ဇာတ်လမ်းတွဲအသစ်နဲ့ ဖန်သားပြင်မှာ ပြန်လည်မြင်တွေ့ရမယ့် ထိုင်ဝမ်မင်းသမီးအေရီရယ်လင်း (ယုံအော်)

Celebrity
ဇာတ်လမ်းတွဲအသစ်နဲ့ ဖန်သားပြင်မှာ ပြန်လည်မြင်တွေ့ရမယ့် ထိုင်ဝမ်မင်းသမီးအေရီရယ်လင်း (ယုံအော်)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဇာတ်လမ်းတွဲအသစ်နဲ့ ဖန်သားပြင်မှာ ပြန်လည်မြင်တွေ့ရမယ့် ထိုင်ဝမ်မင်းသမီးအေရီရယ်လင်း (ယုံအော်) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲအသစ်နဲ့ ဖန်သားပြင်မှာ ပြန်လည်မြင်တွေ့ရမယ့် ထိုင်ဝမ်မင်းသမီးအေရီရယ်လင်း (ယုံအော်)

“မက်မွန်မြေက ချစ်တေးတစ်ပုဒ်”တရုတ်ဇာတ်လမ်းတွဲမှာ ယုံအော်အဖြစ် မြန်မာပရိသတ်တွေသိကြတဲ့ မင်းသမီး အေရီရယ်လင်းဟာ ဇာတ်လမ်းတွဲမရိုက်ဖြစ်တာကြာလှပါပြီ။အသက် ၄၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အေရီရယ်လင်းက သူ့ရဲ့ဇာတ်လမ်းတွဲတွေနဲ့ ချီးကျူးခံခဲ့ရပြီး “မကောင်းတဲ့သုံးသပ်ချက်တွေမရှိတဲ့ နတ်ဘုရားမ”အဖြစ် တင်စားခံထားရတဲ့မင်းသမီးပါ။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှာ သူ့ကျန်းမာရေးထိခိုက်လာတာကြောင့် ဇာတ်လမ်းတွဲတွေ သိပ်မရိုက်ဖြစ်ခဲ့ပါဘူး။

သူ ဇာတ်ကားတွေ ရိုက်ဖြစ်ခဲ့တဲ့အချိန်တုန်းက တစ်နေ့ကို ၁၂ နာရီ-၁၈ နာရီလောက် ရိုက်ရပြီး အလုပ်ပြီးရင်လည်း အနားယူဖို့ အချိန်မရှိခဲ့ဘူးလို့ အေရီရယ်က ဖွင့်ဟခဲ့ဖူးပါတယ်။ ၂၀၀၉ ခုနှစ်ကလည်း သူ့ဦးနှောက်က အကျိတ်ကို ဖယ်ရှားဖို့ ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ အဲဒီကတည်းက ဇာတ်လမ်းတွဲတွေထက် ဇာတ်ကားတွေမှာပဲ ပါဝင်ဖြစ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာတော့ ဇာတ်လမ်းတွဲ ၂ ကားမှာ ပါဝင်ဖြစ်ခဲ့ပါတယ်။

အခုဆို ဇာတ်လမ်းတွဲအသစ် “We Are Not Kind-Hearted” နဲ့ ပရိသတ်ရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာတော့မှာပါ။ ဒီဇာတ်လမ်းတွဲကိုအေရီရယ်ပါဝင်ခဲ့ဖူးတဲ့ In Time With You ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကပဲ ရိုက်ကူးသွားမှာပါ။ သူ့ရဲ့It Started With A Kiss ဇာတ်လမ်းတွဲထဲက တွဲဖက်သရုပ်ဆောင် တဖနီ အန်ဆုလည်း အတူပါဝင်မှာပါ။ ​​​အေရီရယ်နဲ့တဖနီတို့က အချစ်ပြိုင်ဘက်တွေအဖြစ် ပြန်လည်တွေဆုံကြမှာပါ။ အခုတစ်ခေါက်မှာ အေရီရယ်က တဖနီရဲ့relationship မှာ တတိယလူအဖြစ် ကြားဝင်​​နှောင့်ယှက်ရမှာပါ။ မင်းသားမိုက်ဟီနဲ့ မင်းသားခိုင်ခိုတို့ကလည်း အဓိကပါဝင်မှာပါ။

၂၀၁၈ ခုနှစ်တုန်းက အေရီရယ်ဟာ အနုပညာကြေးအမြင့်ဆုံးထိုင်ဝမ်မင်းသမီးဖြစ်ခဲ့တာပါ။ သူ ရိုက်ကူးခဲ့တဲ့ မိနစ် ၉၀ စာ ဇာတ်လမ်းတွဲအပိုင်းတစ်ပိုင်းအတွက် စင်ကာပူဒေါ်လာ ၇၇၇၀၀ ရခဲ့တာပါ။ ဒီဇာတ်လမ်းတွဲသစ်အတွက် အေရီရယ်တောင်းထားတဲ့ အနုပညာကြေးက ဘယ်လောက်လဲဆိုတာမသိရပေမဲ့ ရိုက်ကူးရေးကုန်ကျစရိတ်က အရမ်းများတယ်လို့ သိရပါတယ်။

ရိုက်ကူးရေးအဖွဲ့က အေရီရယ် အလုပ်မပိစေဖို့အတွက် စည်းမျဥ်းတွေချမှတ်ထားပါတယ်။ ရိုက်ကွင်းမှာ အေရီရယ်အတွက် ၄ နာရီတိုင်း မိနစ် ၃၀ အနားယူရပါတယ်။ ဒါ့အပြင် အေရီရယ်က တစ်နေ့ကို အများဆုံး ၁၂ ဇာတ်လမ်းတွဲရိုက်ကူးရမှာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။