ထိခိုက်ရှနာ၊ အနာစိမ်း၊သွေးစုနာ၊အဖုအကျိတ်တွေကို သက်သာပျောက်ကင်းစေတဲ့ ဆေးနည်း

Health
ထိခိုက်ရှနာ၊ အနာစိမ်း၊သွေးစုနာ၊အဖုအကျိတ်တွေကို သက်သာပျောက်ကင်းစေတဲ့ ဆေးနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထိခိုက်ရှနာ၊ အနာစိမ်း၊သွေးစုနာ၊အဖုအကျိတ်တွေကို သက်သာပျောက်ကင်းစေတဲ့ ဆေးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထိခိုက်ရှနာ၊ အနာစိမ်း၊သွေးစုနာ၊အဖုအကျိတ်တွေကို သက်သာပျောက်ကင်းစေတဲ့ ဆေးနည်း

အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်အနာတရများ၊ အနာစိမ်းများ၊ သွေးစုနာ၊ အဖုအကျိတ်ပါမကျန် စိတ်ချစွာ အသုံးပြုကြည့်ပါ။ အမှန်ပင် ပျောက်ကင်းစေခြင်းသည်က လက်တွေ့အံ့သြဖွယ် ဖြစ်ရသော ဆေးနည်း ဖြစ်ပါသည်။

(၁)ကြက်ဆူရိုးနီရွက် (၂)ဇာမဏီပင် (သို့) ဗီစပ် (သို့) သံလျက်ကြီး စသည်ဖြင့် ဒေသအလိုက် အမျိုးမျိုးခေါ်ကြသော ဆေးရွက်။ အနာကို အသေအချာ သန့်စင်အောင်ဆေးပြီး ဇာမဏီရွက် လက်တစ်ဆုပ်ကို ရေစင်အောင်ဆေးကာ ထုချေပြီး အနာပေါ်တွင်အုံလိုက်ပါ။

ထိုနောက် ကြက်ဆူရိုးနီရွက် (၅)ရွက်ကို အနာအုပ်မိစေရန် အနေတော်ပြုလုပ်ပြီး ဇာမဏီရွက် အုံဆေးပေါ်အုပ်မည့် ပထမဆုံး ကြက်ဆူရိုးနီရွက်ကို ဆီအနည်းသုတ်ပြီး မီးလေးပြပါ။

အနည်းငယ်ညှိုးသွားပါက အနာပေါ်တွင် ကြက်ဆူရိုးနီး(၅)ရွက်ကို ထပ်စည်းအုံကာ အဝတ်ပတ်ထားပါ။

(၂)ရက်(၃)ရက်ကြာပါလျှင် အနာအသားနုတတ်ပြီး အမြန်ပျောက်ကင်းပါတော့သည်။ထိုနည်းအတိုင်း အဖုအကျိတ်များကိုလည်း ကြက်ဆူရိုးနီအရွက်ကို အုံစည်းပေးပါက အံ့ဖွယ်သက်သာ ပျောက်ကင်းပါ သည်။

ကလေး-မော်လိုက် ကားလမ်းဖေါက်စဉ်က ထိခိုက်ဒဏ်ရာရသော လမ်းအလုပ်သမားများ၏ ထိခိုက်ဒဏ်ရာ၊ အနာတရများကို ကုသပေးခဲ့ရာ မပျောက်မရှိ ပျောက်ကင်းခဲ့ခြင်းမျိုးသာ ကြုံရပါသည်။ ကလေးမြို့မှ ဆေးဆရာကြီး ပေးသော ဆေးနည်းဖြစ်ပါသည်။ လိုသူတို့သုံး စိတ်နှလုံးချမ်းမြေ့ပါစေ။

ရေးသားသူ – shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။