ချစ်သူများနေ့မှာ သူအရမ်းချစ်ရတဲ့ကောင်မလေးရှိနေပြီဖြစ်ကြောင်း တရားဝင်အလင်းပြလိုက်တဲ့ ဟိန်းမင်းသူ

Celebrity

ချစ်သူများနေ့မှာ သူအရမ်းချစ်ရတဲ့ကောင်မလေးရှိနေပြီဖြစ်ကြောင်း တရားဝင်အလင်းပြလိုက်တဲ့ ဟိန်းမင်းသူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချစ်သူများနေ့မှာ သူအရမ်းချစ်ရတဲ့ကောင်မလေးရှိနေပြီဖြစ်ကြောင်း တရားဝင်အလင်းပြလိုက်တဲ့ ဟိန်းမင်းသူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ချစ်သူများနေ့မှာ သူအရမ်းချစ်ရတဲ့ကောင်မလေးရှိနေပြီဖြစ်ကြောင်း တရားဝင်အလင်းပြလိုက်တဲ့ ဟိန်းမင်းသူ

မြန်မာနိုင်ငံရဲ့ ဂျက်စတင်ဘီဘာဆိုပြီး မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကို ရရှိထားသူကတော့ ဟိန်းမင်းသူပါ။ ယောကျ်ားပီသတဲ့ခန္ဓာကိုယ်နဲ့ ချောမောပြေပြစ်တဲ့မျက်နှာကို ပိုင်ဆိုင်ထားတဲ့ဟိန်းမင်းသူကိုတော့ ခေတ်သမီးပျိုတော်တော်များများ နှစ်သက်ကြမှာပါ။

လူငယ်လူရွယ်တစ်ယောက်ပီပီ အချစ်ကိုခံစားတတ်တဲ့ ဟိန်းမင်းသူဟာ  ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာတော့ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ ဓာတ်ပုံကို ပရိသတ်တွေဆီ မျှဝေလာပါတယ်။ ဟိန်းမင်းသူက ချစ်သူများနေ့မှာ သူတို့စုံတွဲပုံကိုမျှဝေကာ သူ့ဆီမှာ ချစ်သူရည်းစားရှိကြောင်း အတိအလင်းကြေငြာခဲ့တာပဲဖြစ်ပါတယ်။

ဟိန်းမင်းသူကတော့ သူ့ရဲ့ချစ်သူကောင်မလေးရဲ့မျက်နှာကို ဖုံးကွယ်ထားတာမို့ ပရိသတ်တွေက ဟိန်းမင်းသူရဲ့ချစ်သူကောင်မလေးပုံကို စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ ဟိန်းမင်းသူတို့ချစ်သူနှစ်ယောက် သက်ဆုံးတိုင်လက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ရေးသားသူ – Hein Min Thu’s fb

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။