လျှာအပူလောင်တာကို သက်သာသွားစေမယ့် အရာများ

Health

လျှာအပူလောင်တာကို သက်သာသွားစေမယ့် အရာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လျှာအပူလောင်တာကို သက်သာသွားစေမယ့် အရာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လျှာအပူလောင်တာကို သက်သာသွားစေမယ့် အရာများ

ကော်ဖီပူပူကြီးကို အလျင်စလို သောက်လိုက်မိလို့ သင့်လျှာ အပူလောင်သွားတာမျိုး ဖြစ်ဖူးကြမှာပါ။ လျှာအပူလောင်တာက လူတော်တော်များများ အဖြစ်များတဲ့အရာတစ်ခုဖြစ်ပြီး အတော်လေး နာကျင်ရသလို စိတ်မသက်မသာလည်း ဖြစ်ရပါတယ်။ ဒါကြောင့် လျှာအပူလောင်တာကို သက်သာသွားစေမယ့် အရာတွေနဲ့နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

ရေခဲမုန့်စားပါ (ဒါမှမဟုတ်) ရေခဲအနည်းငယ် လျှာပေါ်မှာ တင်ထားပါ

6 Easy Ways to Relieve the Pain of a Burnt Tongue

အေးတာတစ်ခုခုစားပေးတာ (ဒါမှမဟုတ်) အပူလောင်တဲ့အပေါ်ကို ရေခဲအနည်းငယ်ထားပေးတာတွေက အလျင်အမြန် သက်သာစေပြီး နီမြန်းတာတွေကို လျော့ကျသွားစေမှာပါ။ အေးမြမှုက အပူလောင်ထားတဲ့လျှာကို သက်သာစေပြီး နောက်ထပ် ထိခိုက်မှုတွေဖြစ်မလာအောင် ကာကွယ်ပေးပါတယ်။ ရေခဲမုန့်စားတာအပြင် ရေခဲရေသောက်ပေးလို့လည်း ရပါတယ်။

ပျားရည်

13 Ways to Soothe a Burnt Tongue - wikiHow

ပျားရည်ကလည်း အပူလောင်တာတွေကို သက်သေစေပါတယ်။ သင့်ပါးစပ်ထဲကို ပျားရည် ဇွန်းအပြည့် ငုံထားလိုက်ပြီး ရောင်ရမ်းမလာခင်ထိ ထား ထားလိုက်ပါ။ အလျင်အမြန်သက်သာသွားစေဖို့အတွက် (၂ -၃) ကြိမ် ပြုလုပ်ပေးပါ။ ဒါပေမဲ့ အန္တရာယ်များတဲ့တာကြောင့် (၁၂) လအောက် ကလေးတွေကို ပျားရည်ကျွေးတာတွေကို ရှောင်သင့်ပါတယ်။

ဒိန်ချဉ်

13 Ways to Soothe a Burnt Tongue - wikiHow

နို့ထွက်ပစ္စည်းတွေကလည်း လျှာအပူလောင်တာကို ကုသဖို့အတွက် အကောင်းဆုံးအိမ်တွင်းနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ လျှာအပူလောင်တဲ့အခါ ချက်ချင်းပဲ ဒိန်ချဉ် တစ်ဇွန်း စားသုံးလိုက်ပြီး ရောင်ရမ်းမလာခင်အထိ မိနစ်အနည်းငယ်လောက် သင့်လျှာပေါ်မှာ ထားလိုက်ပါ။

သကြား

လျှာအပူလောင်တဲ့အခါ လျှာပေါ်မှာ သကြားအနည်းငယ်ကို တင်ထားလိုက်ပြီး စုတ်ယူပစ်တဲ့အထိ ထားလိုက်ပါ။ အဲဒီနောက် နာကျင်မှုတွေက ယူပစ်သလို သက်သာသွားပါလိမ့်မယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က အပူလောင်တာနဲ့ ထိခိုက်ဒဏ်ရာအမျိုးမျိုးကို ကုသပေးတဲ့နေရာမှာ လူသိများတဲ့အရာတစ်ခုဖြစ်ပါတယ်။ အပူလောင်ထားတဲ့လျှာပေါ်မှာ ရှားစောင်းလက်ပတ်ဂျယ်လ်အနည်းငယ်ကို လိမ်းထားလိုက်ရင် နာကျင်မှုတွေ သက်သာသွားစေမှာပါ။ ရှားစောင်းလက်ပတ်က ပျက်စီးနေတဲ့ ဆဲလ်တွေကို သက်သာစေသလို နာကျင်မှုနဲ့ နီမြန်းမှုတွေကိုလည်း လျော့နည်းစေပါတယ်။

လျှာအပူလောင်ထားရင် သင် လိုက်နာရမယ့် အရာတွေကတော့
– လျှာအပူလောင်တာကို ကျိန်းစပ်စေနိုင်တဲ့အတွက် ပူတဲ့အရည်တွေကို မသောက်သုံးပါနဲ့။

– အက်ဆစ်များတဲ့အစားအစာ၊ ဆီထရစ်အက်ဆစ်များတဲ့အသီးတွေကို ရှောင်ပါ။
– စပ်တဲ့အစားအစာတွေကိုလည်း မစားသုံးပါနဲ့။
– ခံတွင်းသန့်ရှင်းရေးကိုလည်း ဂရုစိုက်ပါ။
– မသက်သာလာဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။