၁၇ နှစ်မှ ၃၀ အတွင်း အပျို လူပျိုများသာ ပါဝင်ဆင်နွှဲခွင့်ရတဲ့ အနမ်းဖလှယ်ပွဲတော်

International News Local News
၁၇ နှစ်မှ ၃၀ အတွင်း အပျို လူပျိုများသာ ပါဝင်ဆင်နွှဲခွင့်ရတဲ့ အနမ်းဖလှယ်ပွဲတော်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၇ နှစ်မှ ၃၀ အတွင်း အပျို လူပျိုများသာ ပါဝင်ဆင်နွှဲခွင့်ရတဲ့ အနမ်းဖလှယ်ပွဲတော် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၇ နှစ်မှ ၃၀ အတွင်း အပျို လူပျိုများသာ ပါဝင်ဆင်နွှဲခွင့်ရတဲ့ အနမ်းဖလှယ်ပွဲတော်

Omed omedan ဆိုသည်မှာ အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီလူမျိုးတို့ စကားအရ ဆွဲ ဆွဲ လို့ အဓိပ္ပါယ်ရသလို ထုံးတမ်းစဉ်လာအရအနမ်းပေးကြတဲ့ ပွဲတော် အနမ်းပွဲတော် ဟုလည်း အခုအချိန်မှာ လူသိများနေတဲ့ ကမ္ဘာကျော် ပွဲတော်တစ်ခု ဖြစ်ပါတယ်။

Omed omedan လို့ ဘာလီစကားအရ ခေါ်ကြတဲ့ ဒီရိုးရာ ဓလေ့ပွဲတော်ကို ဘာလီရှိ Banjar Kaja နဲ့ Sesetan Denpasar ဆိုသည့်ကျေးရွာလေးတွေမှာ ကျင်းပလာခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော် ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီပွဲတော်ကို ဆင်နွှဲခဲ့ကြသူတွေက အဆိုပါ ကျေးရွာလေးမှ ဒေသခံ လူငယ်လေးတွေကပဲ အရင်က ကျင်းပြုလုပ်ကာ ဆင်နွဲခဲ့ကြပြီးဒီပွဲတော်ဟာ လူငယ်တွေအတွက် အဓိကကျင်းပကြတာလည်း ဖြစ်ပါတယ်။

Bali ဘာသာစကားအရ Omed omedan ဆိုတာ ဆွဲသည် ဆွဲငင်သည် လို့ အဓိပ္ပါယ်ရသလိုဒီရိုးရာ ဓလေ့ကတော့ လူငယ်များအတွက်ကို ကျင်းပပေးသည့် အခမ်းအနားတစ်ခု ဖြစ်သည်။ဘာလီဘာသာစကားမှ ဆင်းသက်လာပြီး ဆွဲငင်သည်ဟု အဓိပ္ပါယ်ရတဲ့ ဒီပွဲတော်သည်ဝက်အထီးနှင့် ဝက်အမတို့ရဲ့ အကြား ဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှ အစပြုပြီး အပြုသဘောဆောင်သော

အကောင်းမြင်စေတဲ့ ဆွဲငင်မှုနဲ့ အနှုတ်သဘောဆောင်သော မကောင်းတဲ့ လက္ခဏာ အငွေ့အသက် ၏ တွန်းအားတို့ရဲ့အကြားအားပြိုင်မှုကို ကိုယ်စားပြုသည့် အနေဖြင့် ကျင်းပခဲ့ကြတဲ့ ပွဲတော် ဖြစ်ပါတယ်။

သမိုင်းအရ ဒီကျေးလက် ဓလေ့ထုံးတမ်းလာ ပွဲတော်လေးဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့်ခဲ့သလိုအရင်ကတော့ Banjar Kaja နဲ့ Sesetan Denpasar ရွာ ၂ ရွာမှ လူငယ်များသာ ဒီပွဲတော်ကို ပါဝင် ဆင်နွှဲနိုင်ခွင့် ရှိတာ ဖြစ်ပါတယ်။

မူလပွဲတော်က အခုလိုမျိုး မဟုတ်ဘူးဟု ဆိုခဲ့ကြပေမယ့် အခုလို အုပ်စုလိုက် တဖက်နဲ့ တဖက် အနမ်းပေးတဲ့ ဓလေ့က မည်သည့်အချိန် ကာလမှာမည်သူက စပြီး ထည့်သွင်းလို့ စတင်ပေါ်ပေါက်လာသော ဓလေ့ တစ်ခု ဖြစ်ကြောင်း ဟူ၍လည်း ဘယ်သူမှ မသိကြပါဘူး။

သူ့ဟာသူ ဘယ်သူက ဘယ်အချိန်က ဘာကြောင့်ပဲ ဒီဓလေ့ကို ထည့်လို့ ဘယ်အချိန်က ပေါ်လို့ပဲဖြစ်ဖြစ် မပေါ်လို့ပဲ ဖြစ်ဖြစ်ဒီကိစ္စအပေါ်မှာ ဘယ်သူတွေကမှ ရှင်းရှင်း လင်းလင်း သိချင်တဲ့သူ မရှိဘူးဆိုတာ သေချာ မသိရပေမယ့်လည်း သေချာတာကတော့ယနေ့မှာ လူငယ်တွေရဲ့အကြားမှာ ဒီပွဲတော်ဟာ ရေပန်းစားတဲ့ ပွဲတော်တစ်ခု ဖြစ်လာခဲ့ပါပြီ။

ရေးသားသူ – Shwe Ka Thit News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။