“အာရုံကြောအားနည်းခြင်း၊ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ခြေလက်လေးလံခြင်းနှင့်ညအိပ်မပျော်ခြင်း

Health
“အာရုံကြောအားနည်းခြင်း၊ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ခြေလက်လေးလံခြင်းနှင့်ညအိပ်မပျော်ခြင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “အာရုံကြောအားနည်းခြင်း၊ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ခြေလက်လေးလံခြင်းနှင့်ညအိပ်မပျော်ခြင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“အာရုံကြောအားနည်းခြင်း၊ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ခြေလက်လေးလံခြင်းနှင့်ညအိပ်မပျော်ခြင်း

ညအိပ်မပျော်တာ ကြာရှည်လာခဲ့လျင်အစားအသောက်စားရာတွင်လည်းခံတွင်းမလိုက်တော့ပါဘူး။အိပ်မပျော်စားမဝင်တော့ဘူးဆိုလျင် အာရုံကြောအားနည်းလာတတ်ပါတယ်။နှလုံးအားပါ နည်းလာတတ်ပါတယ်။

သွေးပေါင်ချိန်လည်း မမှန်တတ်ပါဘူး။ဦးခေါင်းပိုင်းချွေးထွက်လွန်ခြင်း၊ခြေဖျားလက်ဖျားအေးခြင်း၊မျက်စိဝေခြင်း၊နားလေထွက်ခြင်းစတာတွေနဲ့ အဆုတ် ၊ကျောက်ကပ်စွမ်းဆောင်ရည်ကျဆင်းပြီးအစာမကြေခြင်း၊ဝမ်းချုပ်စမြင်းခံခြင်းစတာတွေနဲ့ ပါတ်လည်ရိုက်နေတတ်ပါတယ်။ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်လုပ်ရုံမျှနဲ့မောပန်းလွယ်ခြင်း၊စိတ်မရှည်ခြင်းစတာတွေဖြစ်လေ့ရှိပါတယ်။

အထက်ပါအာရုံကြောရောဂါအတွက်ရိုးရှင်းလွယ်ကူတဲ့ဆေးနည်းပေးပါမယ်

1 သံပုရာသီးအလုံးကြီးတစ်လုံး။

2 ကြက်ဥအစိမ်းတစ်လုံး(မည်သည့်ကြက်ဥမဆိုရပါသည်)။

3 ပျားရည်စစ်စစ်ဟင်းစားဇွန်းတစ်ဇွန်း(သဘာဝပျားရည်မရလွယ်ပါကမွေးမြူရေးပျားရည်ကိုသုံးစွဲပါ)။

4 ဖီးကြမ်းငှက်ပျောသီးအမှည့်တစ်လုံး။

5 ရေနွေးကြမ်းအဖြူထည်ပူပူအကြမ်းပန်းကန်တစ်ဝက်စသည်တို့လိုအပ်ပါမည်။

– ရှေးဦးစွာ သင့်တော်မည့်အရွယ် ပန်းကန်လုံးတစ်လုံးထဲ သံပုရာသီးတစ်လုံးကို ထက်ခြမ်းခွဲ၍နှစ်ခြမ်းလုံးအရည်ညှစ်ထည့်ပြီး အစေ့များကိုဖယ်ရှားပစ်ပါ။

– ထို့နောက် ပျားရည်ကို ဟင်းစားဇွန်းတစ်ဇွန်းစာထည့်ပါ။

– ပြီးပါက ကြက်ဥအစိမ်းတစ်လုံးဖေါက်ထည့်ပါ။

– တဖန် ရေနွေးအဖြူပူပူအကြမ်းပန်းကန်တစ်ဝက်စာကိုထပ်မံလောင်းထည့်ပြီးသမအောင်မွှေပေးပါ။

– ဖီးကြမ်းငှက်ပျောသီးအမှည့်တစ်လုံးကို ညက် နေအောင် ပြုလုပ်ပြီး ထပ်မံထည့်ပါ။

– ထိုသို့ ပြုလုပ်ပြီးပါက အသင့်သောက်သုံး၍ရပါပြီ။

အထက်ပါအာရုံကြောအားဆေးကိုသောက်သုံးရမည့်အခြေအနေနှင့်အချိန်အခါများ

1= အားအင်ကုန်ခမ်းမောပန်းနေသည့်အခါ။

2=ညအိပ်ရေးပျက်သည့်အခါ။

3=ခြေလက်လေးလံထိုင်းမှိုင်းနေသည့်အခါ။

4=စိတ်ရွှင်လန်းမှုမရှိသည့်အခါ။

5=မလုပ်ချင်မကိုင်ချင်ဖြစ်နေသည့်အခါမျိုးတွင်သောက်သုံးပြီးအနည်းဆုံးဆယ့်ငါးမိနစ်ခန့်ငြိမ်သက်စွာအိပ်စက်အနားယူပေးပါကအားအင်ပြည့်ဖြိုးပြီးပြန်လည်လန်းဆန်းလာစေပါမည်။

အထက်အားဆေး၏ထူးခြားချက်မှာအကြောအားဆေးသွင်းသကဲ့သို့ အားအမြန်ပြည့်စေပြီးအာရုံကြောအား ၊ အကြောအား ကောင်းမွန်စေပါသည်။ဤဆေးကို နံနက်စောစော မည်သည့်အစာမျှမစားမှီ နှင့် ညအိပ်ရာဝင်ခါနီး တစ်ကြိမ် သောက်သုံးပေးပါကပို၍အဆင်ပြေပါသည်။

အကယ်၍ မိမိအဆင်ပြေရာအချိန်တစ်ချိန်တွင် သောက်သုံးပေးမည်ဆိုလျင်လည်းရပါသည်။အနည်းလေး တစ်ရက်တစ်ကြိမ် နေ့စဥ် မှီဝဲပေးပါက ပေါ့ပါးသွက်လက်ကျန်းမာစေပါမည်။။

မှတ်ချက်။ ညအိပ်ချိန်ဖုန်းမကြည့်ရပါ။နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါသည်။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။