သူမဖြေခဲ့တဲ့ အင်တာဗျုးနဲ့ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန်သတိပေးလိုက်တဲ့ မေသဇင်အောင်

Celebrity
သူမဖြေခဲ့တဲ့ အင်တာဗျုးနဲ့ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန်သတိပေးလိုက်တဲ့ မေသဇင်အောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူမဖြေခဲ့တဲ့ အင်တာဗျုးနဲ့ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန်သတိပေးလိုက်တဲ့ မေသဇင်အောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူမဖြေခဲ့တဲ့ အင်တာဗျုးနဲ့ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန်သတိပေးလိုက်တဲ့ မေသဇင်အောင်

သရုပ်ဆောင်မေသဇင်အောင်ကတော့ချစ်စရာကောင်းတဲ့သူမရဲ့အမူအရာတွေနဲ့အတူပရိတ်သတ်တွေကိုဖမ်းစားထားပြီးဇာတ်ကားတွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့်ပရိတ်သတ်များရဲ့ချစ်ခင်အားပေးမှုကိုတခဲနက်အခိုင်အမာအပြည့်အဝရရှိထားပါတယ်။

မေသဇင်အောင်ဟာ နာမည်ကြီးမင်းသားအောင်ရဲလင်းနဲ့ ချစ်ကြိုက်နေတယ်လို့ ပရိသတ်တွေကထင်ခဲ့ရာမှ သူမနဲ့ အောင်ရဲလင်းဟာ သာမာန်ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးသာရှိတယ်လို့ အင်တာဗျူးဗီဒီယိုတစ်ခုမှာ ဖွင့်ဟပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် မေသဇင်အောင်ဟာ ဝေဖန်မှုတွေခံခဲ့ရသလို မိန်းကလေးအချင်းချင်း မစာမနာပြောဆိုမှုတွေနဲ့လည်း ကြုံနေရကြောင်း အခုလိုပဲ ရင်ဖွင့်လာပါတယ်။

မေသဇင်အောင်က “ဒီတလော စိတ်နဲ့ကိုယ်နဲ့မကပ်ဘူး။ ကိုယ့်ကိုကိုယ် ဘာတွေပြောခဲ့ ဘာတွေလုပ်ခဲ့လဲတောင်ပြန်မမှတ်မိလောက်အောင်ကို အာရုံစူးစိုက်မှုတွေ အားနည်းနေတယ်။ ခန္ဓာရှိနေသ၍ စိတ်ကတော့ရှိနေမှာပဲလေ။ ငါလည်းလူဆိုတော့ ခံစားတတ်တယ်။ နှမသားချင်း မစာမနာ ရိုင်းစိုင်းစွာပြောဆိုသူတွေ မိန်းကလေးအချင်းချင်း ကိုယ်ချင်းစာနာစတရားမရှိပဲ မနာလိုမုန်းတိးတိုက်ခိုက်သူတွေအားလုံးကို တန်းစီပြီး Block လုပ်လိုက်ပါပြီရှင့်။ Block ခံထိလို့ ပိုမုန်းလည်း ကိုယ့်အကုသိုလ်နဲ့ကိုယ်ပဲ။ လူဆိုတာ ဘောင်အတွင်းကနေပြီး ဘောင်အတွင်းက စကားပြောရတယ်။ ကိုယ်ပြောဆိုလိုက်တဲ့ စကားတွေက ကိုယ့်အဆင့်အတန်းကိုဖော်ပြနေတယ်ဆိုတာ နားလည်သဘောပေါက်သင့်တယ်။ အေးဆေးနေချင်လို့ ဘာမှပြန်မတုံ့ပြန်တာကို ရောင့်မတက်လာကြနဲ့” ဆိုပြီး သူမရဲ့ Story မှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။

မေသဇင်အောင်ကတော့ သူနဲ့အောင်ရဲလင်းတို့ရဲ့ ဆက်ဆံရေးကို ပွင့်လင်းစွာဖွင့်ဟလာပြီးနောက်မှာတော့ အောင်ရဲလင်းကိုချစ်တဲ့ပရိသတ်တွေနဲ့ အခြားသောသူတွေရဲ့ ဝေဖန်မှုကိုပြင်းပြင်းထန်ထန်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း မေသဇင်အောင်က သူမကိုဝေဖန်ကြသူတွေကို ဖေ့စ်ဘုတ်မှာ Block ထားခြင်းနဲ့ မတုံ့ပြန်ပဲနေနေခဲ့တယ်လို့ပြောလာတာပဲဖြစ်ပါတယ်။

ရေးသားသူ – The News Post

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။