ကင်ဆာရောဂါဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကို အားပေးဖို့ မီးသတ်သမားတွေအားလုံးနီးပါး ဆံပင်ရိတ်ပစ်ခဲ့ကြ

International News Local News
ကင်ဆာရောဂါဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကို အားပေးဖို့ မီးသတ်သမားတွေအားလုံးနီးပါး ဆံပင်ရိတ်ပစ်ခဲ့ကြ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကင်ဆာရောဂါဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကို အားပေးဖို့ မီးသတ်သမားတွေအားလုံးနီးပါး ဆံပင်ရိတ်ပစ်ခဲ့ကြ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကင်ဆာရောဂါဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကို အားပေးဖို့ မီးသတ်သမားတွေအားလုံးနီးပါး ဆံပင်ရိတ်ပစ်ခဲ့ကြ

ကင်ဆာရောဂါဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို အားပေးဖို့ မီးသတ်သမားတွေ သူတို့ရဲ့ဆံပင်ကို ရိတ်ပစ်ခဲ့ကြပါတယ်။ အခုဆို တက္ကဆပ်ပြည်နယ်မီးသတ်ဌာနမှာ မီးသတ်သမားအားလုံးနီးပါး ကတုံးတွေဖြစ်နေပါပြီ။ တက္ကဆပ်ပြည်နယ်က Jarrell Fire Department မှာ လုပ်သက် (၅) နှစ်ကြာပြီဖြစ်တဲ့ ဂျိတ် အိုဝမ်က ဇန်နဝါရီလကုန်လောက်က ဦးနှောက်အကျိတ်ကင်ဆာရောဂါကို စစ်ဆေးတွေ့ရှိခဲ့တာပါ။

ရောဂါတွေ့ရှိခဲ့ပြီးတဲ့နောက် မကြာခင်မှာ အသက် ၂၄ နှစ်အရွယ် မီးသတ်သမားဂျိတ်က အကျိတ်တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားဖို့ (၁၀) နာရီကြာ ခွဲစိတ်မှုပြုလုပ်ခဲ့ရတယ်။ ရက်အတော်ကြာပြီးနောက် ကျန်ရှိနေတဲ့အကျိတ်တွေကို ထပ်ပြီး ဖယ်ရှားဖို့ ၈ နာရီကြာ ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတာပါ။

ဟူစတန်မြို့မှာ ဂျိတ် ဆေးရုံတက်နေရချိန် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်မီးသတ်သမားတွေက သူတို့ရဲ့ဆံပင်တွေကို ရိတ်ပစ်ပြီးတော့ သူ့ကိုအားပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပထမဆုံးဆံပင်ရိတ်ပစ်ခဲ့တဲ့သူက ဂျိတ်ရဲ့ကြီးကြပ်ရေးမှူးပါ။ တစ်နေ့တော့ သူဟာ အလုပ်ကို ကတုံးပုံစံနဲ့ရောက်လာခဲ့တာပါ။ အဲဒီနောက်မှာ မီးသတ်သမားတွေအားလုံးက “ငါတို့ လုပ်လိုက်ကြရအောင်” လို့ပြောပြီး ဆံပင်တွေ ရိတ်ပစ်ခဲ့ပါတယ်။ မီးသတ်ဌာနရဲ့ အဖွဲ့ဝင် (၂) ဒါဇင်နီးပါးက သူတို့ရဲ့ဆံပင်တွေကို ရိတ်ပစ်ခဲ့တာပါ။

ဂျိတ်က အလုပ်ပျက်ပြီး ဓာတုကုတုံးနဲ့ဓာတ်ရောင်ခြည်ကုထုံးအပါအဝင် အကြာကြီးကုသမှုတွေ လုပ်ရဦးမှာဖြစ်တဲ့အတွက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက လစာမဲ့မဖြစ်အောင် ကူညီပေးဖို့ ကတိပြုကြပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေက သူ့ရဲ့နေ့၊ညအဆိုင်းတွေကို ယူပြီး လုပ်ပေးမှာပါ။

ဂျိတ်ရဲ့ဖခင်ဖြစ်သူ ခရိတ် အိုဝမ်က သူတို့မိသားစုဟာ မီးသတ်သမားတွေရဲ့ ပံ့ပိုးကူညီမှုတွေကို ခံစားမိပါတယ်လို့ ဆိုပါတယ်။ မီးသတ်အရာရှိ ရွန် စတီဝက်တ်နဲ့ ဂျိတ်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ဆေးရုံကိုလည်း လာပေးကြပြီး ဂျိတ်ရဲ့မိသားစု အနားယူနိုင်စေဖို့ သူတို့က ဂျိတ်ရဲ့ဘေးမှာ ထိုင်ပြီး အဖော်ပြုပေးကြပါတယ်။

မီးသတ်ဌာနကလည်း များပြားလှတဲ့ ဆေးဖိုးဝါးခတွေနဲ့ ဂျိတ်တို့မိသားစု ရင်ဆိုင်နေရတဲ့အတွက် ရန်ပုံပွဲတွေ စီစဉ်နေပြီး GoFundMe အကောင့်နဲ့ ကူညီပေးနေပါတယ်။ ဟူစတန်မှာ ဂျိတ်တို့မိသားစုရှိနေစဉ် ဆေးရုံနဲ့နီးတဲ့ Huston Fire Department ပိုင် တိုက်ခန်းတစ်ခုမှာ နေနေကြပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။