အစာအိမ်နာရောဂါကို သက်သာပျောက်ကင်းစေတဲ့ လက်တွေ့ ဆေးနည်း

Health
အစာအိမ်နာရောဂါကို သက်သာပျောက်ကင်းစေတဲ့ လက်တွေ့ ဆေးနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အစာအိမ်နာရောဂါကို သက်သာပျောက်ကင်းစေတဲ့ လက်တွေ့ ဆေးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အစာအိမ်နာရောဂါကို သက်သာပျောက်ကင်းစေတဲ့ လက်တွေ့ ဆေးနည်း

ပြုလုပ်ပုံ

အာလူး( ၁၅ )ကျပ်သားကို အခွံမခွါပဲ ရေစင်အောင်ဆေးပြီးနုတ်နုတ်စင်းပါ၊ ပြီးရင် ရေနည်းနည်းနဲ့ ဆန်ပြုတ်ပြုတ်သလိုပြုတ်ပါ၊အားလုံးပြီးရင် ပျားရည်တဇွန်းထည့်ပြီးသောက်လိုက်ပါ ။ ( ၁၅ ) ရက်လောက်ပုံမှန် သောက်ပေးပါ အစာအိမ်ရောဂါလုံးဝပျောက်သွားမှာပါ ။ရောဂါပျောက်သွားလို့ အာလူးဆန်ပြုတ်ကြိုက်ရင် ဆက်ပြီးသောက်လို့ရပါတယ် ။

နောက်တနည်း

အစာအိမ်ရောဂါအတွက် ဆေးအမျိုးမျိုးသုံးပြီး မသက်သာလို့ စိတ်ညစ်နေသူများ အောက်ပါ သဘာဝဆေးနည်းလေးကို သုံးကြည့်နိုင်ပါတယ်။လက်တွေ့ပျောက်တဲ့ဆေးနည်းလေးမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ပါဝင်သော ပစ္စည်းများ

၁။ အာလူးစိမ်း။ ၂။ ဂျင်း။ ၃။ ပျားရည်။

ပြုလုပ်နည်း

၁။ အာလူး ၁၅ ကျပ်သား (၃ လုံး၊ ၄ လုံးခန့်) ကို ရေစင်အောင်ဆေးပြီး အခွံမခွါပဲ နုတ်နုတ်စင်းလိုက်ပါ။၂။ ရေအနည်းငယ်ဖြင့် ဆန်ပြုတ် ပြုတ်သကဲ့သို့ ပြုတ်ပေးပါ။၃။ ဂျင်းအနည်းငယ်ကို ထည့်ပေးပါ။(ရင်ပြည့်ရင်ကယ်မဖြစ်စေရန်)၄။ ၎င်းအာလူးစိမ်းပြုတ်ရည်ကိုပျားရည်စစ်စစ်တစ်ဇွန်းခန့်ထည့်ပြီး သောက်ပါ။၂ ပတ်ကို တစ်ကြိမ်ခန့် သောက်ပေးပါက အစာအိမ်ရောဂါ ပျောက်ကင်းသွားပါလိမ့်မယ်။

သတိပြုရန်

၁။ အစိမ်းရောင်ဖြစ်နေသော အာလူးများကို လုံးဝမသုံးရပါ။ အစိမ်းရောင်ဖြစ်နေသော နေရာများကို ကွင်းပြီး ထုတ်ပစ်ရမည်။၂။ အာလူးမှာ ကစီဓါတ်များစွာပါဝင်နေသည့်အတွက်ဆီးချို၊သွေးချိုသမားများအတွက်သောက်ရန် မသင့်ပါ။အစာအိမ်သမားများ ရောဂါသက်သာပျောက်ကင်းပြီးကျန်းမာပျော်ရွင်သောဘဝကိုပိုင်ဆိုင်ပါကြစေ

ရေးသားသူ – shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။