ခြင်တွေကို အဆွဲဆောင်နိုင်ဆုံးအရာ (၅) မျိုး

Health
ခြင်တွေကို အဆွဲဆောင်နိုင်ဆုံးအရာ (၅) မျိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခြင်တွေကို အဆွဲဆောင်နိုင်ဆုံးအရာ (၅) မျိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခြင်တွေကို အဆွဲဆောင်နိုင်ဆုံးအရာ (၅) မျိုး

။ ခြင်အန္တရာယ်က နေရာတကာရှိနေတာကြောင့် ရှောင်လွှဲဖို့ မဖြစ်နိုင်ပါဘူး။ သင့်ကို ခြင်တွေလာကိုက်အောင် ဆွဲဆောင်သလိုဖြစ်နေတဲ့အရာတွေရှိပါတယ်။ အဲဒါအရာတွေကြောင့် တစ်နေရာတည်းမှာအတူတူရှိနေပြီး အခြားသူတွေကိုက်မခံရဘဲ သင်ကိုက်ခံရတာဖြစ်နိုင်ပါတယ်။ ဘယ်လိုအရာတွေက ခြင်တွေလာစေတာလည်းဆိုတာ ကြည့်လိုက်ရအောင်…။

၁။ မျိုးရိုးဗီဇ

သင်ဟာ ခြင် မကြာခဏ ကိုက်ခံနေရတယ်ဆိုရင် သင်က ခြင်တွေ နှစ်သက်တဲ့သူတစ်ယောက်ဖြစ်နိုင်ပါတယ်။ သင့်ရဲ့မျိုးရိုးဗီဇက အင်းဆက်ပိုးမွှားတွေကိုက်ခံရနိုင်ခြေ (၈၅) ရာခိုင်နှုန်းရှိတယ်လို့ လေ့လာတွေ့ရှိချက်များစွာက ဆိုပါတယ်။

၂။ ကာဗွန်ဒိုင်အောက်ဆိုက်

သင့်ဘေးနားက လူတွေနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ သင်က ဇီဝဖြစ်စဉ်နှုန်းမြင့်တဲ့သူ၊ ကာဗွန်ဒိုင်အောက်ဆိုက်ကို ပိုပြီးရှုထုတ်ရတဲ့သူဆိုရင် သင်က ခြင်တွေရဲ့ပစ်မှတ်ဖြစ်နိုင်ပါတယ်။

၃။ ပန်းရနံ့ပါတဲ့ရေမွှေး

သင် သုံးတဲ့ရေမွေးက ခြင်တွေကို ဆွဲဆောင်နေသလို ခံစားနေရရင်တော့ သင့်ရေမွေးက သင့်နားမှာ ခြင်တွေ ရစ်ဝဲနေစေတဲ့အကြောင်းအရင်း ဖြစ်နိုင်ချေရှိပါတယ်။ ခြင်တွေက ပန်းရနံ့ပါတဲ့ရေမွေးသုံးထားတဲ့သူတွေဆီ လာတတ်ပါတယ်။

၄။ “အို”သွေးအမျိုးအစား

don't be a mosquito magnet: how mosquitoes find you

သွေးစုပ်တဲ့အင်းဆက်ပိုးမွှားတွေက “အို”သွေးအမျိုးအစားရှိတဲ့သူတွေကို ပိုပြီး ကိုက်လေ့ရှိတယ်လို့ လေ့လာတွေ့ရှိချက်က ဆိုပါတယ်။

၅။ ချွေး

သင့်ခန္ဓာကိုယ်မှာ ရှိတဲ့ လတ်တစ်အက်ဆစ် (lactic acid) တွေက အင်းဆက်ပိုးမွှားတွေကို ဆွဲဆောင်နိုင်ပါတယ်။ Workoutလုပ်တဲ့အခါ ခန္ဓာကိုယ်အပူချိန် ပိုပြီးထုတ်လွှတ်တဲ့အတွက် ချွေးထွက်များလာရင်တော့ သင်ဟာ ခြင်တွေရဲ့ပစ်မှတ်ဖြစ်နိုင်ပါတယ်။
ခြင်ကိုက်မခံရအောင် ဘယ်လိုကာကွယ်မလဲ

အဝတ်အစား ခက်ပွပွဝတ်ဆင်ပါ။
အဖြူရောင်နဲ့ အရောင်ဖျော့ဖျော့အဝတ်အစားတွေကို ဝတ်ဆင်ပါ။
ညနေပိုင်းရောက်တာနဲ့ အိမ်ထဲမှာ နေထိုင်ပါ။ ချောင်ကျတဲ့၊ မှောင်တဲ့နေရာတွေမသွားပါနဲ့။
ခြင်တွေကို အဆွဲဆောင်နိုင်ဆုံးအရာတွေ ဖော်ပြပေးလိုက်ပြီဆိုတော့ ခြင်ကိုက်မခံရအောင် ကာကွယလို့ရသွားမယ်ထင်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။