဆင်းရဲဒုက္ခကြုံရခြင်းတို့ ကြုံတွေ့ရတတ်ပါသည် ။

သို့ဖြစ်ပါ၍ အိမ်ထောင်ရေး မပျက်ဆီးစေရန် “ဘီလူးနက္ခတ်ပူဇော်ပွဲ”(ကျား ၊ မ ဇာတာအလိုက်) မကြာခဏ ပြုလုပ်ပေးရပါသည် ။ဘီလူးနက္ခတ် နှင့် နတ်နက္ခတ် လက်ထပ်မူ ရန်ကင်းအံ့ ။

“အိမ်ထောင်ဘက်နေ့နံထပ် အယူအဆများ”

တနင်္ဂနွေ သားသမီး အချင်းချင်း လက်ထပ်မူ ချမ်းသာကြွယ်ဝအံ့ ။
တနင်္လာသားသမီး အချင်းချင်း လက်ထပ်မူ ဒုက္ခပွားများရအံ့ ။
အင်္ဂါသားသမီး အချင်းချင်း လက်ထပ်မူ ဘေးရန်များတတ်အံ့ ။
ဗုဒ္ဓဟူးသားသမီး အချင်းချင်း လက်ထပ်မူ စီးပွားတိုးတတ်အံ့ ။
ကြာသပတေး သားသမီး အချင်းချင်း လက်ထပ်မူ ချစ်ကြည် ချမ်းသာသုခကို ခံစားရအံ့ ။
သောကြာ သားသမီး အချင်းချင်း လက်ထပ်မူ ဒုက္ခဆင်းရဲရောက်ရအံ့ ။
စနေ သားသမီး အချင်းချင်း လက်ထပ်မူ ရန်များပြီး အိမ်ထောင်ရေး ပြိုကွဲအံ့ ။
ရာဟု သားသမီး အချင်းချင်း လက်ထပ်မူ အိမ်ထောင်သက် မရှည်မြဲတတ်အံ့ ။

လက်ထက်ထိမ်းမြား မင်္ဂလာပြုရန် အကောင်းဆုံး လများ

တန်ခူးလ နယုန်လ သီတင်းကျွတ်လ တပို့တွဲလ တို့ဖြစ်ပေသည် ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။