၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မှ မတ်လ ၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မှ မတ်လ ၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မှ မတ်လ ၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မှ မတ်လ ၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( Feb 27 to Mar 6 )

ဤကာအတွင်း Aries ရာသီခွင်တို့သည် ဘဝနေထိုင်မှုပုံစံကို မြှင့်တင်နိုင်ရန် အမြဲတစေ ပြောင်းလဲမှုများကို ပြုလုပ်ပေးရ ပါလိမ့်မယ်။ ပိုမိုကောင်းမွန်ပြီး ကျန်းမာသော နေထိုင်မှုအတွက် နေ့စဉ်နေ့တိုင်း ကိုယ်လက် လေ့ကျင့်ခန်းများကို ပြုလုပ်ပေးပါ။ သို့သော် လွန်ကဲစွာ အလုပ်လုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ လုံလုံလောက်လောက် အနားယူပါ။

ငွေကြေးကံ ကောင်းမွန်လာပါမယ်။ ရင်းနှီးမြုပ်နှံမှု တစ်ခုခု ပြုလုပ်ချင်ပါက အ‌ကြောင်းအရာများကို အရင် အကဲဖြတ်ပြီးမှသာ ရင်းနှီးမြှုပ်နှံလိုက်ပါ။ မဟုတ်ပါက ငွေကြေး ဆုံရှုံးနိုင်ပါမယ်။

သားသမီး ရှိကြသော Aries ရာသီခွင်များ အနေနှင့် သူတို့၏ ပညာရေးကို အားစိုက်ပေးပါ။ အချို့သော အကြောင်းအရာတို့ကြောင့် ပညာရေးကို စိတ်ဝင်စားမှု အားနည်းနေနိုင်ပါမယ်။ ဤကာလ အတောအတွင်း မိမိတို့ ကလေးများ၏ စိတ်ထဲတွင် အမုန်းပွားစေနိုင်သည့် မည်သည့် အရာကိုမဆို ရှောင်ကြဥ်ပါ။ မိမိတတ်နိုင်သမျှ အချိန်ပေးနိုင်အောင် ကြိုးစားပါ။

ပြိဿရာသီခွင် – Taurus ( Feb 27 to Mar 6 )

ယခုအပတ်အတွင်း Taurusရာသီခွင်တို့၏ ဘဝတွင် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည့် ကိစ္စရပ်များနှင့် ကြုံတွေ့နိုင်ပါမယ်။ စိတ်အေးချမ်းမှု ကင်းမဲ့နေသလို ခံစားရနိုင်ပါမယ်။ ဘာသာရေးနှင့် ပရဟိတလုပ်ငန်းများကို တတ်နိုင်သမျှ ပါဝင် ဆောင်ရွက်ပေးပါ။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများမှ အတိုင်းအတာ တစ်ခုအထိ သက်သာရာ ရရှိနိုင်ပါမယ်။

ဤကာလ အတောအတွင်း မိမိ၏ လုပ်ငန်းကို ချဲ့ထွင်ရန် မည်သည့် ချေးငွေအမျိုးအစားကို မဆို ရယူရန် စီစဉ်နိုင်ပါတယ်။ သို့သော် အလွန် သတိထား ပေးရပါမယ်။ လူမှုဆက်ဆံရေးနယ်ပယ်များတွင် ဂုဏ်သတင်း မွေးပျံ့နေပါမယ်။ မိမိ၏ ကျော်ကြားမှုကြောင့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကို ရရှိနိုင်ပါမယ်။

ယခုအပတ်တွင် Taurus ရာသီခွင်များသည် ငွေကြေး တိုးမြင့်ခြင်း သို့မဟုတ် အလုပ်ခွင်အတွင်း ရာထူးတိုးခြင်း ကဲ့သို့သော ကောင်းမွန်သော ရလဒ်များ ရရှိရန် အလားအလာများ ရှိနေပါတယ်။

မေထုန်ရာသီခွင် – Gemini ( Feb 27 to Mar 6 )

ယခုအပတ်တွင် Gemini ရာသီခွင်များသည် မိမိ၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး အနည်းငယ် ပိုမို သတိထားပေး ရပါမယ်။ သို့သော် ယခင်အချိန်ကာလနှင့် နှိုင်းယှဉ်ပါက ပိုမို ကောင်းမွန်လာသည် တွေ့မြင်ရပါလိမ့်မယ်

ဤကာလအတွင်း ငွေကြေး အပေးအယူအမျိုးမျိုးမှ ရှောင်ရှားသင့်ပါတယ်။ အစောပိုင်းကတည်းက သတိထားပေးပါ။ လောဘကြီးစွာ တရားမဝင်သည့် မည်သည့် အလုပ်ကိုမျှ မပြုလုပ်ပါနှင့်။

မိသားစု ခရီးစဉ်များ ရှိနေနိုင်ပါမယ်။ မိသားစုဝင်များ အကြား ဆက်ဆံရေး ကောင်းမွန်နေပါမယ်။ မိဘများထံမှ ချီးကျူးမှုများကို ရရှိနိုင်ပါမယ်။

မိမိ၏ အသက်မွေးဝမ်းကြောင်းကို ပိုမို တိုးတက်လိုပါက ယခုအပတ်အတွင်း အလုပ်ခွင်တွင် ခေတ်မီသော အသစ်အဆန်းများကို ပြုလုပ်ပေးရန် ကြိုးစားရပါလိမ့်မယ်။

ကရကဋ်ရာသီခွင် – Cancer ( Feb 27 to Mar 6 )

ယခုလတွင် Cancer ရာသီခွင်တို့သည် ကျန်းမာရေး ပြဿနာအချို့နှင့် ကြုံတွေ့ရတတ်ပါတယ်။ မှန်ကန်သော ဆေးကုသမှု ခံယူပေးပါ။ မဟုတ်ပါက အချိန်ကြန့်ကြာကာ ပြဿနာများ ပိုမို တိုးလာနိုင်ပါမယ်။

ဤကာလအတွင်း မိမိ၏ ကြိုးစားအားထုတ်မှု တို့ကြောင့် ငွေရေးကြေးရေးဆိုင်ရာ အကျိုးအမြတ်အချို့ကို ရရှိနိုင်ပါမယ်။ မိမိ၏ လက်တွဲဖော်မှ ငွေရေးကြေးရေး ကူညီ ထောက်ပံ့မှုများ ရှိနေပါမယ်။ ယခုလတွင် Cancer ရာသီခွင်တို့သည် လက်တွေ့ကျကျ ဆုံးဖြတ်ချက်များကို ချမှတ်ရန် လိုပါလိမ့်မယ်။

အခြားသူများထံမှ အကူအညီများကို မအားကိုးပါနှင့်။ မိမိ မျှော်လင့်ထားသည့် အတိုင်း မဖြစ်လာပါက စိတ်ပျက်မှုနှင့်သာ အဆုံးသတ် ရပါလိမ့်မယ်။

သိဟ်ရာသီခွင် – Leo ( Feb 27 to Mar 6 )

ယခု ရက်သတ္တပတ်အတွင်း Leo ရာသီခွင်များသည် ကျန်းကျန်းမာမာ ရှိနေပေမယ့်လို့ ပင်ပန်း နွမ်းနယ်ပြီး စိတ်ဖိစီးမှုများ ဖြစ်စေနိုင်သောကြောင့် မည်သည့် ခရီးမျိုးကိုမဆို ရှောင်ကြဉ်ရန် လိုအပ်ပါမယ်။

မမျှော်လင့်ဘဲ ရုတ်တရက် ဆိုသလို ငွေကြေး အကျိုးခံစားခွင့်များ ရနိုင်ပေမယ့် ကြာရှည် မခံနိုင်ပါဘူး။ ငွေကြေး ကိစ္စရပ်များနှင့် ပက်သက်၍ ဆုံးဖြတ်ချက် မချမီ အသေအချာ စဉ်းစားပါ။ မဟုတ်ပါက ငွေရေးကြေးရေး အခက်အခဲများ ရှိလာနိုင်ပါတယ်။

ဤကာလအတွင်း မိသားစု ဘဝတွင် အငြင်းအခုံ ဖြစ်‌စေနိုင်သည့် ကိစ္စရပ်များကို ရှောင်ကြဥ်ရပါလိမ့်မယ်။ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာရန် ကြိုးစားပါ။

ကန်ရာသီခွင် – Virgo ( Feb 27 to Mar 6 )

ယခုတစ်ပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်နေစေရန် အားကစားနှင့် ပြင်ပလှုပ်ရှားမှုအချို့ကို လုပ်ဆောင်ပေး ရပါလိမ့်မယ်။ သို့မှသာ ကိုယ်ခံအား ကောင်းမွန်ပြီး အလုပ်များကို အချိန်မီ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဤကာလအတွင်း Virgo ရာသီခွင်တို့သည် မြေယာ၊ အိမ်ခြံမြေနှင့် ပက်သက်သည့် ပရောဂျက်များကို အာရုံစိုက်ရန် လိုအပ်ပါမယ်။ ထိုသို့သော အစီအစဥ်များတွင် ရင်းနှီးမြုပ်နှံရန် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ အခွင့်အရေးများကို လက်လွှတ်မခံဘဲ အကောင်းမွန်ဆုံး အသုံးချပါ။

ဆွေမျိုးသားချင်းများနှင့် ဆက်ဆံရေးသည် ပြန်လည် ကောင်းမွန်နေပါမယ်။ ကြာရှည်ဆိုင်းငံ့ထားသော အိမ်မှုကိစ္စများနှင့် အိမ်တွင်းရေး ကိစ္စများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါမယ်။ မိသားစု ဘဝတွင် တိုးတက်မှုများ ရှိနေပါမယ်။

တူရာသီခွင် – Libra ( Feb 27 to Mar 6 )

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေနိုင်ပါမယ်။ ပူဆွေးမှုများကို ရှောင်ကြဉ်ပြီး မိမိကိုယ်ကို ပျော်ရွှင်နိုင်အောင် ကြိုးစားပါ။

ဤကာလအတွင်း ငွေကြေးရေးရာတွင် တိုးတက်မှုများ ရှိစေရန် အခြားသူများထံမှ အကြံဉာဏ်များကို ရယူရန် လိုအပ်ပါမယ်။ အခြားသူများ၏ အတွေ့အကြုံများကို ထည့်သွင်း စဉ်းစားပြီးမှသာ ဆုံးဖြတ်ချက် ချမှတ်ပေးပါ။ ယေဘုယျအားဖြင့် ယခုတစ်ပတ်သည် Libra ရာသီခွင်များ အတွက် ပုံမှန်ထက် ကောင်းမွန်သော ငွေကြေး အကျိုးအမြတ်များကို ရရှိနိုင်ပါမယ်။ သို့သော် ငွေ‌ကြေးနှင့် ပတ်သက်သော ကိစ္စရပ်များကို သတိထားသင့်ပါတယ်

Libra ရာသီခွင်များအနေနှင့် မိမိတို့၏ မိသားစု အပေါ် အချိန်ပေးနိုင်အောင် ကြိုးစားပါ။ သို့မှသာ မိသားစု ပတ်ဝန်းကျင်တွင် ပျော်ရွှင်မှုများ ရှိနေမှာ ဖြစ်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( Feb 27 to Mar 6 )

ယခုသီတင်းပတ်တွင် Scorpio ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ကံတရားသည် ကောင်းမွန်သော အနေအထားတွင် ရှိနေခြင်းကြောင့် ကျန်းမာရေးကို အားကောင်းစေပြီး တစ်ချိန်တည်းတွင် နာတာရှည် ရောဂါများမှ သက်သာရာ ရရှိစေပါမယ်။ စိတ်ပိုင်းဆိုင်ရာ ရွှင်လန်းချမ်းမြေ့ နေပါလိမ့်မယ်။

ဤကာလအတွင်း အမြတ်ငွေများစွာ ရရှိတတ်ပါတယ်။ ရရှိလာသော ငွေကြေးများကို တတ်နိုင်သမျှ စုဆောင်းပါ။

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် မိသားစုဝင်များနှင့် စိတ်အေးလက်အေး အချိန်ကုန်ဆုံးနိုင်မှာ ဖြစ်ပါတယ်။ မိမိချစ်ခင်ရသူများနှင့် ချစ်ခြင်း မေတ္တာများ ဖလှယ်ရန် အထူး ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( Feb 27 to Mar 6 )

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် မိမိတို့၏ လုပ်ဆောင်မှုများ အပေါ် မူတည်၍ ကျန်းမာရေး အတက်အကျများ ရှိနေပါမယ်။ မိမိ၏ စိတ်အခြေအနေ တိုးတက် ကောင်းမွန်လာစေရန် တရားထိုင်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုများကို ပုံမှန် ပြုလုပ်ပြီး ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများကို ရှောင်ကြဉ်ပါ။

ဤကာလအတွင်း ဝင်ငွေများစွာ ရရှိနိုင်သလို အထွက်ငွေလည်း ကြမ်းနေနိုင်ပါမယ်။ ကံတရား၏ အလေးပေးမှုကြောင့် Sagittariusရာသီခွင်များ အနေနှင့် ငွေကြေးအကျပ်အတည်းများ ကြုံတွေ့နိုင်မှာ မဟုတ်ပါဘူး။

ဝေးကွာသော ဆွေမျိုးတစ်ဦးထံမှ ဝမ်းနည်းဖွယ် သတင်းအချို့ကို ကြားသိရနိုင်ပါမယ်။ ဒါကြောင့် မိသားစုဝင်များ အကြား စိတ်အနှောက်အယှက်များ ဖြစ်ပေါ် ခံစားရနိုင်ပါမယ်။ အစောပိုင်း အချိန်ကတည်းက အခြေအနေတိုင်းအတွက် မိမိကိုယ်ကို ပြင်ဆင်ပါ။

မကာရရာသီခွင် – Capricorn ( Feb 27 to Mar 6 )

ယခုတစ်ပတ်တွင် Capricorn ရာသီခွင်တို့၏ ကျန်းမာရေးသည် ညံ့ဖျင်းနေပါလိမ့်မယ်။ မိမိ၏ ကျန်းမာရေးကို အလေးထားပြီး ပင်ပန်း နွမ်းနယ်စေနိုင်သော ကိစ္စရပ်များကို ရှောင်ကြဉ်ပါ။

ဤကာလအတွင်း စီးပွားရေး ရင်းနှီးမြုပ်နှံမှုများကို ပြုလုပ်ပါက ဆုံးရှုံးမှု ကြီးကြီးမားမားနှင့် ကြုံတွေ့ရနိုင်ပါတယ်။ ယခင် အတိတ်ကာလက မိမိအား လိမ်လည် လှည့်ဖြားခဲ့သူကို မယုံကြည်သင့်ပါဘူး။ ဒါ့အပြင် ငွေလွှဲမှုများနှင့် ပတ်သက်၍ တတ်နိုင်သမျှ ပိုမို သတိထားပေးပါ။

ယခုအပတ်တွင် မိသားစုဝင်များ အကြား နားလည်မှုတို့ဖြင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်ပါလိမ့်မယ်။ မိသားစု၏ လူနေမှုအဆင့်အတန်းကိုလည်း တိုးတက်စေပါမယ်။ မိသားစုဝင်များ အကြား ဂုဏ်သတင်းများ မွေးပျံ့နေပါမယ်။

ကုမ်ရာသီခွင် – Aquarius ( Feb 27 to Mar 6 )

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေး အတက်အကျများနှင့် ကြုံတွေ့နိုင်ပါတယ်။ အရက်၊ ဆေးလိပ် သုံးစွဲကြသူများ အနေနှင့် မိမိတို့၏ အလေ့အကျင့်ကို စွန့်လွှတ်ရန် ကြိုးစားသင့်ပါတယ်။

ကာလအတွင်း ငွေရေးကြေးရေးသည် အလွန် မကောင်းမွန်နိုင်ပေ။ ငွေကြေးနှင့် ပတ်သက်၍ အခက်အခဲများစွာနှင့် ကြုံတွေ့ရတတ်ပါတယ်။ စိတ်ဖိစီးမှုကို တိုးစေကာ ငွေ‌ကြေး စုဆောင်းရန် ခက်ခဲနေပါမယ်။

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် အသိမိတ်ဆွေဟောင်းများနှင့် တွေ့ဆုံရန် သို့မဟုတ် ၎င်းတို့နှင့် ပတ်သက်သော သတင်းများ ကြားသိရနိုင်ပါမယ်။ မိသားစုဝင်များနှင့် အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

မိန်ရာသီခွင် – Pisces ( Feb 27 to Mar 6 )

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် အကြောင်းအရာ တစ်ခုခုကြောင့် ရုတ်တရက် ခရီးထွက်ခွာခြင်းများ ရှိနေနိုင်ပါတယ်။ ထိုခရီးစဉ်နှင့် ပက်သက်၍ ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နိုင်သောကြောင့် တတ်နိုင်ပါက ရွေ့ဆိုင်းပေးပါ။

ဤကာလအတွင်း နီးစပ်သူ တစ်ဦးသည် မိမိထံမှ ငွေကြေး ချေးငှားမှုများ ရှိနေနိုင်ပါမယ်။ ငွေကြေးနှင့် ပက်သက်၍ သတိထားပေးပါ။ မဟုတ်ပါက ငွေကြေး ဆုံးရှုံမှုများ ရှိလာနိုင်ပါမယ်။

ယခုအပတ်တွင် မိသားစုဝင်များနှင့် မိမိ ချစ်ခင်ရသူကြားတွင် အထင်အမြင် လွဲမှားစေနိုင်သော အငြင်းပွားဖွယ် ကိစ္စရပ်များ ရှိနေနိုင်ပါတယ်။

ရေးသားသူ – Care Your Future – ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။