အကြပ်အတည်းကြားမှာထပ်မလွဲမှားဖို့

Astrology
အကြပ်အတည်းကြားမှာထပ်မလွဲမှားဖို့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကြပ်အတည်းကြားမှာထပ်မလွဲမှားဖို့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အကြပ်အတည်းကြားမှာထပ်မလွဲမှားဖို့

အခုတခါမှာတော့ နေ့စဉ်နေ့အလိုက် ရှောင်သင့်သော အလုပ်ကိစ္စနှင့် မလွှဲမရှောင်သာ လုပ်ရပါမည်ဆိုပါက ယတြာပြုသင့်ကြောင်းလေးကိုပရိသတ်အား ကျွန်တော် ပေးလိုက်ပါသည် ။

(၁)တနင်္ဂနွေနေ့တွင် အထည်အလိပ်၊ ထီး၊ ထီ၊ ဖိနပ် ရောင်းဝယ်ရေးလုပ်ငန်း စကားပြောလိုက ရှောင်သင့်ပါသည်။ ဝယ်လိုပါကလည်း ရှောင်သင့် ပါသည်။

မလွှဲမရှောင်သာ ရောင်းဝယ်မှု ပြုလိုပါကမြတ်စွာဘုရားအား မုန့်ဟင်းခါးဆွမ်းလှူဒါန်းပြီး မိမိ လက်ရှိဝတ်ထားသော အဝတ်များကို ရေစိမ်ပြီးမှ ပြုလျှင်ပို၍ အဆင်ပြေပါလိမ့်မည်။

(၂)တနင်္လာနေ့တွင် အိမ်တက်ခြင်း၊ အိမ် ရောင်းခြင်း၊ အလုပ်သစ်လျှောက်လွှာ ပေးပို့ခြင်းမှာ မထင်မှတ်သော အခက်အခဲကို ကြုံဆုံရတတ်ပါ သည်။

အကယ်၍ မဖြစ်မနေဆောင်ရွက်ရမည်ဆို ပါက ဆွမ်းထမင်းပေါ်တွင် နို့ဆီဆမ်းပြီး လှူရပါ မည်။ ပြီးနောက် မိမိအိမ်တွင်သုံးသော အိုးခွက်အချို့ ရေဆေးပြီးမှ ဆောင်ရွက်သင့်၏။

(၃)#င်္ဂါနေ့တွင် ငွေကြေးချေးငှား အပေး အယူ စာချုပ်ချုပ်ဆိုခြင်း၊ ဆွေးနွေးခြင်းတို့ ပြုလုပ်ပါက မထင်မှတ်ဘဲ ပျက်ပြယ်တတ်၏။

မလွှဲမရှောင်သာ ပြုလုပ်ရမည်ဆိုပါက အုန်းထမင်း နှင့် သောက်တော်ရေလှူဒါန်းပြီး ကိတ်မုန့်ကို ချေမွပြီး မိမိ အိမ်နောက်သို့ ပစ်လိုက်ခြင်းဖြင့် အဆင်ပြေနိုင်ပါလိမ့် မည်။

(၄)ဗုဒ္ဓဟူးနေ့တွင် ဆေးဝါးကိစ္စ၊ စက်ပစ္စည်းကိစ္စ၊အင်္ဂါနံ ရောင်းဝယ်မှု ၊စာချုပ်ကိစ္စများ ဆောင်ရွက်ပါက ထိရောက်သေချာမှုမရှိ ပျက်ပြယ်တတ်လေသည်။

မလွှဲမရှောင်သာ ကြုံရပါက အင်ကြင်းပန်းရလျှင် အင်ကြင်းပန်းလှူပါ။ မရပါက ကိတ်မုန့် လေးနှင့်အတူ အနီရောင် ဖယောင်းတိုင်မီး ပူဇော် သင့်၏။ ပြီးနောက် ဆေးဘူးကွဲအဟောင်းများနှင့် ဆားအနည်းငယ်ကို အိမ်နောက် အမှိုက်ပုံးသို့ ထည့် ခြင်းဖြင့် သင့်တော်သော အောင်မြင်မှုရနိုင်ပါမည်။

(၅)ကြာသပတေးနေ့တွင် သာမန်အရပ်သားများ ရုံးလုပ်ငန်းတွင် တွေ့ဆုံရခြင်း၊ သားရေးသမီးရေးကိစ္စ ဆွေးနွေးခြင်း၊ ရွှေနှင့် ရေထွက်ပစ္စည်းလုပ်ငန်းကိစ္စဆွေးနွေးခြင်း ရှောင်သင့်၏။

မလွှဲမရှောင်သာ ပြုလုပ်ရမည်ဆိုပါက ကြာဆံ၊ ခေါက်ဆွဲကို ဆွမ်းအဖြစ် လှူဒါန်းပြီး မိမိအိမ်နောက်ရှိ ရေကန်၊ ရေအိုးများ ဆေးကြောပြုပြင်ပြီး အသုံးပြုခြင်းဖြင့် အပျက်သ ဘောများ ကြေပျက်ပြီး အဆင်ပြေမှုရနိုင်ပါလိမ့်မည်။

(၆)သောကြာနေ့တွင် ပညာရေးကိစ္စ ဆွေးနွေးတိုင်ပင်ခြင်း၊ မုန့်နှင့် မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ချီမှု စတင်ခြင်းများကို ရှောင်သင့်ပါသည်။

အကယ်၍ မလွှဲမရှောင်သာ လုပ်ရမည်ဆိုပါက ဆီးယိုထုပ်ကို ဖောက်ပြီး ဘုရားနှင့် သံဃာများကို လှူဒါန်းခြင်း ပြုလုပ်ပေးရပါမည်။ အိမ်ရှိ ပဲ၊ ပေါက်ပေါက် လက်(၅)ဆုပ်ကို နောက်ဖေးအမှိုက်ပုံးသို့ ပစ်ထည့်ခဲ့ခြင်းဖြင့် အဆင်ပြေမှု ရနိုင်ပါသည်။

(၇)စနေနေ့တွင် နိုင်ငံခြားခရီးသွားရန်ကိစ္စ၊အနုပညာ နှင့် အလှကုန်ထုတ်လုပ်ဖြန့်ချိမှု စတင်မည်ဆိုပါက ရှောင်သင့်၏။

မလွဲမရှောင်သာ ပြုလုပ်လိုပါက ဘုရားကို လက်ဖက်သုပ်လှူဒါန်းပြီး နောက်ဖေးမှာ သစ်သီးတစ်လုံးကို ထုချေပြီး အိမ်နောက် အမှိုက်ပုံးသို့ ပစ်ထည့်ခြင်းဖြင့် အဆင်ပြေနိုင်ပါလိမ့်မည်။ထိုသို့လုပ်ရာတွင် နံနက် ​၆နာရီ နှင့် ၇း၃၀နာရီကြား အပြီးပြုလုပ်သင့်ပါသည်။

အခြေအနေအမျိုးမျိုး အကျပ်အတည်းကြားမှ ထပ်မံလွဲချော် ခက်ခဲမှု မကြုံရလအောင်
အကြံပြု တင်ပြလိုက်ရခြင်းဖြစ်၏။မည်သို့အလုပ်မဆို စိတ်ကောင်း စေတနာ ကောင်းထားပြီး ကံ ၊ ဉာဏ် ၊ ဝီရိယကိုမျှတစွာ အသုံးပြုနိုင်ပါက အောင်မြင်မည်မှာ မလွဲပေ။ချမ်းသာသုခပြည့်ဝပါစေ။

ရေးသားသူ –Crd

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။