လတ်တလော သင့်ရဲ့ဆုတောင်းလေးတွေ ပြည့်ဝနိုင်မှာလား

Astrology

လတ်တလော သင့်ရဲ့ဆုတောင်းလေးတွေ ပြည့်ဝနိုင်မှာလား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လတ်တလော သင့်ရဲ့ဆုတောင်းလေးတွေ ပြည့်ဝနိုင်မှာလား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လတ်တလော သင့်ရဲ့ဆုတောင်းလေးတွေ ပြည့်ဝနိုင်မှာလား
အာရုံထဲသဘောအကျဆုံးပုံတပုံကိုရွေးချယ်လိုက်ပါ

 ပုံ-၁

ပုံ-၂

ပုံ-၃

ပုံ-၄

 

ပုံ-၁

သင့်ဆန္ဒတွေ ပြည့်ဝဖို့အတွက် သင်ကိုယ်တိုင် အားစိုက်ထုတ်ရမှာပါ ပြည့်ဝဖို့ကရှိနေပေမယ့် လိုအပ်တဲ့ ဥာဏ် ဝီရိယမစိုက်ထုတ်ရင်တော့ ပြည့်ဝဖို့လမ်းကဝေးနေပါသေးတယ် လောကမှာ ငွေရှိတိုင်းလဲ လိုအပ်ချက်မှန်သမျှ ပြည့်စုံနေတာမျိုးမဟုတ်ပါဘူးနော် ငွေက အရေးပါသင့်သလောက်အရေးပါပေမယ့် သင့်ရဲ့ ကံ ဥာဏ် ဝီရိယ ပိုင်းကလဲ သင့်အပေါ်ဖေးမ ပေးမှသာ သင့်ဆန္ဒတွေ ဆုတောင်းလေးတွေပြည့်ဝလာမယ် ဆိုတဲ့နမိတ်လေးကျထားလို့သင် ကိုယ်တိုင် ကြိုးစားဖို့လိုအပ်ပါတယ်

ပုံ-၂

သင့်ရဲ့ ဆုတောင်းလေးတွေ ပြည့်ဝဖို့အတွက် အရာရာ ဘာပဲ ဖြစ်ဖြစ် ရင်ဆိုင်လိုက်တော့မယ် မဖြစ်ဖြစ်အောင် လုပ်ရမှာပဲ ဆိုတဲ့စိတ်ကလေးနဲ့ ရှေ့ဆက်ချီတက်ဖို့လိုပါတယ် ဘာမှမလုပ်ရင် ဘာမှမဖြစ်ဘူး ဆိုတဲ့ နမိတ်ကဒ်လေးကျထားလို့ ထိုင်နေရုံနဲ့ ဥုံဖွ ဆိုပီး ဆုတောင်းပြည့်မှာမဟုတ်တာတော့ သင်သိထားဖို့လိုအပ်ပါတယ် သင့်ဆုတောင်းတွေပြည့်ဖို့ သင်ကိုယ်တိုင် ခုပဲ စတင်ကြိုးစားလိုက်ပါ သင့်ကြိုးစားမှုနောက်မှာ အကူအညီကောင်းတွေ ကပ်ပါလာမှာမို့ စင့်ဆုတောင်းတွေ ပြည့်ဝလာမှာ အသေအချာပါပဲ

ပုံ-၃

သင့်ဆုတောင်းတွေ ပြည့်ဝဖို့ အကြီးအကဲ အထက်လူကြီး မိသားစုထဲက အမျိုးသမီးကြီးတဦးက ကူညီပေးဖို့ စဥ်းစားနေတာမျိုးတွေရှိနေပါပီ သူကူညီလိုက်လို့ သင် မကြိုးစားတော့မှာ အေးအေးလူလူနဲ့ ဘာမှအားစိုက်ထုတ်ခြင်းမရှိတော့မှာကို သူမ က စိုးရိမ်နေပါတယ် ဒါကြောင့် ဆုတောင်းတွေပြည့်ဖို့ အကူအညီပေးမယ့်သူမ ကို စိတ်မပျက်အောင် သင့်ဘက်ကလဲ အပြည့်အဝ ကြိုးစားပြဖို့မမေ့ပါနဲ့

ပုံ-၄

သင့်ဆုတောင်းတွေ ပြည့်ဝ ဖို့ သင်ကိုယ်တိုင် က ကြိုးစားနေတာ မို့ ဆုတောင်းပြည့်ဖို့က လက်တကမ်းအလိုရောက်နေပီလို့ ပြောလို့ရပါတယ် သူများအကူအညီထက် ကိုယ့်အားကိုယ်ကိုးပီး တဆင့်ချင်းဆီ ပုံဖော်တည်ဆောက်လာခဲ့တာ ကြောင့် သင့်အတွက် ပင်ပမ်းရတာတွေ အခက်အခဲတွေကြားထဲကနေကိုပဲ သင့်ဆုတောင်းဆန္ဒ ကို သင်ကိုယ်တိုင်ပုံဖော်ထုဆစ်ပီး ဖမ်းဆုပ် နိုင်တော့မှာပါ လူအများက သင့်ရဲ့ အခြေခိုင်မာမှု ဇွဲရှိမှုကို အားကျ ကြပေမယ့် သင့်လို မလုပ်နိုင်ကြပါဘူး သင်က သင့်ဆုတောင်းဆန္ဒတွေနဲ့ အရမ်းကိုထိုက်တန်နေတဲ့ လူတယောက်ပါပဲ

ရေးသားသူ – Athena reads the Tarot

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။