လေးဘက်နာအတွက် သက်သာစေမယ့် သဘာဝဆေးစွမ်းကောင်း တစ်လက်

Health Knowledge
လေးဘက်နာအတွက် သက်သာစေမယ့် သဘာဝဆေးစွမ်းကောင်း တစ်လက်

မြန်မာပြည်မှာ အဖြစ်အများဆုံး ဆီးချို သွေးတိုးလေးဖက်နာတွေထဲက ( လေးဖက်နာရောဂါ ) အတွက်ပါ တဆင့်မျှဝေပေးကြပါ

လေးဘက်နာအတွက် သဘာဝဆေးကောင်းတစ်လက်

လေးဘက်နာ၊ အဆစ်မြစ်နာနှင့် အကြောရောဂါဝေဒနာများအတွက် သဘာဝဆေးနည်းကောင်းလေးကို ကျန်းမာရေးဗဟုသုတမှ မျှဝေပေးလိုက်တယ်။

ဆေးနည်း

(၁) ရှောက်သီးတစ်ခြမ်းကို ထမင်းစားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။

(၂) ချင်း(ဂျင်းတက်)ကို ထုထောင်း၍ လက်ဖက်စားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။

(၃) သဘာဝပျားရည်စစ်စစ် ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပါ။

(၄) ၎င်း ၃ မျိုးကို ဖန်ခွက်တစ်ခွက်ထဲတွင် အတူရောမွှေ၍ ရေနွေးချမ်းနှင့်သော်၎င်း၊ ရေအေးနှင့်သော်၎င်း မနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ်သောက်ပါ။

ပျားရည်ကို သဘာဝပျားရည်၊ ရှောက်သီးကို ရှောက်ခါးသီး(တောရှောက်သီး) ဆိုလျှင် ပိုကောင်းပါသည်။

၎င်းသဘာဝဆေးကို ပုံမှန်သောက်သုံးပေးပါက အဆစ်အမြစ်နာဖြစ်ခြင်း၊ ကိုက်ခဲခြင်း၊ အညောင်းအညာဖြစ်ခြင်းတို့မှ သက်သာပျောက်ကင်းစေပါသည်။

လူတိုင်းအနာရောဂါကင်းဝေး၍ ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

( မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော် )

မူရင်းရေးသားသူကို လေးစားစွာဖြင့်creditပေးပါသည်

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။