ဂျပန်နိုင်ငံ၊ ကမ်းခြေတစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အလုံးကြီးတစ်လုံး တွေ့ရှိခဲ့ရ

International News Local News
ဂျပန်နိုင်ငံ၊ ကမ်းခြေတစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အလုံးကြီးတစ်လုံး တွေ့ရှိခဲ့ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂျပန်နိုင်ငံ၊ ကမ်းခြေတစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အလုံးကြီးတစ်လုံး တွေ့ရှိခဲ့ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ၊ ကမ်းခြေတစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အလုံးကြီးတစ်လုံး တွေ့ရှိခဲ့ရ

ဂျပန်နိုင်ငံ၊ ဟာမာမာဆုမြို့က Enshu Beach မှာ ကြီးမားပြီး သတ္တုဘောလုံးပုံသဏ္ဍာန်ရှိတဲ့ အလုံးကြီးတစ်လုံးကို ဒေသခံအမျိုးသမီးတစ်ဦးက အင်္ဂါနေ့မှာ တွေ့ရှိခဲ့ပြီး ရဲကို အကြောင်းကြားခဲ့ပါတယ်။ မကြာခင်မှာပဲ ဧရာမသတ္တုလုံးကြီးတွေ့ရှိခဲ့တဲ့နေရာကို ပိတ်ဆို့ထားခဲ့ပြီး စုံစမ်းစစ်ဆေးဖို့ အကာအကွယ်ဝတ်စုံတွေဝတ်ထားတဲ့ ဖောက်ခွဲရေးကျွမ်းကျင်သူတွေကို ခေါ်ယူခဲ့ပါတယ်။

အာဏာပိုင်တွေက ဒီအရာဝတ္ထုဟာ ပေါက်ကွဲခြင်းမရှိဘူးလို့ ကောက်ချက်ချကြပေမဲ့ ဒီအလုံးကြီးက ဘာလဲ၊ ဘယ်နေရာကနေ ထွက်ပေါ်လာခဲ့လဲဆိုတာကို မသိရသေးပါဘူး။ ဒေသတွင်းမီဒီယာတွေအရ အဲဒီသတ္တုလုံးကြီးက အချင်း ၁.၅ မီတာဝန်းကျင်ရှိပြီး သံချေးတက်နေပုံရတယ်လို့ သိရပါတယ်။ အဲဒီအလုံးကြီးမှာ အခြားအရာတစ်ခုခုနဲ့ ချိတ်ထားလို့ရနိုင်စေတဲ့ သတ္တုလက်ကိုင်တွေအများကြီး တပ်ထားပါတယ်။ X ray စကင်န်ဖတ်ကြည့်တာတွေ ဆက်တိုက်ပြုလုပ်ပြီးတဲ့နောက် အလုံးကြီးက လုံးဝအခေါင်းပေါက်ဖြစ်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဆက်လက်စစ်ဆေးဖို့အတွက် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တွေထံ အဲဒါရဲ့ဓာတ်ပုံတွေကို ပေးပို့ထားပါတယ်။ ကမ်းခြေမှာ ပုံမှန်ပြေးနေကျ ဒေသခံအမျိုးသားတစ်ဦးကတော့ အဲဒီအလုံးကြီးကို သူ တွေ့ခဲ့တာကြာပြီဖြစ်တဲ့အတွက် အခုမှ ရုတ်တရက်ကြီး လူတွေအာရုံစိုက်မိခဲ့တာလဲဆိုတာကို နားမလည်နိုင်ဘူးလို့ ရုပ်သံလွှင့်ဌာန NHK ကို ပြောပါတယ်။ “အဲဒါကြီးရှိနေခဲ့တာ ၁ လလောက်ရှိပြီ။ ကျွန်တော် အဲဒါကို တွန်းဖို့ ကြိုးစားခဲ့ပေမဲ့ လှုပ်တောင်မလှုပ်ခဲ့ဘူး”လို့ အဲဒီအမျိုးသားက ဆိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။