ကမ္ဘာ့စံချိန်ချိုးဖို့ ၇ ရက်ဆက်တိုက် မရပ်မနား ငိုခဲ့တဲ့အမျိုးသား ယာယီအမြင်အာရုံဆုံးရှုံးခဲ့ရ

International News
ကမ္ဘာ့စံချိန်ချိုးဖို့ ၇ ရက်ဆက်တိုက် မရပ်မနား ငိုခဲ့တဲ့အမျိုးသား ယာယီအမြင်အာရုံဆုံးရှုံးခဲ့ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့စံချိန်ချိုးဖို့ ၇ ရက်ဆက်တိုက် မရပ်မနား ငိုခဲ့တဲ့အမျိုးသား ယာယီအမြင်အာရုံဆုံးရှုံးခဲ့ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့စံချိန်ချိုးဖို့ ၇ ရက်ဆက်တိုက် မရပ်မနား ငိုခဲ့တဲ့အမျိုးသား ယာယီအမြင်အာရုံဆုံးရှုံးခဲ့ရ

တချို့လူတွေက သူတို့ရဲ့နာမည်တွေကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းစာအုပ်မှာ ပါဖို့အတွက် ထူးဆန်းတဲ့အရာမျိုးစုံကို စမ်းလုပ်ကြည့်ကြပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံက အမျိုးသားတစ်ယောက်ဆိုရင်လည်း ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးနိုင်ဖို့ ကိုယ့်ကိုယ်ကိုဖိအားပေးပြီးတော့ ၇ ရက်ဆက်တိုက်မရပ်မနား ငိုကြွေးခဲ့တာပါ။

အခုလို ၇ ရက်ဆက်တိုက်မရပ်မနားငိုကြွေးဖို့ ကြိုးစားခဲ့တဲ့အတွက် တမ်ဘူ အီဘဲရီဆိုတဲ့ အဲဒီအမျိုးသားက သူ့ရဲ့အမြင်အာရုံကို ယာယီဆုံးရှုံးသွားခဲ့ပါတယ်။ ၄၅ မိနစ်ကြာ အမြင်အာရုံမဆုံးရှုံးခင် ခေါင်းကိုက်တာ၊ မျက်နှာရောင်ရမ်းတာ၊ မျက်လုံးတွေမို့တာတွေဖြစ်ခဲ့ပါတယ်။

သူက ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းဆီ သူ့ရဲ့ကြိုးစားမှုကို စာရင်းမသွင်းခဲ့ရပါဘူး။ ဒါပေမဲ့ သူက ဒီစံချိန်ကို ပြီးမြောက်အောင် လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အနောက်အာဖရိကနိုင်ငံမှာ သူတစ်ယောက်တည်းတင် စံချိန်ချိုးဖို့ကြိုးစားတာမဟုတ်ပါဘူး။ နိုင်ဂျီးရီးယားနိုင်ငံသားတော်တော်များများကလည်း သူ့လိုပဲ စံချိန်ချိုးဖို့ ကြိုးစားနေကြတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။