တောဝက် အသင်းသား ၁၃ ဦးပိတ်မိခဲ့တဲ့ မယ်ဆိုင်ဂူ ခရီးသွားတွေနဲ့ စည်ကား

International News Local News
တောဝက် အသင်းသား ၁၃ ဦးပိတ်မိခဲ့တဲ့ မယ်ဆိုင်ဂူ ခရီးသွားတွေနဲ့ စည်ကား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တောဝက် အသင်းသား ၁၃ ဦးပိတ်မိခဲ့တဲ့ မယ်ဆိုင်ဂူ ခရီးသွားတွေနဲ့ စည်ကား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တောဝက် အသင်းသား ၁၃ ဦးပိတ်မိခဲ့တဲ့ မယ်ဆိုင်ဂူ ခရီးသွားတွေနဲ့ စည်ကား

တောဝက်ဘောလုံး အသင်းသား ၁၃ ဦး ပိတ်မိခဲ့တဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နယ်ထဲက ထမ့်လွမ်ဂူကြီးဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတခုဖြစ်နေပြီး လက်ရှိမှာ လည်ပတ်သူတွေနဲ့ စည်ကားနေတာကိုတွေ့ရပါတယ်။

အရင်က တောရိုင်းတခုလိုသာ ရှိခဲ့တဲ့ ဒီနေရာဟာ တောဝက် အသင်းသား ၁၃ ဦး ပိတ်မိခဲ့တဲ့ ဖြစ်စဉ်နဲ့ ကမ္ဘာကျော်ခဲ့ပြီး အခုဆိုရင် ရိုးရာ အဝတ်အထည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ခရီးသည် ပို့ဆောင်ရေး ကားတွေနဲ့ စည်ကားလာတာဖြစ်ပါတယ်။

ခရီးသွားဧည့်သည်တွေကို ထမ့်လွမ်ဂူကြီးအတွင်း မီတာ ၂၀၀ ထိ ဝင်ရောက်လည်ပတ်ခွင့်ပြုထားပြီး ကယ်ဆယ်ရေးကာလက အမှတ်တရ ပစ္စည်းတွေကို ချပြထားပါတယ်။ ဒါ့အပြင် ဂူကြီးရဲ့ အပြင်ဘက်တွေမှာလည်း ကယ်ဆယ်ရေးကာလက ပါဝင်သူတွေအကြောင်း ဂုဏ်ပြုပြတိုက်ထားရှိပါတယ်။

ဒါ့အပြင် တောဝက်အသင်းသားတွေကို ကယ်ဆယ်ရင်း သေဆုံးသွားခဲ့တဲ့ ရေတပ်သားဟောင်း ဆမ် ရဲ့ ရုပ်တုကိုလည်း ပြသထားသလို မင်းသမီးနန်းနွန်ရဲ့ ရုပ်တုတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

တောဝက် အသင်းသား ၁၃ ဦးထဲက နောင့်တွမ် ကတော့ ဗြိတိန်နိုင်ငံမှာ ဘောလုံးပညာသင်ယူနေစဉ်မှာပဲ မတော်တဆ ချော်လဲရာက ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိပြီး ဒီလ ၁၄ ရက်နေ့မှာ thayဆုံးသွားခဲ့ရပါတယ်။

အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ နောင့်တွမ် ဟာ ပညာတော်သင်ဆုရပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လကမှဗြိတိန်နိုင်ငံကို ရောက်ရှိသွားတာဖြစ်ပါတယ်။
တောဝက် အသင်းသား ၁၃ ဦးဟာ ၂၀၁၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ထမ့်လုံလှိုဏ်ဂူထဲဝင်သွားပြီး ပြန်အထွက်မှာ ဂူတွင်းလမ်ကြောင်းတွေ ရေပိတ်ဆို့သွားတာကြောင့် ပြန်မထွက်နိုင်ဘဲ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။

သူတို့ကို ဇူလိုင်လ ၂ ရက်နေ့ ညမှာတော့ ကယ်ဆယ်ရေး သမားတွေနဲ့ ပြန်တွေ့ခဲ့ပြီး ဇူလိုင်လ ၈ ရက်နေ့မှာ စတင်ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။ ဂူထဲပိတ်မိခဲ့တဲ့ တောဝက် အသင်းသား ၁၃ ဦးထဲမှာ မြန်မာပြည်ဖွား ကလေးငယ်တွေလည်း ပါဝင်ပြီး အခုတော့ သူတို့ကို ထိုင်းနိုင်ငံသား ပေးလိုက်ပြီဖြစ်ပါတယ်။

ရေးသားသူ – The Irrawaddy – Burmese Edition

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။